ဖန်ရှား အမေရိကန်နိုင်ငံ
ယခင်နေ့ရက်များ၌ အသင်းတော်တွင် များစွာသော စိတ်အားထက်သန်ခြင်း ရှိခဲ့သည် ကျွန်မမိသားစုသည် ကတ်သလစ်များဖြစ်ခဲ့သည်မှာ မျိုးဆက် နှင့် ချီခဲ့ပြီ ဖြစ်ပြီး၊ ကျွန်မသည် ဗိတ္တိဇံခံယူ သည့်အချိန် တွင် လသားအရွယ် သာရှိပါသေးသည်။ ကျယ်လောင်သော နှိုးစက်တစ်ခု၏ အသံဖြင့် အမြဲတမ်း နိုးရပြီးနောက်၊ ညပိုင်း ပွဲတော်အစီအစဉ်ကို တက်ရောက်ရန် ကျွန်မတို့အသင်းတော်သို့ အလောတကြီး မသွားမီ ကျွန်မ မိဘများက ကျွန်မကို အလျင်စလို ဆေးကြောသုတ်သင်ပြီး ဝတ်စားဆင်ယင်ပေးရန် အိပ်ရာထဲမှ ဆွဲခေါ်သွားခဲ့ကြလေ့ရှိခဲ့ သည်ကို ကျွန်မ အမှတ်ရမိပါသည်။ ကျွန်မမိဘများက တရုတ်ပြည်တွင် သခင့်ကို ယုံကြည်ကြသူ များသည် ညှင်းပန်း နှိပ်စက်ခြင်း ခံရပြီး၊ ဘုန်းတော်ကြီး များနှင့် ယုံကြည်သူများသည် မကြာခဏ ဖမ်းဆီး အကျဉ်းချခြင်း ခံရသောကြောင့် ကျွန်မတို့သည် ပွဲတော် အစီအစဉ်ကို ညအချိန်တွင်သာ တက်ရောက်မှ လုံခြုံမည်ဟု ဆိုကြသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်များ သော်လည်း၊ ကျွန်မတို့၏ အသင်းတော်မှ ညီအစ်ကိုမောင်နှမ များသည် အလွန်စိတ်အား ထက်သန်ပြီး ဆက်ကပ်အပ်နှံမှု ကြလေသည်။ ရာသီဉတု မည်သို့ရှိပါစေ၊ ပွဲတော် အစီအစဉ်ကို မည်သည့်နေရာ တွင် ပြုလုပ်ပါစေ၊ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အသေးစိတ်အချက်အလက်များကို လက်ဆင့် ကမ်းကာ၊ တက်ရောက် ရန် လူကြီးများနှင့် လူငယ်များကို ခေါ်ဆောင်လာရန် အလုအယက် ဆောင်ရွက်ကြပါသည်။ လူတိုင်း သည် ဓမ္မသီချင်းများ ကို သီဆိုကာ နှစ်သစ်ကူး တစ်ခုကဲ့သို့ စိတ်လှုပ်ရှားကြပြီးလျှင်၊ ယုံကြည်သူများစွာ တို့သည် တစ်ညလုံး မအိပ်စက်ရသော်လည်း မြူးကြွနေ ကြဆဲသာ ဖြစ်ပါသည် …
0 Comments
|
Click & Join usတံဆိပ်များ
All
|