သမ္မာကျမ်းစာ၏ မှန်ကန်သည့် အမြင်ရှုထောင့်ကို လက်ခံခြင်းအားဖြင့် သခင့်ပြန်ကြွလာခြင်းကို ကျွန်မကြိုဆိုသည် စင်းနင်း မလေးရှား
သတင်းကောင်း- သခင်ပြန်ကြွလာခဲ့ပြီ ကျွန်မက ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး ကျွန်မ ငယ်စဉ်က ကျွန်မအဒေါ်၏ သခင့်ကို ယုံကြည်ခြင်း နောက်လိုက်ခဲ့ကာ တနင်္ဂနွေဝတ်ပြုခြင်းကို ကျွန်မ တို့ မကြာခဏ တက်ရောက်ခဲ့ပါသည်။ ၂၀၁၇ အကုန်နီးပါးတွင် အလုပ်ထဲ၌ အလွန်အလုပ်ရှုပ်သော ကြောင့် ကျွန်မသည် အသင်းတော် စုဝေးပွဲများကို တက်ရောက်ဖို့ အချိန်မရှိကြောင်း သိခဲ့ရသောကြောင့် ကျွန်မက အွန်လိုင်း သမ္မာကျမ်းစာလေ့လာခြင်း အတန်းများကို စတင်တက်ရောက်ခဲ့ပါသည်။ ကျွန်မ အစ်မ ဆူးကို ကျွန်မ သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စု၌ ဆုံခဲ့ပြီး၊ သူမသည် အတော်အတန် မေတ္တာကရုဏာကြီးမားသည်ကို တွေ့ခဲ့ရသည်။ ကျွန်မမှာ မည်သည့်မေးခွန်းများ ရှိပါစေ၊ သူမက ကျွန်မ ပြဿနာများ ပြေလည်သွားစေရန် ကျွန်မနှင့် အမြဲတမ်း စိတ်ရှည်လက်ရှည် မိတ်သဟာယ ပြုပေးခဲ့သည်။ နောက်ပိုင်းတွင် အစ်မဆူးက သခင်က နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့်အပြင်၊ အမှုတော်အဆင့်သစ်ကို ပြုနေ ကြောင်း၊ ကျွန်မတို့အပြစ်များကို တရားစီရင်ရန် နှင့် သန့်စင်ရန် သူ့နှုတ်ကပတ်တော်များကို အသုံးပြုနေ ကြောင်းနှင့် သူက သန့်စင်ခံရပြီးသူများကို သူ့ နိုင်ငံတော်ထဲသို့ ဦးဆောင်လိမ့်မည် ဖြစ်ကြောင်း တို့ကို ကျွန်မကို သက်သေခံခဲ့သည်။ သူမက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကိုလည်း ဖတ်ပြခဲ့ပြီး၊ ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်၊ ဘုရားသခင့် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ဆိုင်ရာ နက်နဲမှု နှင့် ဘုရားသခင့် နာမတော်၏ နက်နဲမှု တို့ကဲ့သို့ သမ္မာတရား များအကြောင်း မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မ ဤအရာများအကြောင်း လုံးဝမကြားခဲ့ဖူး သည့်အပြင် ဤနည်းလမ်းကို လန်းဆန်းပြီး သစ်လွင် သည်ဟု ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မက သူမတရားဟောကြားခဲ့သည့် နည်းလမ်းကို ဆက်ပြီး လေ့လာလိုခဲ့သည်။
0 Comments
သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုခြင်း-သုံးပါးတစ်ဆူ၏နက်နဲမှုအား နောက်ဆုံးတွင် ထုတ်ဖော်ပြခဲ့ပြီ ဂျင်မီ အမေရိက
အယ်ဒီတာ့ အမှာစာ-“ သုံးပါးတစ်ဆူ” သည် ဘုရားသခင်နှင့် ပတ်သက်ပြီး ဘာသာရေးလောက၏ ကောက်ချက်ချချက်တစ်ခု ဖြစ်သည်။ ဤသီအိုရီသည် နှစ် ၂၀ဝ၀ နီးပါးကြာသည်အထိ ခရစ်ယာန်အများစုမှ လက်ခံပြီး အသိအမှတ်ပြုခဲ့ကြသည်။ အချို့ခရစ်ယာန်များသည် ဘုရားသခင်၏ သုံးပါးတစ်ဆူ သီအိုရီ တည်ရှိမှုနှင့်ပတ်သက်ပြီး မရှင်းမလင်းရှိကြ သော်လည်း ၎င်းမှာ ရှင်းပြရန် ခက်ခဲပြီး သုံးပါးတစ်ဆူဘုရားသည် ခရစ်ယာန်များ၏ စိတ်နှလုံးများထဲတွင် နက်နဲသောအရာတစ်ခုဖြစ်လာခဲ့သည်။ သုံးပါးတစ်ဆူသီအိုရီသည် သေချာစိစစ်၍ ရနိုင်ပါသလား။ ယေဟောဝါနှင့် ယေရှုကြားရှိ ဆက်နွယ်မှုသည် မည်သို့နည်း။ အောက်တွင်ပါရှိသည့် စာရေးသူ၏ အတွေ့အကြုံသည် သင့်အား ဤနက်နဲသောမှုကိုကူညီဖြေရှင်းပေးနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ |
Click & Join usတံဆိပ်များ
All
|