တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲမှားမှုကို သုတ်သင်ဖယ်ရှင်းခြင်းအားဖြင့် ကျွန်မသည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည် ဂျင်ရီ အမေရိကန်နိုင်ငံ အစည်းအဝေးတစ်ခုတွင် သခင်ပြန်ကြွလာမည့် သတင်းကောင်းကို ကြားသိရခြင်း ၂၀၁၆ ခုနှစ်တွင် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို သီတင်းပတ်တိုင်း တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီမအသစ်တစ်ယောက်သည် ကျွန်မတို့ အစည်းအဝေး များကို စတင်လာရောက်ခဲ့သည်။ သူမနှင့် အစည်းအဝေးအချို့ ပြုလုပ်ပြီး နောက်ပိုင်းတွင်၊ သူမစကားများသည် မတူညီသော ကျမ်းချက်များစွာ နှင့်ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူ စေနိုင် ကြောင်းကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ လူတိုင်းသည် သူမအားဖြင့် ကောင်းမွန်သော ထောက်ပံ့မှုကို ရရှိသည်ဟု ခံစားရပြီး၊ ကျွန်မသည် သူမအား အလွန် အထင်ကြီးအားကျခဲ့သည်။ကျွန်မက “သူက အရမ်းငယ်တာပဲ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ မလိုက်အောင်ကို သမ္မာကျမ်းစာအကြောင်း မိတ်သဟာယပြုတဲ့အခါမှာ ငါတို့သင်းအုပ် ဆရာထက် သာနေတယ်။ သူက သမ္မာကျမ်းစာကို ဒါမျိုး ဘယ်လိုလုပ် ပြီးဖတ်နိုင်တာလဲ” ဟု တွေးမိသည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “ညီမ သမ္မာကျမ်းစာကို နားလည်တာက အားကျဖို့ကောင်းတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး နားလည်နေရ တာလဲ ”နှစ်ကိုယ်ကြားမေးခဲ့သည်။ သူမက ပိုမိုရှင်းလင်းစွာနှင့် နားလည်သဘောပေါက် နိုင်အောင် ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုသည့် နောက်ထပ် အစည်းအဝေးတစ်ခု ကိုလည်း တက်ရောက်ခဲ့ကြောင်းပြောပြီး၊ ကျွန်မကိုလည်း လာရောက် နားထောင်ရန် ဖိတ်ခေါ်လေသည်။ ထိုဖိတ်ခေါ်မှုကို ကျွန်မက ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။ နောက်တနင်္ဂနွေတွင် သူမပြောသည့် အစည်းအဝေးဆီသို့ ကျွန်မကို ခေါ်ဆောင်သွားခဲ့ပြီး၊ ထိုနေရာမှ ညီအစ်ကိုမောင်နှမများသည် ကျွန်မကို နွေးထွေးစွာ ကြိုဆိုကြပါသည်။ ထိုင်ပြီးနောက်တွင်၊ သူတို့က သခင်ယေရှုသည် လူ့ဇာတိကို ခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင် အဖြစ်နှင့် ပြန်ကြွလာပြီ ဖြစ်ကြောင်း၊ သမ္မာတရားများစွာကို ဖော်ပြရန် နှင့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများကို ပြည့်စုံစေသည့် လူသားမျိုးနွယ်ကို တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်များကို ပြုရန် အမှုနှစ်ခုလုံးကို လုပ်ဆောင်ဖို့အတွက် ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ “ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) “ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ညီမတစ်ယောက်ကလည်း ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်အကြောင်း၊ ဘုရားသခင်၏ အသံတော်ကို မည်သို့ခွဲခြားသိမြင်ရန်၊ လူသားမျိုးနွယ်၏ပန်းတိုင် ဆိုင်ရာ နက်နဲမှု နှင့် သမ္မာတရား၏ အခြားသော ရှုထောင့်များ များစွာတို့ကို ကျွန်မနှင့် မိတ်သဟာယပြုခဲ့ပါသည်။ သူမ၏ မိတ်သဟာယပြုခြင်းသည် အလွန်အသေးစိတ်ကျပြီး၊ ကျွန်မသည် အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ခဲ့သည့်အပြင် ဘုရားသခင် ကို ယုံကြည်ခြင်း၌ နက်နဲမှုများစွာ အမှန်တကယ်ပင် ပါဝင်နေသည်ကို သိခဲ့ရသောကြောင့် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် ကျွန်မ ညီမက ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ် တစ်အုပ်ကို အိမ်ယူသွားပြီး ဖတ်ရှုရန် ပေးခဲ့ပါသည်။
တရားစီရင်မှုအပေါ် အထင်လွဲခြင်းများ ဖြစ်ပေါ်လာခြင်း အိမ်သို့ပြန်ရောက်ပြီးနောက် ကျွန်မ အားလပ်ချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပြီး၊ ဖတ်ရှုပြီး နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် ကောင်းမြတ်သည်ဟု ကျွန်မ ခံစားရသည့်အပြင်၊ ၎င်းတို့အား ကျွန်မ အင်မတန် ပျော်မွေ့ခဲ့ပါသည်။ တစ်နေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဖတ်ရှုရသည်မှာ “ နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏ နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူ၊ အဆုံးတိုင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင် ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူခဲ့၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ ခေတ်သို့ ရောက်လာသည့်တိုင် ဘုရားသခင် ပြုမည့်အမှုသည် လူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူ၏ အသက်တာထဲသို့ ဝင်ရောက်၍ စုံစမ်းမှုပြုရန် မဟုတ်ပေ။ သို့သော် သူ၏ ပုန်ကန်မှုကို တရားစီရင်ရန် ဖြစ်ရာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းအား သန့်စင်ပေးလိမ့်မည်။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူတိုင်းသည် ဘုရားသခင်၏ သန့်စင်ပေးမှုကို ခံရာဝတ္ထုများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင် တရားစီရင်ခြင်း ခံရာဝတ္ထုများဖြစ်၏။” ဟု ဖြစ်ပါသည်။ သခင်ယေရှုသည် နောက်ဆုံးသောကာလ၌ အကောင်းနှင့် အဆိုးခွဲခြား စစ်ထုတ်သည့် ဆန်ကာတင် အမှုတော်ကို ပြုရန်၊ လူမျိုးအားလုံးကို သူတို့အမျိုးများအလိုက် သီးသန့်ခွဲထုတ်ရန်၊ လူ့ဇာတိကိုခံယူကာ ပြန်ကြွလာခဲ့ပြီ၊ ဆိုလိုသည်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုတော်ကို လက်ခံသူတိုင်းသည် ကိုယ်တော်၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဟု ဖြစ်ကြောင်း ကျွန်မသည် မိမိဘာသာ တွေးမိပါသည်။ ကျွန်မသည် အခြားသူများကို မိမိစကားများဖြင့် လှည့်စားခြင်း ၊ အခြားသူများကို လိမ်ညာခြင်း နှင့် မစ္ဆရိယစိတ်ပွား ခြင်း၊ မိမိကို နာကျင်စေသည့်အခါတွင် အခြားသူများ ကို မုန်းနိုင်ခြင်း တို့ကို လုပ်နိုင်စွမ်းရှိသည့်အပြင် ကျွန်မသည် ကိုယ့်မိသားစုကို မကြာခဏ ဒေါသထွက်ခဲ့ကာ၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များကို စိတ်ဆိုးလေ့ရှိ သည့်အပြင် စသည့်များစွာ သော အခြားပြဿနာ များလည်း ရှိသေးကြောင်း တို့ကို မတွေးမိပဲ မနေနိုင်ခဲ့ပါ။ ယနေ့ သခင်သည် တရားစီရင်ခြင်းအမှုတော်ကို ပြုရန် ကြွတော်မူခဲ့ပြီး၊ ကျွန်မအတိတ်မှ အမူအကျင့်များအတွက်သာ တရား စီရင်ခြင်းခံရမည် ဆိုပါက၊ ကျွန်မသည် အပြစ်တင်ရှုတ်ချခြင်းကို ခံရမည် မဟုတ်ပါလား။ ကျွန်မ ဘုရားသခင်၏ နိုင်ငံတော်ကို မည်သို့များ ဝင်ရောက်နိုင်မည်နည်း။ ဤအကြောင်းကိုတွေးရင်းဖြင့် ကျွန်မသည် မိမိအတွက် အလွန်ပင် စိတ်ပူခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်နိုင်မည် မဟုတ်ဟု ခံစားရသောကြောင့် ကျွန်မသည် အလွန်ပင် အပျက်သဘောဆောင်လာ ခဲ့ပါသည်။ ကျွန်မသည် မိမိညီအစ်ကိုမောင်နှမများနှင့် ပွင့်လင်းစွာ မိတ်သဟာယ ပြုပြီး၊ ဖြေရှင်းချက်များကို ရှာဖွေလိုသော်လည်း၊ ကျွန်မ ညီအစ်ကို မောင်နှမများသည် ကျွန်မ၏ ဇာတိအမှန်ကို သိရှိပါက၊ ကျွန်မကို လှောင်ရယ်ခြင်း နှင့် အထင်အမြင်သေးခြင်းတို့ ပြုမည်ကို စိုးသော ကြောင့် ကျွန်မသည် ရုန်းထွက်လွတ်မြောက်ခြင်းကို ရွေးချယ် ကာ၊ အစည်းအဝေးများ တက်ရောက်ခြင်းကို ရပ်တန့်လိုက် ပါသည်။ အမှန်ကို သတိမပြုမိသည့် ကျွန်မညီအစ်ကိုမောင်နှမများသည် ကျွန်မကို အစည်းအဝေးများသို့ မကြာခဏ ဖိတ်ခေါ်ခဲ့သော်လည်း ကျွန်မကမူ အလုပ်ရှုပ်နေသည်ဟု အမြဲတမ်းပြောခြင်းဖြစ်စေ၊ အခြားဆင်ခြေများကို အမြဲတမ်း ပေးခြင်းဖြစ်စေ ပြုခဲ့ပါသည်။ အချိန်အတန်ကြာပြီးနောက် ကျွန်မ ညီအစ်ကိုမောင်နှမများက ကျွန်မအားမည့်အချိန်ကို မေးကာ၊ ကျွန်မ၏ အချိန်ဇယားအတိုင်း သူတို့က အစည်းအဝေးကို စီစဉ်နိုင်ကြောင်း စာတိုပို့ကာ ပြောလာ ကြသည်။ကျွန်မ ညီအစ်ကိုမောင်နှမများ၏ စိုးရိမ်မှုကို ရင်ဆိုင်ရင်းဖြင့် ကျွန်မ၏ ပိတ်နေသည့်နှလုံးသားသည် တို့ထိခြင်း ခံရကာ၊ ကျွန်မက “ ငါလည်း သူတို့ကို နည်းမျိုးစုံနဲ့ ငြင်းဖို့ကြိုးစား ခဲ့ပြီး တမင် သက်သက်တောင် စာတွေမပြန်ပဲနေခဲ့ပြီးပြီ၊ ဒါပေမဲ့လည်း သူတို့က ဒါကို ရေးကြီးခွင်ကျယ် မလုပ်နေပဲနဲ့ ငါ့ကို ဆက်ပြီး သည်းခံ စိတ်ရှည်ကြတယ်၊ ပြီးတော့ အစည်းအဝေးတွေကို ငါမလာနိုင်တဲ့ ပြဿနာကိုလည်း ဖြေရှင်းဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို တွေးတောကြတယ်။ ငါအခက်အခဲတွေ ကြုံတွေ့နေရခြင်းရှိမရှိကို သူတို့က မကြာခဏမေးကြပြီး၊ သူတို့စကားတွေက ငါ့အတွက် စိုးရိမ်မှုနဲ့ ပံ့ပိုးမှုတွေကို ထုတ်ဖော်ပြခဲ့ကြတယ်။ ဒါက စစ်မှန်တဲ့မေတ္တာ မဟုတ်ဘူးလား” ဟု တွေးမိပါသည်။ ကျွန်မ ညီအစ်ကိုမောင်နှမများ၏ ရိုးသားသည့် ဖိတ်ခေါ်မှုက ကျွန်မကို ငြင်းဆန်ရန် အခက်တွေ့စေခဲ့ သောကြောင့် ကျွန်မသည် အစည်းအဝေးများကို တစ်ဖန် စတင်သွား ရောက်ခဲ့ ပြန်သည်။ ပထမအကြိမ်များတွင် ကျွန်မက “ငါက နေ့တိုင်း အပြစ်ကျူးလွန်လိုက်၊ ဝန်ခံလိုက် အခြေအနေနဲ့ အသက်ရှင်နေထိုင် နေပြီး ဘုရားသခင်က ငါ့ကို တရားစီရင်တာနဲ့ ငါက ပြစ်တင်ရှုတ်ချခံ ရဦးမှာပဲ၊ ဒါ့ကြောင့် အစည်းအဝေးတွေမှာ နားထောင်တာဟာ အဓိပ္ပါယ် မရှိပါဘူး” ဟု တွေးမိသောကြောင့် မိမိကိုယ်ကို တည်ငြိမ်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်မသည် ထိုအတွေးကို ကျွန်မ၏ ညီအစ်ကိုမောင်နှမများအား မည်သည့်အခါမျှ ပြောပြခြင်း မရှိခဲ့ပါ။ ထိုသို့ပြောမည့်အစား ကျွန်မသည် မိမိဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ကာ၊ အစည်းအဝေးများကို မည်မည်ရရ ဦးတည်ချက်မရှိ အဓိပ္ပါယ်မဲ့စွာ တက်ရောက်ခဲ့ပါသည်။ တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲခြင်းများကို သုတ်သင် ဖယ်ရှင်းခြင်း ဤသို့ ဆက်ဖြစ်နေခဲ့သည်မှာ တစ်နေ့တွင် ကျွန်မ ညီမတစ်ယောက်က တရားစီရင်မှုနှင့် ပတ်သက်သည့် သမ္မာတရားဆိုင်ရာ ရှုထောင့်အပေါ် မိတ်သဟာယပြုခဲ့ပြီး၊ ၎င်းနှင့်ပတ်သက်သည့် ကျွန်မ၏ အယူအဆများ ကိုလည်း နောက်ဆုံးတွင် သုတ်သင်ဖယ်ရှင်းခြင်းကို ခံခဲ့ရပါသည်။ ညီမရမ်က “ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော် ထဲကို ခေါ်ဆောင် ရအောင် လူတွေကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ပြုဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရား ကို ဖော်ပြပါတယ်။ ဒါပေမဲ့ လူတစ်ချို့က ဘုရားသခင်ရဲ့ အမှုတော်ကို နားမလည်ကြလောက်သေးတဲ့အပြင်၊ ဘုရားသခင်က လူတွေကို ပြစ်တင်ရှုတ်ချဖို့အတွက် တရားစီရင်ပြီး၊ ပြစ်တင်ဆုံးမတယ်လို့ ယုံကြည်တာကြောင့် သူတို့က နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုတော်ကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ ကိုယ်တော်က နောက်ဆုံးသောကာလမှ တရားစီရင်ခြင်းအမှုကို ပြုဖို့ လူ့ဇာတိခံယူပြီး ပြန်ကြွလာတာဟာ ဒါက လူသားအတွက် ဘုရားသခင်ဆီက ကယ်တင်ခြင်းလား ဒါမှမဟုတ် ဘုရားသခင်ရဲ့ စီရင်ခြင်းလား။ လူတော်တော်များများက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ ဘူး။ ဒါ့ကြောင့် ဒီအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဘယ်လိုမိန့်တော်မူခဲ့တယ်ဆိုတာကို တစ်ချက်ကြည့် ကြရအောင်” ဟု မိတ်သဟာယပြုခဲ့သည်။ ညီမရမ်ကို နားထောင်အပြီးတွင် ကျွန်မသည် ရုတ်တရက် စိတ်သက်သာသည်ဟု ခံစားရကာ၊ ကျွန်မက “ဒီနေ့ မိတ်သဟာယပြုခြင်းရဲ့ ခေါင်းစဉ်က ငါလိုအပ်နေတဲ့ အရာ အတိအကျ ပဲ။ ငါလည်း ညီမရမ်ပြောတဲ့ လူတွေအများကြီးထဲက တစ်ယောက်ပါပဲ၊ ငါဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်က လူတွေကို စီရင်ဖို့လား၊ဒါမှမဟုတ် ကယ်တင်ဖို့လား ဆိုတာကို မသိဘူး” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မ ပိုမိုလေးနက်စွာ နားထောင်ခဲ့ပါသည်။ နောက်ညီမတစ်ယောက်က ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ ကျမ်းချက်တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်။ “ သူလုပ်သမျှသည် သင်တို့အတွက် စစ်မှန်သောမေတ္တာကို ဖော်ကျူးသည်။ သူ၌ မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သင်တို့၏ အပြစ်များကြောင့် သူက သင်တို့ကို စီရင်ခြင်းဖြစ်သည်။ ထိုသို့ စီရင်ခြင်းကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကို စစ်ဆေးမည်ဖြစ်သည်၊ ထူးကဲလှသော ဤကယ်တင်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လူ၌ အလုပ်လုပ်ဖို့အတွက် ဖြစ်သည်။ အစမှ အဆုံးတိုင် ဘုရားသခင်သည် လူကို ကယ်တင်ဖို့အတွက် သူ၏ အကောင်းဆုံးကို လုပ်ဆောင်လျက်ရှိသည်။ သူ့လက်ဖြင့် ဖန်ဆင်းခဲ့သော လူများကို လုံးလုံးလျားလျား ဖျက်ဆီးလိုစိတ် မရှိသည်မှာ သေချာပါသည်။ ယခု သူသည် အလုပ်လုပ်ရန်အတွက် သင်တို့အကြားသို့ ရောက်လာပြီး ဖြစ်သည်။ ယင်းသည် သာ၍ကောင်းသော ကယ်တင်ခြင်း မဟုတ်လော။ သူက သင်တို့ကို မုန်းခဲ့လျှင် သူကိုယ်တိုင် သင်တို့ကို ဦးဆောင်လမ်းပြရန် အတွက် ထိုမျှပမာဏရှိသော အလုပ်ကို ဆက်လုပ်မည်လော။ အဘယ်ကြောင့် သူအလွန်အမင်း ဒုက္ခခံသင့်သနည်း။ ဘုရားသခင်က သင်တို့ကို မမုန်းသကဲ့သို့ သင်တို့အတွက် မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ လူတို့၏ မနာခံမှုကြောင့်သာ သူသည် လူတို့ကို တရားစီရင်မှုအားဖြင့် ကယ်တင်ရခြင်း ဖြစ်သည်။ ထိုသို့မပြုလျှင် သူတို့သည် ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။” “ ယနေ့ဘုရားသခင် သင့်အား စီရင်၊ ဆုံးမ၍ အပြစ်ဒဏ်ပေးသည်။ သင့်အား ပြစ်တင်ရှုတ်ချသည်။ သို့သော် သင့်အပေါ် ပြစ်တင်ရှုတ်ချမှုကို သင်နားလည်ပြီး သင့်ကိုယ်သင် သိလာကောင်း သိလာနိုင်သည်။ ဝေဖန်ရှုတ်ချခြင်း၊ ကျိန်ဆိုခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း – ဤအရာအားလုံးတို့ကြောင့် သင်သည် မိမိကိုယ်ကိုယ် သိလာနိုင်မည်။ ထို့ကြောင့် သင့်ဇာတိစိတ်ပြောင်းလဲကောင်း ပြောင်းလဲလာမည်။ ထို့အပြင် သင့်တန်ဖိုးကို သင်သိလာမည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများအားလုံးသည် မှန်ကန်ကြောင်း သိမြင်လာမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်တော်နှင့် ဘုရားသခင့်အလုပ်၏ လိုအပ်ချက်အတိုင်း ဖြစ်ကြောင်း၊ ဘုရားသခင်၏ အစီအစဉ်အတိုင်း လူသားတို့ ကယ်တင်ခြင်းရရန် ဘုရားသခင် လုပ်ဆောင်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ကို ချစ်သော၊ ကယ်တင်သော၊ မှန်ကန်သော ဘုရားသခင်ဖြစ်ကြောင်း၊ လူသားတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသောသူ ဖြစ်ကြောင်း သင်သိကောင်းသိလာနိုင်မည်ဖြစ်သည်။ … ဘုရားသခင်သည် သတ်ရန် သို့မဟုတ် ဖျက်ဆီးရန်အလို့ငှာ လာသည်မဟုတ်။ သို့သော် တရားစီရင်ရန်၊ ကျိန်ဆဲရန်၊ ဆုံးမရန်နှင့် ကယ်တင်ရန်အတွက် ကြွလာပါသည်။” ညီမရမ်က “ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ ရှင်းရှင်းလင်းလင်းသိရတာကတော့၊ နောက်ဆုံးသောကာလ က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ဆိုင်ရာ ရည်ရွယ်ချက်က ကျွန်မတို့ရဲ့ အပြစ်တွေအတွက် ပြစ်တင်ရှုတ်ချဖို့ မဟုတ်ပါဘူး၊ ကျွန်မတို့ကို အပြစ်ဒဏ်ခတ်ဖို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေကို နိုးထစေဖို့၊ ကျွန်မတို့တွေဟာ စာတန်အားဖြင့် ဘယ်လောက် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေပြီ ဆိုတဲ့ သမ္မာတရား ကို သိစေဖို့ပါ၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်၊ သန့်ရှင်းတယ် ၊ ဘယ်လိုထိခိုက်မှုကိုမှ အောင့်အည်း သည်းခံမှာ မဟုတ်ဘူး ဆိုတာ တွေကို ကျွန်မတို့ကို ပြောဖို့၊ ကျွန်မတို့ အနေနဲ့ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်နိုင်ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရအောင်လို့ ကျွန်မတို့ရဲ့ ဖောက်ပြန် ပျက်စီးတဲ့ အခြေအနေကနေ ရုန်းထွက် လွတ်မြောက်နိုင်ဖို့ ကူညီခြင်းနဲ့ ကယ်တင်မှာဖြစ်တယ်။ ဒီနေ့ခေတ်မှာ လူသားမျိုးနွယ်ရဲ့ အသက်တာ တွေအားလုံးက စာတန်ရဲ့ တန်ခိုးအောက်မှာ ရှိပြီးတော့ အရင့် အရင်တွေထက် ပိုဆိုးညစ်ပြီး၊ ဖောက်ပြန်ပျက်စီးလာခဲ့တယ်။ သူတို့တွေ က တစ်နေ့လုံး အစားအသောက်နဲ့ စည်းစိမ်တွေကို ရှာဖွေလိုက်စားပြီး၊ ဝန်ချတောင်းပန်ခြင်းမရှိပဲ အပြစ်ထဲမှာ အသက်ရှင် နေထိုင်ကြ တဲ့အပြင်၊ အပြစ်ရဲ့ သာယာမှုကိုလည်း ပျော်မွေ့ကြတယ်။ ဘာသာရေး လောကကသူတွေတောင်မှ ဆိုးညစ်တဲ့လောကဆိုင်ရာ ခေတ်စားမှု တွေအတိုင်း လိုက်နာကျင့်သုံးနေကြပြီးတော့ သူတို့တွေ အသက်ရှင် နေထိုင်တဲ့ ပုံစံက တစ်ပါးသောအမျိုးသားတွေထက် မကွာခြားပါဘူး။ ဒီနေ့ခေတ်မှာ ဘယ်သူကမှ သမ္မာတရားကို တောင့်တခြင်းမရှိသလို၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို စောင့်မျှော်ခြင်းလည်း မရှိပါဘူး။ ဘုရားသခင်က ပေါ်ထွန်းလာခဲ့ပြီး၊ နောက်ဆုံးသောကာလက အမှုတော်ကို စတင်ပြီးနောက် ကိုယ်တော်ဖော်ပြခဲ့တဲ့ သမ္မာတရားကို အင်တာနက်ပေါ်တွင် ထုတ်ဝေခဲ့ပေမယ့် လူဘယ်နှစ်ယောက်ကရော တက်တက်ကြွကြွနဲ့ ရှာဖွေ၊ စုံစမ်းစစ်ဆေးနေသလဲ။ လူတွေက စိတ်မဝင်စားပဲနှင့် အဲဒါကို လျစ်လျူရှုထားလိုက်ပြီး၊ ဘုရားသခင် ပြန်ကြွလာခြင်းကိုတောင် ပြစ်တင်ရှုတ်ချတဲ့အပြင် ခုခံကြတယ်။ ကျွန်မတို့တွေဟာ စာတန်အားဖြင့် အစွမ်းကုန် ဖောက်ပြန်ပျက်စီးခြင်း ခံရတာက သိသာထင်ရှားလိုက်တာဆိုရင် ကျွန်မတို့ နှလုံးသားတွေမှာ သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိတဲ့အပြင် ကျွန်မတို့ဟာ ဆိုးညစ်မှု ကိုသာ နှစ်သက်ပြီး၊ ဘုရားသခင်ကိုတောင်မှ ခုခံနိုင်ကြတယ်။ ဘုရားသခင်ကသာ နောက်ဆုံးသောကာလက တရားစီရင်ခြင်း အမှုတော်ကို ပြုခြင်း သို့မဟုတ် သမ္မာတရားကို ဖော်ပြခြင်း မရှိဘူး ဆိုရင်၊ ကျွန်မတို့တွေက ကိုယ့်ကိုကိုယ် ဘယ်တော့မှ ပြန်လှန်သုံးသပ်ပြီး သိလာမှာ မဟုတ်ဘူး၊ သခင်က သနားကရုဏာနဲ့ ပြည့်စုံပြီး၊ ချစ်ခင်သော သခင်ဖြစ်တယ်၊ ကျွန်မတို့က အပြစ်ကိုဘယ်လောက်ပဲ ကျူးလွန်ပါစေ သခင်အားဖြင့် အပြစ်မှလွှတ်ခြင်းကို ခံရမှာပဲ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့အချိန်မှာ ကျွန်မတို့တွေက ကောင်းကင်နိုင်ငံတော် ကို ဝင်ရောက်ရမှာပဲ လို့ တွေးနေဦးမှာပဲ အမှန်ကတော့ ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတာကြောင့် ကိုယ်တော်ကို ခုခံတဲ့သူတွေကို ဘုရားသခင်က ဘယ်လိုလုပ်ပြီး နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာ နိုင်မှာလဲ။ ကျွန်မတို့က ဘုရားသခင်ရဲ့ တရားစီရင်မှုကို တွေ့ကြုံခံစားရ မှသာလျှင် ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားကို တွေ့မြင် နိုင်မယ်၊ ဒီနည်းအားဖြင့်သာ ကျွန်မတို့ အသက်တာ စိတ်သဘောထား မှာ ပြောင်းလဲမှုကို အောင်မြင်ရရှိပြီးတော့ ဘုရားသခင်ကို အမှန် တကယ် နာခံပြီး ကြောက်တဲ့အပြင်၊ အဲဒီအချိန်ကျမှသာလျှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့လည်း အရည်အချင်းပြည့်ဝ မှာဖြစ်တယ်။ ကျွန်မတို့အနေနဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က လူသားတွေအတွက် ကြီးမြတ်သောချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာကို တွေ့မြင်နိုင်တယ်။ သမ္မာတရားကို မုန်းတီးပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များဆိုင်ရာ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတို့ကို လက်ခံဖို့ ငြင်းဆန်တဲ့သူတွေ သာလျှင် ထုတ်ဖော်ခြင်းနဲ့ သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရမှာ ဖြစ်တယ်” ဟု ပြောပါသည်။ ဤအကြောင်းကို ကျွန်မကြားသည့်အချိန်တွင် ကျွန်မနှလုံးသားထဲမှ စိုးရိမ်ကြောင့်ကျမှုသည် ကြီးမားစွာ သက်သာသွားခဲ့သည်။ အမှန်မှာမူ ဘုရားသခင်သည် လူများကို ပြစ်တင်ရှုတ်ချရန်အတွက် တရား စီရင်ခြင်းမဟုတ်ပဲနှင့် သူတို့ကို ကယ်တင်ရန် ဖြစ်ပါသည်။ ကျွန်မတို့ သည် နေ့စဉ်နေ့တိုင်း အပြစ်ကျူးလွန်လိုက်၊ ဝန်ချတောင်းပန်လိုက် အခြေအနေမျိုး၌ အသက်ရှင်နေထိုင်ကြပြီး မိမိတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခုခံကြသည်။ ကျွန်မတို့သည် စာတန်အားဖြင့် အမှန်တကယ်ကိုပင် နက်ရှိုင်းစွာ ဖောက်ပြန် ပျက်ဆီးပြီး၊ ကျွန်မတို့ဘာသာ အပြစ်၏ချည်နှောင်မှုမှ ရုန်းထွက် လွတ်မြောက် နိုင်ခြင်း မရှိပါ။ ကျွန်မတို့သည် ကယ်တင်ခြင်းကို ခံရရန်အတွက် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို အမှန်တကယ် တွေ့ကြုံခံစားဖို့ လိုအပ်ပါသည်။ ထိုနေ့မှ ကျွန်မ ညီမ၏ မိတ်သဟာယပြုခြင်းကြောင့် မဟုတ်ပါက၊ ကျွန်မသည် ဘုရားသခင်၏ အလိုတော်ကို အထင်လွဲမှားကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် ကျွန်မတို့ကို ပြစ်တင်ရှုတ်ချရန်ဖြစ်သည်ဟု ယုံကြည်နေ မည်သာ ဖြစ်ပါသည်။ ဘုရားသခင်ကို ကျေးဇူးကြောင့် ကျွန်မသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဆိုင်ရာ အနက်အဓိပ္ပါယ်ကို နောက်ဆုံး၌ နားလည် သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် သည် အလွန်လက်တွေ့ကျပါသည် ထို့နောက် ညီမရမ်က သူမ၏ မိတ်သဟာယပြုခြင်းကို ဆက်ကာ “ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်က လူတွေကို ကယ်တင်ဖို့ဖြစ်တာကို ကျွန်မတို့ သိပေမဲ့ ဘုရားသခင်က တရားစီရင်ခြင်းအမှုတော်ကို ဘယ်လိုဆောင်ရွက်မှာလဲ။ ဒီသမ္မာတရား ရဲ့ ရှုထောင့်ကို နားလည်သဘောပေါက်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ နောက်ထပ်ကျမ်းချက်တစ်ခုကို ဖတ်ရှုကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင်က မိန့်တော်မူတာက ‘နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။‘ ဆိုပြီးတော့ ဖြစ်တယ်” ဟု ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တရားစီရင်ခြင်းအမှုတော်ကို ပြုဖို့ အတွက် သမ္မာတရားကို ဖော်ပြတော်မူတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ ကျွန်မတို့ တွေ့မြင်နိုင်ပါတယ်၊ ပြီးတော့ ကျွန်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုရတဲ့အချိန်မှာ ဘုရားသခင်က ကျွန်မတို့ကို မျက်နှာချင်းဆိုင် စီရင်တယ်လို့ ခံစားရပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ချွန်ထက်နေတဲ့ ဓါးလိုမျိုးပဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်တဲ့ ကျွန်မတို့ရဲ့ သဘာဝကို ဖော်ထုတ်နေတယ်။ ကျွန်မတို့က စာတန်အားဖြင့် နက်နက်ရှိုင်းရှိုင်းကို ဖောက်ပြန်ပျက်စီးနေတာကို တွေ့မြင်နိုင်တယ်။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ဖြစ်တဲ့ မာနထောင်လွှားမှု၊ ကိုယ့်ဂုဏ်ကိုယ် ဖော်လွန်းခြင်း၊ သမ္မာတရားကို မုန်းတီးခြင်း၊ အတ္တကြီးခြင်း၊ စက်ဆုပ်ဖွယ် ကောင်းခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ လောဘကြီးခြင်း နှင့် ဆိုးညစ်မှု တို့ဟာ ထုတ်ဖော်ခြင်းခံရပြီး၊ ကျွန်မတို့က စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ လုံးဝ အသက်ရှင်နေထိုင်ခြင်းမရှိတာကို တွေ့မြင် ရတယ်။ ဥပမာအားဖြင့် ကျွန်မတို့ တာဝန်တွေကို ထမ်းဆောင်တဲ့ အခါမှာ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေက မတူတဲ့ အကြံပြုချက်ကို ပေးလာတဲ့အချိန်၊ ကျွန်မတို့က ကိုယ့်ထင်မြင်ယူဆချက်တွေပဲ မှန်တယ်လို့ အမြဲတမ်းတွေးကြတယ်။ တခြားလူတစ်ယောက် ပြောနေ တဲ့ အရာတွေက သမ္မာတရားနဲ့ ကိုက်ညီနေတယ်ဆိုရင်တောင်မှ၊ ကျွန်မတို့က အဲဒီအကြံကို လက်ခံဖို့ လိုလိုလားလား မရှိတဲ့အပြင်၊ ကျွန်မတို့တွေဟာ အထူးသဖြင့် မာနထောင်လွှားပြီး ကိုယ့်ဂုဏ်ကိုယ် ဖော်လွန်းသူတွေ ဖြစ်တာကြောင့် တခြားလူတွေက ကိုယ်တွေကို နားထောင်တာပဲ အမြဲတမ်း လိုလားကြတယ်။ ဒါမှမဟုတ် ကျွန်မတို့တွေက ဘုရားသခင်ကို လက်ခံပေမဲ့လည်း၊ ကျွန်မတို့ သဘာဝတွေမှာ သမ္မာတရားကို မနှစ်သက်တဲ့အပြင်၊ ကျွန်မတို့ နှလုံးသားတွေကလည်း ငွေ၊ ထင်ပေါ်ကျော်ကြားမှု နဲ့ အဆင့်အတန်း တို့ကို ကိုးကွယ်ပြီး၊ စားခြင်း၊ သောက်ခြင်း၊ သောက်စားမူးယစ် ပျော်ပါးခြင်း ၊ ဇာတိခန္ဓာဆိုင်ရာ သာယာမှုတွေကို တစ်ပါးသော အမျိုးသားတွေလို လိုက်စားကြတယ်။ ဒါမှမဟုတ် ကျွန်မတို့က စွန့်လွှတ်နိုင်ပြီး၊ အတိုင်းအတာတစ်ခုအထိ အသုံးခံနိုင်တယ် ဆိုရင်တောင်၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးအပ်ဖို့ နဲ့ ဖန်ဆင်းခံသတ္တဝါတစ်ယောက်ရဲ့ တာဝန်တွေကို ပြည့်စုံစေဖို့ထက် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ဆုလာဒ်တွေ ရဖို့ နဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရဖို့တို့အတွက် ကြိုးစားမှုတစ်ခု အနေဖြင့်သာ လုပ်ကြတယ်။ အဲဒီထက်ပိုတာက ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကျွန်မတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမ ဖို့အတွက် နှုတ်ကပတ်တော်တွေကို အသုံးပြုတဲ့အလျောက် ကိုယ်တော်က ကျွန်မတို့ တကယ့်အသက်တာတွေမှာ ကျွန်မတို့ကို ပြုပြင်ဖို့၊ ရိုက်နှက်ဆုံးမဖို့၊ စစ်ကြောဖို့၊ နဲ့ စစ်ဆေးဖို့တို့အတွက် ပတ်ဝန်ကျင်တွေကိုလည်း စီစဉ်တော်မူတယ်။ ဥပမာအားဖြင့် ကျွန်မတို့က ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်ရာမှာ ဦးတည်ချက် မဲ့စွာ ဆောင်ရွက်ဖို့ကြိုးစားတဲ့အချိန်၊ ဘုရားသခင်က ကျွန်မတို့ကို ပြုပြင်ဖို့နဲ့ ရိုက်နှက်ဆုံးမဖို့အတွက် ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လှုံ့ဆော်ပြီး ဦးဆောင်တယ်၊ ကျွန်မတို့က ခေါင်းမာစွာနဲ့ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံတဲ့အချိန်မှာ၊ ကိုယ်တော်က ကျွန်မတို့ကို အပြစ်ဒဏ်ပေးဖို့နဲ့ ဆုံးမပဲ့ပြင်ဖို့အတွက်၊ ကျွန်မတို့ပတ်ဝန်းကျင်ကို အသုံးပြုတယ်၊ ကျွန်မတို့နှလုံးသားတွေ ဘုရားသခင်ဆီကို လှည့်တဲ့ အခါမှာ၊ ဘုရားသခင်က သနားကရုဏာ နဲ့ပြည့်စုံပြီး၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်စေဖို့အတွက် ကျွန်မတို့ကို အသိဉာဏ်ပွင့်လင်း စေပြီး လမ်းပြတော်မူတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကြား ထဲမှာ ကျွန်မတို့တွေက ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းရဲ့ သမ္မာတရားကို အရင့်အရင် ကထက် ပိုသတိပြုမိလာတယ်၊ အဆိုးအကောင်းကို အရင်ထက်ပိုပြီး ပိုပြီး ခွဲခြားသိမြင်နိုင်တယ်၊ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ကျွန်မတို့ရဲ့ အမြင်ရှုထောင့်တွေဟာ တဖြည်းဖြည်းချင်း ပြောင်းလဲပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထား ကို စစ်မှန်တဲ့ နားလည်သဘောပေါက် ခြင်း အချို့ကိုလည်း ကျွန်မတို့ရလာခဲ့ပါတယ်။ ကျွန်တို့နှလုံးသားထဲမှာ ဘုရားသခင်ကို ကြောက်စိတ်နဲ့ ချစ်ခြင်းမေတ္တာတို့က ဖြစ်ပေါ်လာတယ်၊ ကျွန်မတို့က အရာအားလုံးမှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင် လာတယ်၊ ကျွန်မတို့က ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ အတိုင်း အသက်ရှင်နေထိုင် ရတာကို လုံးဝ မရောင့်ရဲနိုင်တော့ဘူး၊ ကျွန်မတို့ရဲ့ ကောင်းမကောင်းဝေဖန် တတ်တဲ့ စိတ်နဲ့ အသိစိတ်တို့ကို ပြန်လည်ရရှိလာခဲ့တယ်၊ ကျွန်မတို့တွေက ဖန်ဆင်းခံသတ္တဝါ တစ်ယောက်ရဲ့ တာဝန်ကို လုံခြုံစိတ်ချစွာ ဆောင်ရွက်ဖို့နဲ့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်း နဲ့ စီစဉ်မှုတွေကို လုံခြုံစိတ်ချစွာ အပ်နှံဖို့ တို့အတွက် လိုလိုလားလား ရှိလာတယ်။ ကျွန်မတို့က ကိုယ့်အသက်တာစိတ်သဘောထားမှာ အရင်ကထက် ပိုမိုနက်ရှိုင်းစွာ ပြောင်းလဲလာတာကို စတင်ခံစားရပြီးတော့ စစ်မှန်တဲ့ လူသား ပုံသဏ္ဌာန်တစ်ခုကို စပြီး အသက်ရှင်နေထိုင်တယ်။ ဒါတွေဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်အားဖြင့် အောင်မြင်စွာရရှိခဲ့တဲ့ ရလဒ်တွေပဲဖြစ်ပါတယ်” ကျွန်မညီမရဲ့ မိတ်သဟာယပြုခြင်းကို ကြားပြီးနောက်တွင် ကျွန်မနှလုံးသားတွင်းမှ စိုးရိမ်ကြောင့်ကျမှုသည် အပြည့်အဝ ပျောက်ကွယ်သွားခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်သည် အမှန်ကတယ်ကို လက်တွေ့ကျလှပါသည်။ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ တရားစီရင်မှု နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရခြင်း မရှိပါက၊ ကျွန်မတို့သည် မိမိကိုယ်ကို အလွန် အဆင်ပြေနေသည်ဟု ထင်မြင်ကာ မိမိကိုယ်ကိုလည်း မည်သည့်အခါမျှ သိကျွမ်းနိုင်မည် မဟုတ်ပါ။ ကျွန်မတို့သည် မိမိကိုယ်ကို မသိကျွမ်းပါက ပြောင်းလဲမှုကို မည်သို့ အောင်မြင်စွာ ရရှိနိုင်မည်နည်း။ ကျွန်မသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်များကို နားလည် သဘောပေါက်မှုအချို့ ရှိလာသည်နှင့် တပြိုင်နက် ကျွန်မသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလမှ အမှုတော်ကို ပျော်ရွှင်စွာ လက်ခံခဲ့ပါတော့သည်။ နောက်ထပ် အစည်းအဝေး တစ်ခုတွင် ကျွန်မ ညီမအငယ်က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ သက်သေခံချက် နှင့် အတွေ့အကြုံဆိုင်ရာ ရုပ်ရှင်တစ်ခုဖြစ်သည့် “ ဘုရားသခင်၏ အမှုတော်သည် ကျွန်ုပ်အား လူသားသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်စေသည်” ဆိုသည့် ခေါင်းစီးဖြင့် ရုပ်ရှင်ကို ပြခဲ့ပါသည်။ ထိုရုပ်ရှင်တွင် အဓိကဇတ်ကောင်သည် ဆယ်စုနှစ်တစ်ခုကျော် ဆောက်လုပ်ရေး ကန်ထရိုက်တာ အဖြစ် အလုပ်လုပ်ကိုင်လာခဲ့ကာ ကျွန်မတို့၏ မှောင်မိုက်သော လူအဖွဲ့အစည်း တွင် အစိုးရအရာရှိများကို လာဘ်ထိုးခြင်း၏ “မရေးသားထားသည့် စည်းမျဉ်းများ” ကို ပါဝင်ဆောင်ရွက်ရန် အစပြု ငြင်းဆန်ခဲ့ပြီး၊ ရလဒ်အနေဖြင့် မည်သည့်အခါကမျှ စီးပွားသိပ်မဖြစ်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ သူသည် ငွေရှာဖို့အတွက် နောက်ဆုံးတွင် ခေတ်စားနေသည့် မကောင်းသောအကျင့်ကို လိုက်လုပ် ရန် စိတ်ပျက်စွာဖြင့် ဆုံးဖြတ်ချက်ချ၊ စတင်လာဘ်ထိုး၊ ထိန်းချုပ်မှု ကင်းမဲ့သည့်အပြင်၊ အစိုးရအရာရှိများနှင့် ပူးပေါင်းကြံစည် ကာ၊ အကျင့်စာရိတ္တပျက်ပြားသည့်အရာများစွာကို ပြုလာသည်မှာ သူ၏ ကောင်းမကောင်းဝေဖန်တတ်သည့်စိတ်က သူ့အား စိတ်ဆင်းရဲစေပြီး၊ ညှင်းပန်းနှိပ်စက်လာသည့် အချိန် အထိပင် ဖြစ်ပါသည်။ သူ့မိခင်က သူ့အား နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်ကြောင်း ဧဝံဂေလိတရားတော်ကို ပြောပြပြီးနောက်တွင်၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အတွင်းမှ စာတန်အားဖြင့် သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ သနားဖွယ်အချက်ကို ရှင်းလင်းစွာတွေ့မြင်ပြီး သူ့ကိုယ်သူ မုန်းတီးခြင်းနှင့် နောင်တတို့ကို စတင်ခံစားလာရကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ရိုးသားသည့်သူတစ်ယောက် ဖြစ်အောင် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက်ပိုင်းတွင် သူသည် စာတန်၏ ချည်နှောင်မှုမှ တဖြည်းဖြည်းချင်း ရုန်းထွက်လွတ်မြောက်လာနိုင်ပြီး၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများနှင့် ကာကွယ်စောင့်ရှောက်မှု တို့အကြားတွင် အသက်ရှင်နေထိုင်လာနိုင်ပါသည်။ ထိုဗီဒီယိုကို ကြည့်ပြီးနောက်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူများကို အမှန်တကယ် ကယ်တင်ပြီး၊ သန့်စင်နိုင် ကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့ရသည်။ ဘုရားသခင်၏ တရားစီရင်မှု နှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိပါက၊ ကျွန်မတို့သည် စာတန်အားဖြင့် မည်မျှ ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ နားလည် သဘောပေါက်နိုင်မည် မဟုတ် သော်လည်း ဘုရားသခင်၏ တရားစီရင်မှု နှင့် ပြစ်တင်ဆုံးမခြင်း တို့သည် ကျွန်မတို့ကို စာတန်၏ ချည်နှောင်မှုမှ အမှန်တကယ်ပင် ကယ်တင်ပြီး ၊ ရုန်းထွက်လွတ်မြောက် အောင် ကူညီနိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တကယ်ပင် သြဇာအာဏာနှင့်ပြည့်ဝပြီး၊ အနန္တတန်ခိုးတော် ဖြစ်ပါ သည်။ ကျွန်မကို ကိုယ်တော်၏ နောက်ဆုံးသောကာလမှ အမှုတော်ကို လက်ခံရန် အခွင့်ကောင်းကို ပေးခြင်းအတွက် ဘုရားသခင် ကို ကျွန်မနှလုံးသား၏ နက်ရှိုင်းသောနေရာမှ ရိုးသားစွာ ကျေးဇူး တင်ရှိပါသည်။ ကျွန်မထံတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများစွာ ရှိနေဆဲဖြစ်ပြီး၊ အနာဂတ်တွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုဖတ်ရှုရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံစားရန်၊ ဘုရားသခင်အားဖြင့် သန့်စင်ခြင်းနှင့် စုံလင်ခြင်းတို့ကို ခံရပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသူတစ်ယောက် ဖြစ်လာရန် တို့အတွက် မျှော်လင့်မိပါသည်။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|