အမှန်နှင့်အမှားကြား သိမြင်မှုသည် ခက်ခဲသည့် ခေတ်ကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူကို သိမြင်ခြင်းအားဖြင့်သာ သခင့်အား ကျွန်မတို့ လက်ခံရရှိနိုင်သည် ထောင်ရှင်း မလေးရှား သင် ငွေအတု လက်ခံရရှိဖူးပါသလား။ တော်တော်များများက ရရှိဖူးသည်ဟု ဖြေကြလိမ့်မည်။ ငွေအတုများ ပေါများနေသည့် ခေတ်ကာလ၌ ကျွန်မတို့ရှိသည့်အခါတွင် သင်သည် ငွေအတုများ ရရှိမည်ကို ကြောက်၍ ပိုက်ဆံကို ငြင်းပယ်မည်လား။ ဘယ်လုပ်ပါ့မလဲ။ အဘယ်ကြောင့်ဆိုသော် သင်သည် အတုနှင့်အစစ်ကို ခွဲခြားသိမြင်နိုင်သည့်အခါတွင် သင်သည် မျက်စိစုံမှိတ်ပြီး သတိထားနေမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သခင်ပြန်ကြွလာခြင်းအား အလွန်အမင်း မျှော်လင့်တောင့်တကြသည့် ခရစ်ယာန်တို့ဆိုလျှင် မည်သို့ပြုမည်နည်း။ ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့ ပေါ်ပေါက်လာသည့်အရေးကိစ္စအား သူတို့မည်သို့ ကိုင်တွယ်မည်နည်း။ ခုခံကာကွယ်ပြီး ရှောင်ကြဉ်သင့်ပါသလား။ သို့မဟုတ် ဘုရားသခင်၏ အသံတော်အား အာရုံစိုက်၍ နားထောင်သင့်ပါသလား။ ဤသည်မှာ သခင်အား ကျွန်မတို့ လက်ခံရရှိနိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပါသည်။ တစ်ခါက ကျွန်မသည် ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့၏ လှည့်စားခြင်းကို သတိပြုကာကွယ်နေပြီး သခင့်အား လက်ခံရရှိရန် အခွင့်အလမ်းအား လွဲချော်လုနီးပါး ဖြစ်ခဲ့ရသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် ကျွန်မ၏ အဒေါ်သည် ကျွန်မအား အွန်လိုင်းအစည်းအဝေးပွဲတစ်ခုသို့ ဖိတ်ခေါ်ခဲ့ပြီး သူတို့သင်ကြားရာတွင် အလင်းပါဝင်သည်ဟု ပြောသည်။ အစည်းအဝေးသည် သူမအား အရင်အချိန်က သမ္မာကျမ်းစာတွင် သူမ ရှာမတွေ့ခဲ့သည့် သမ္မာတရားအချို့ကို နားလည်ရသည့်အခွင့်ကိုပေးခဲ့ပြီး ဘုရားသခင်၏ အမှုတော်အား အနည်းငယ်သောနားလည်မှုကိုလည်း သူမအား ပေးခဲ့သည်။ ကျွန်မ၏ ညီအစ်မဝမ်းကွဲဖြစ်သူသည် ဤအွန်လိုင်း အစည်းအဝေးများတွင် နှစ်နှစ်ကြာပါဝင်တက်ရောက်လျှက်ရှိသည်ဟုလည်း သူမက ပြောသည်။ ဤအွန်လိုင်းအစည်းအဝေးပွဲများအကြောင်းကို ကျွန်မကြားရသည့်အခါ စူးစမ်းချင်လာခဲ့သည်။ ထို့ကြောင့် ကျွန်မသည် နှောင့်နှေးမနေဘဲ သဘောတူလက်ခံခဲ့သည်။ ကျွန်မ အွန်လိုင်းသို့တက်ရောက်သည့် ပထမအကြိမ်တွင် အချိန်ကွာခြားမှုကြောင့် ကျွန်မ မပြန်ခင်တွင် သာမန်အပြန်အလှန်ဆွေးနွေးမှုတစ်ခုဖြင့်သာ ပြီးဆုံးခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်မ၏အဒေါ်က ဤအသင်းတော်သည် အလွန်ပင်ကွဲပြားခြားနားသည်ဟု အမြဲတမ်းပြောခဲ့ပြီး “ သခင် ပြန်ကြွလာပြီ။” “ သခင်ပြန်ကြွလာခဲ့ပြီ” ဟု ကျွန်မအား ပျော်ရွှင်စွာ ပြောသည်။ ရုတ်တရက်ကြားရသည့်သတင်းကြောင့် အံ့သြစွာဖြင့် ကျွန်မ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ ဟုတ်လား။ သခင်က ဘယ်မှာလဲ။ ကျွန်မကိုပြောပြပါဦး။” သို့သော် ကျွန်မ၏ အဒေါ်သည် နှစ်လကြာသာ ပါဝင်တက်ရောက်ထားသောကြောင့် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပါ။ ကျွန်မ၏ အစ်မတစ်ယောက်အား မေးမြန်းရန်အတွက် နောက်အစည်းအဝေးကို ကျွန်မစောင့်ရသည်။
နောက်အစည်းအဝေးတွင် ကျွန်မ၏အစ်မသည် သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်အချို့ကို စုစည်းပြီး ကျွန်မအား သခင်ယေရှုသည် ပြန်ကြွလာပြီဖြစ်ကြောင်း၊ လူသားမျိုးနွယ်အား တရားစီရင်ပြီး သန့်စင်ရန်အတွက် နှုတ်ကပတ်တော်တို့အား ဖော်ပြခြင်းအမှုကို ပြုလုပ်ရန် လူ့ဇာတိခံယူပြီး ကြွလာပြီဖြစ်ကြောင်း သက်သေခံခဲ့သည်။ သူမသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ဘုရားသခင်သည် လူတို့အား မည်သို့ကယ်တင်ပုံ၊ စာတန်သည် လူသားမျိုးနွယ်အား မည်သို့ ဖျက်ဆီးပုံ၊ လူသားမျိုးနွယ်သည် အပြစ်တရားမှ လွတ်မြောက်ပြီး ကယ်တင်ခြင်းကို မည်သို့ရရှိနိုင်ပုံနှင့် လူသားမျိုးနွယ်တို့၏နောက်ဆုံးပန်းတိုင် တို့ကဲ့သို့သော သမ္မာတရားအချက်အလက်တို့ကိုလည်း မိတ်သဟာယဖွဲ့ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာနှင့် ဘုန်းတန်ခိုးရှိသည်၊ ၎င်းတို့အားလုံးသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟု ကျွန်မ စဉ်းစားမိသည်။ ဤတရားဒေသနာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိနေသည်ဟု ကျွန်မ၏ စိတ်နှလုံးမှ အတည်ပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အသင်းတော်မှ အလွန်ပင် အလင်းရစေသည့် တရားဒေသနာများကို မပေးနိုင်ပါ။ ထို့နောက်တွင် အစည်းအဝေးတစ်ခုအား အချိန်သတ်မှတ်ပြီးချိန်တိုင်းတွင် ကျွန်မအစ်မ တရားဟောသည်ကို နားထောင်ရန်အတွက် ကျွန်မ၏ အလုပ်အားတစ်ရက်ပိတ်ပြီးနောက် ကျွန်မအဒေါ်၏ အိမ်သို့ တန်းသွားခဲ့သည်။ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ အစ်မသည် ဘုရားသခင်သည် အစဖြစ်ပြီး အဆုံးဖြစ်သည်ဆိုသည့် ဓမ္မတေးသီချင်းဗီဒီယိုကို ကျွန်မအားဖွင့်ပြသည်။ ဗီဒီယိုအတွင်းရှိ ရှုခင်းများသည် လှပခမ်းနားသည်။ ဗီဒီယိုတွင် သရုပ်ဆောင်သည့် ညီအစ်ကိုမောင်နှမများသည် တက်ကြွသည့်အသံများဖြင့် သီဆိုခဲ့ကြပြီး စာသားများသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအား ကောင်းမွန်စွာ အနက်ပြန်ဆိုထားချက်တစ်ခုဖြစ်သည်။ ကျွန်မအတွက် လုံးဝ အတွေ့အကြုံသစ်ပင်ဖြစ်သည်။ သို့သော် ထူးဆန်းစွာဖြင့် ဤပုံစံတို့သည် ကျွန်မအတွက် ရင်းနှီးနေသည်။ အရင်က တစ်နေရာရာတွင် သူတို့အား မြင်ဖူးပြီးသကဲ့သို့ပင်ဖြစ်သည်။ ထို့နောက် ကျွန်တော့်၏ အစ်မသည် ဘုရားသခင်၏ အမည်နာမ အဓိပ္ပါယ်နှင့်ပတ်သက်ပြီး ကျွန်မနှင့် မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အား တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုအား ပြုလုပ်ရန်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုသည့် အမည်နာမကို အသုံးပြုသည်ဟူ၍ ပြောသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုသည့် အမည်နာမကို ကျွန်မ ကြားရသည့်အခါ ရင်းနှီးနေသည့် စိတ်ခံစားချက်သည် ပို၍ပင် တိုးလာသည်။ အစည်းအဝေးပြီးနောက်တွင် ကျွန်မသည် အိမ်သို့ပြန်ခဲ့ပြီး ကျွန်မ၏ မက်ဆေ့ချ်များအား စစ်ရန် WhatsApp ကို ဖွင့်လိုက်ပြီး အစ်မချန်သည် ကျွန်မဆီသို့ အရင်က အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ ဗီဒီယိုအချို့ကိုပို့ထားသည်ကို တွေ့ရှိရသည်။ “ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဒေသနာတွေကို နားမထောင်ပါနဲ့။” ဆိုသည့် သတိပေးချက်တစ်ခုပါ ပါရှိသည်။ ကျွန်မ စဉ်းစားလိုက်သည်။ “ အစ်မချန်က သခင့်ကို ယုံကြည်လာတာ နှစ်အတော်ကြာပြီးတော့ အတော် ဆက်ကပ်အပ်နှံပုံရတယ်။ ဒါဆိုရင် သူက ငါ့ကို ဘာဖြစ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဆီက တရားဒေသနာတွေကို မကြားစေချင်တာလဲ။” ကျွန်မ အလွန် ရှုပ်ထွေးသွားသည်။ ထို့ကြောင့် သူမ ကျွန်မထံပို့သည့် အခြားအရာများကို ကြည့်လိုက်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်အား ရှုတ်ချပြီး အသရေဖျက်ထားသည့် အဆိုးမြင်ဝါဒဖြန့်မှု များပင်ဖြစ်ပြီး “ မေလ ၂၈ ရက်နေ့ ရှန်ဒုံ ဇောင်ယွမ် ဖြစ်ရပ်” လည်းပါဝင်သည်။ ကျွန်မဖတ်ပြီးသည့်နောက်တွင် အနည်းငယ် ကြောက်ရွံ့မိသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလတွင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများပေါ်လာလိမ့်မည်ဟု သမ္မာကျမ်းစာမှ ပြောထားသည်ကို ကျွန်မ သတိရမိသောကြောင့်ဖြစ်ပြီး ၎င်းတို့ကို ကျွန်မ ခွဲခြားသိမြင်နိုင်ခြင်းမရှိပါ။ အစ်မချန်သည် သခင့်အား နှစ်အတော်ကြာယုံကြည်ခဲ့သည်။ ထို့ကြောင့် သူမသည် အကြောင်းပြချက်မရှိဘဲ ဤအရာတို့ကို ကျွန်မဆီကို ပို့မည်မဟုတ်ပါ။ ကျွန်မ၏ အဒေါ်သည် သခင့်အားယုံကြည်ခဲ့သည်မှာ အချိန်တိုအတွင်းသာရှိပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နှင့် အဆက်အသွယ်ရှိသည်မှာ နှစ်လသာရှိသည်။ ထို့အပြင် သူမသည် သမ္မာတရားကို နားမလည်သောကြောင့် မှားယွင်းသည့်အရာအပေါ်တွင် ယုံကြည်မိမည်ကို ကျွန်မ အလွန်စိုးရိမ်မိသည်။ ထိုညတွင် ကျွန်မသည် အိပ်ရာ၌ လဲလျောင်းသည့်အခါတွင် လူးလှိမ့်လျှက် အလွန်ပင် ဝေခွဲမရဖြစ်ခဲ့ရသည်။ ကျွန်မအား လမ်းညွှန်ပြပြီး ခွဲခြားသိမြင်နိုင်မှုကို ပေးဖို့ သခင့်အားတောင်းဆိုရန်အတွက် သခင့်ထံတွင် ဆုတောင်းခဲ့သည်။ နောက်တစ်နေ့တွင် မေလ ၂၈ ရက်နေ့ ရှန်ဒုံ ဇောင်ယွမ် ဖြစ်ရပ်ဗီဒီယိုအား ကျွန်မ၏အဒေါ်ထံသို့ ပို့လိုက်ပြီး စိတ်ပူပင်လျှက် သူမအား ပြောလိုက်သည်။ “ သခင်ယေရှုက ကျွန်မတို့ကို ပြောခဲ့ပါတယ်။ “ ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) နောက်ဆုံးသောကာလမှာ လူတွေကို လှည့်စားဖို့အတွက် ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေ၊ ပရောဖက်အတုတွေပေါ်လာလိမ့်မယ်။ ဒါကြောင့်မို့ ပါမသွားဖို့အတွက် ဂရုစိုက်ပါ။” ကျွန်မ၏ အဒေါ်သည် ကျွန်မ သတိပေးမှုအား လျစ်လျူရှုခဲ့သည်။ ကျွန်မ အလုပ်မှဆင်းပြီးနောက် ထိုညနေတွင် ကျွန်မ၏ အဒေါ်သည် ကျွန်မအား ဆက်လက်ပြီး စူးစမ်းလေ့လာရန်အတွက် ဆွဲဆောင်ရန် ကျွန်မဆိုင်သို့ ရောက်လာခဲ့သည်။ သို့သော်လည်း ကျွန်မသည် လှည့်စားခံရမည်ကို ကြောက်ရွံ့သောကြောင့် ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ကျွန်မ၏ အဒေါ်သည် ကျွန်မအား ပို၍ နားထောင်ရန် တိုက်တွန်းခဲ့ပြီး ကျွန်မနှင့် မိတ်သဟာယဖွဲ့ရန်အတွက် ကျွန်မ၏ ညီအစ်မဝမ်းကွဲအား ခေါ်ခဲ့သည်။ ကျွန်မ၏ ညီအစ်မဝမ်းကွဲက ပြောသည်။ “ အနန္တတန်ခိုးရှင်ဘုရားသခင်က ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ ဖတ်တဲ့အခါမှာ ဒီနှုတ်ကပတ်တော်တွေဟာ သမ္မာတရားကို ကောင်းကောင်းထောက်ပံ့ပေးထားချက်တစ်ခုလို့ ကျွန်မတို့ခံစားရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သမ္မာတရားဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုဖြစ်တယ်ဆိုတာ ကျွန်မတို့စိတ်နှလုံးက အတည်ပြုလက်ခံနိုင်ပါတယ်။ ဒါဆိုရင် ကျွန်မတို့က ဘာလို့ စူးစမ်းလေ့လာနေတာကို လက်လျှော့လိုက်ရမှာလဲ။ ကျွန်မတို့မှာ သံသယတွေရှိနေတယ်ဆိုရင် ရှာဖွေပြီး လေ့လာစူးစမ်းနိုင်ပါတယ်။ ဒါပေမဲ့ စူးစမ်းလေ့လာတာကို ရပ်လို့မရပါဘူး။” ကျွန်မ ကိုယ့်ဖာသာ စဉ်းစားလိုက်သည်။ “ ငါ့ညီအစ်မဝမ်းကွဲက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံလာတာ နှစ်နှစ်ကြာပြီ။ သူဘာမှ ထူးထူးခြားခြားတော့ဖြစ်မသွားပါဘူး။ ဒီတော့ ငါလည်း ထပ်ပြီးနားထောင်ကြည့်လိုက်မယ်။” ကျွန်မ အွန်လိုင်းတက်ပြီးနောက်တွင် ကျွန်မ၏ညီအစ်မက ကျွန်မအားပြောသည်။ “ အစ်မ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မတို့ စူးစမ်းလေ့လာတဲ့အခါမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေနဲ့ ကောလာဟာလတွေကို အခြေခံပြီး စစ်ဆေးမယ့်အစား အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဖြစ်သလားဆိုတာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံတော်ဖြစ်သလားဆိုတာတွေကို ကျွန်မတို့ အဓိက လေ့လာရပါမယ်။ တရုတ်ကွန်မြူနစ်ပါတီက အလိမ်အညာတွေကိုလုပ်ကြံဖန်တီးပြီး လူတွေကို နှစ်အတော်ကြာ လှည့်စားခဲ့တယ်ဆိုတာ ကျွန်မတို့အားလုံးသိပါတယ်။ ပြီးတော့ သူတို့နာမည်က တရုတ်နိုင်ငံနဲ့ နိုင်ငံခြားမှာပါ ရွံ့ရှာစရာပါပဲ။ ကမ္ဘာပေါ်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တကယ့်အတွင်းစရိုက်လက္ခဏာကို မြင်နိုင်တဲ့သူ အရေအတွက်က နေ့တိုင်း တိုးလာနေပြီး သူတို့ကို ဘယ်သူကမှ မယုံတော့ဘူး။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ပါတီလည်းဖြစ်ပြီး အားလုံးထက်ပိုပြီးတော့ ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်။ ပါတီတစ်ခုထဲရှိတဲ့ စနစ်ကို လည်း လည်ပတ်တယ်။ အေဂျင်စီတိုင်း၊ ရုံးတိုင်းကို ဘယ်လောက်ပဲကြီးပါစေ၊ သေးပါစေ ထိန်းချုပ်တယ်။ အဖွဲ့တိုင်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်လိုမင်းထက်ပြုမှုကို ကာကွယ်ဖို့အတွက် ပြောဆိုပြုမူရတယ်။ တရုတ်ကွန်မြူနစ်ပါတီ တရားရုံးတွေက တရားရေးဆိုင်ရာ လွတ်လပ်မှုမရှိဘူး။ တရုတ်ကွန်မြူနစ်ပါတီ တရားသူကြီးတွေက လုပ်ပိုင်ခွင့်မရှိဘူး။ သူတို့က တရုတ်ကွန်မြူနစ်ပါတီရဲက ညွှန်ကြားချက်တွေအရ ပြုမူရတယ်။ “ မေလ ၂၈ ရက်နေ့ ရှန်ဒုံဇောင်ယွမ်အမှု” က တရုတ်ကွန်မြူနစ်တရားရုံးဆီနေ ကြားခဲ့ရတာ။ အဲဒါက သင့်တင့်ပြီး တရားမျှတမှု ရှိနိုင်လို့လား။ “ မေလ ၂၈ ရက်နေ့ ရှန်ဒုံဇောင်ယွမ်အမှု” ကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ပဏာမစစ်ဆေးမှုတုန်းက သံသယရှိသူအားလုံးက တရားရုံးမှာ “ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နဲ့ သက်ဆိုင်ခြင်း ဒါမှမဟုတ် ဆက်နွယ်ခြင်း တစ်ခါမှ မရှိခဲ့ပါဘူး” ။ “ နိုင်ငံတော်က ဖိနှိပ်ချေမှုန်းတာက ဇောင်ဝိန်ရှန်ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ပါ။ ကျွန်တော်တို့ရဲ့ “ အနန္တတန်ခိုးရှင်ဘုရားသခင်မဟုတ်ပါဘူး။” လို့ ရှင်းရှင်းလင်းလင်းပြောခဲ့ကြတယ်။ သံသယရှိသူတွေထဲက ဘယ်သူကမှ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့ အသင်းဝင်ဖြစ်တယ်လို့ ဝန်ခံခြင်းမရှိခဲ့ဘူး။ ဒါဆိုရင် တရုတ်ကွန်မြူနစ်ပါတီက ဘာကြောင့် သူတို့က အသင်းဝင်ဟုတ်ပါတယ်လို့ ဆက်ပြောနေရတာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘာသာရေးယုံကြည်ကိုးကွယ်မှုကို တိုက်ခိုက်ဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အသေရဖျက်နေတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။” ကျွန်မ၏အစ်မသည် ကျွန်မဆီသို့ မေလ၂၈ ရက်က ဖြစ်ပွားခဲ့သော ဇောင်ယွမ်အမှု၏ နောက်ကွယ်မှ ထွက်ပေါ်လာသော အမှန်တရား ဟု ခေါ်သည့် ဗီဒီယိုတစ်ခုကိုလည်း ပေးပို့ခဲ့သည်။ ကျွန်မ အိမ်ပြန်ရောက်သည့်အခါတွင် ဗီဒီယိုကိုဖွင့်ပြီး ကြည့်သည်။ ကျွန်မသည် ရုတ်တရက် သတိပြုမိသွားခဲ့သည်။ သံသယရှိသူမည်သူကမှ အနနန္တတန်ခိုးရှင်ဘုရားသခင် အသင်းဝင်ဖြစ်သည်ဟု မပြောဆိုခဲ့ပါ။ ထို့အပြင် လူသတ်မှုဖြစ်ပွားသည့်နေရာနှင့်ပတ်သက်ပြီး သံသယရှိစရာများရှိသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ တရားရုံးသည် ဤအရေးကိစ္စအား မည်သည့်အခါမှ ရှင်းလင်းစွာ စူးစမ်းရှာဖွေခြင်းမရှိပေ။ ဤသို့ပြုလုပ်ရမည့်အစား အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အား ပြစ်မှုကျူးလွန်သည်ဟု အကွက်ဆင်ခဲ့သည်။ ဤအမှုသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အား တိုက်ခိုက် ဖိနှိပ်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီမှ လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်မှာ သိသာသည်။ စဉ်းစားတတ်သည့်၊ အကျိုးအကြောင်းသင့်သည့် မည်သည့်လူမဆို ဤအရာသည် တရုတ်ကွန်မြူနစ်ပါတီ၏ လှည့်ကွက်များထဲမှ တစ်ခုဖြစ်သည်ဆိုသည်ကို မြင်နိုင်သည်။ သို့သော်လည်း ကျွန်မသည် ကောလာဟလများကို နားထောင်ခဲ့သောကြောင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို စူးစမ်းလေ့လာခြင်းအား ရပ်တန့်လိုခဲ့သည်။ ကျွန်မသည် ကျွန်မ၏ အဒေါ်မှ အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်နေခြင်းကိုပင် ရပ်တန့်စေလိုခဲ့သည်။ ကျွန်မသည် အလွန်ပင် မသိနားမလည်ဖြစ်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်က ကျွန်မအား မစွန့်ပစ်သည့်အတွက်နှင့် ကျွန်မအား ခွဲခြားသိမြင်စေရန် သမ္မာတရားနှင့်ပတ်သက်ပြီး ကျွန်မအစ်မ၏ မိတ်သဟာယဖွဲ့ခြင်းအား အသုံးပြုသည့်အတွက် ဘုရားသခင်အား အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့မဟုတ်လျှင် ကျွန်မသည် သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန် အခွင့်အရေးကို ဆုံးရှုံးရမည်ဖြစ်သည်။ နောက်တစ်နေ့တွင် ကျွန်မ အွန်လိုင်းပေါ်တက်သည့်အခါတွင် ကျွန်မ၏ ညီအစ်မအား အလွန်ပင် မေးမြန်းချင်ခဲ့သည်။ “ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေက လူတွေကို လှည့်စားဖို့အတွက် နောက်ဆုံးသောကာလမှာ ပေါ်လာလိမ့်မယ်လို့ ကျမ်းစာကပြောတယ်။ အတုနဲ့ တကယ့်ခရစ်တော်ကို ကျွန်မ ဘယ်လို ခွဲခြားသိနိုင်မလဲ။” သူမသည် ဤမိတ်သဟာယဖွဲ့ခြင်းဖြင့် ကျွန်မအား ဖြေကြားခဲ့သည်။ “ကျွန်မတို့အားလုံးက နောက်ဆုံးသောကာလမှာ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေပေါ်လာတာကို ကြောက်ကြတယ်။ ဒါကြောင့် ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေကို သတိပြုကာကွယ်ဖို့အတွက် အာရုံစိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့က လိမ္မာပါးနပ်တဲ့ အပျိုကညာတွေ ဖြစ်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ၊ ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့၊ နောက်ဆုံးသောကာလမှာ အလုပ်လုပ်ဖို့အတွက် သခင်က နောက်တစ်ခါပေါ်ထွန်းလာတဲ့အခါမှာ ကိုယ်တော်ကို ကြိုဆိုဖို့တွေမှာ အာရုံစိုက်ဖို့ မေ့နေကြတယ်။ ဒီလိုလုပ်ရမယ့်အစား ကျွန်မတို့ရဲ့ကိုယ်ပိုင်အယူအဆတွေနဲ့စိတ်ကူးထင်မြင်ချက်တွေကိုပဲ လက်ကိုင်ထားပြီး သခင်ပြန်ကြွလာခြင်းကို သက်သေခံတဲ့ဘယ်သူမဆို အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ကြတယ်။ ဒီလိုလူတွေက သခင်က ပြန်ကြွလာမယ်လို့ယုံကြည်တယ်လို့ တကယ်ထင်လား။ သူတို့က သခင်ယေရှုပြောတဲ့ မိုက်မဲတဲ့ အပျိုကညာတွေမဟုတ်ဘူးလား။ တကယ်က ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေ ပေါ်လာတာဟာ ကိုယ်တော်က ကျွန်မတို့ကို အဆိုးမြင်ဖို့၊ သတိပြုကာကွယ်စေချင်လို့မဟုတ်ဘဲ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေကို ခွဲခြားသိမြင်ဖို့ သင်ယူလေ့လာစေချင်လို့ဆိုပြီး သခင်က ကျွန်မတို့ကို ပြောပါတယ်။ နောက်ဆုံးသောကာလ ဘုရားသခင်က ဖော်ပြတဲ့ သမ္မာတရားက ဒီလိုလုပ်ဖို့ လမ်းကြောင်းကို ကျွန်မတို့ကို ပေးပါတယ်။ အရင်ဦးဆုံး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ဖတ်ရအောင်။ ‘ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။‘ ဘုရားသခင်ရဲ့ လူ့ဇာတိပကတိဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အမှုတော်ကို လုပ်ဆောင်နိုင်တယ်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတွေကို လက်တွေ့လုပ်ဆောင်နိုင်ဖို့လမ်းကြောင်းကိုပေးနိုင်တယ်။ ဥပမာ သခင်ယေရှုဟာ လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့အတွက် နိုင်ငံတော်ဧဝံဂေလိတရားကို ဟောဖို့ ဂျူးတွေကြားမှာ နေထိုင်ဖို့အတွက် လူ့ဇာတိခံယူခဲ့တယ်။ လူသားကို နောင်တရခြင်းလမ်းကိုပြပြီး သူ့ရဲ့တပည့်တော်တွေကို ကိုယ်တိုင် သင်ကြားပြီး ဦးဆောင်လမ်းပြခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်မှုကနေ သခင်ယေရှုဟာ သမ္မာတရား၊လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဒီလိုမျိုးပဲ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားနှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှု၊ အမှုတော်အဆင့်သုံးဆင့်ရဲ့ တကယ့်အနှစ်သာရ၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတို့လို သမ္မာတရားအချက်အလက်တွေကို လူသားအတွက် ဖွင့်ပြခဲ့ပြီး ဘုရားသခင်ရဲ့အိမ်တော်ကစတဲ့ လူသားမျိုးနွယ်ကို တရားစီရင်ခြင်းအမှု အဆင့်အသစ်ကိုလည်း စတင်ခဲ့ပါတယ်။ လူသားမျိုးနွယ်ကို အပြစ်တရားရဲ့ချည်နှောင်ခြင်းကနေ အပြည့်အဝလွတ်မြောက်ခွင့်ကိုပေးဖို့အတွက်၊ ကယ်တင်ခြင်းကို ရရှိဖို့အတွက်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက်ပါ။ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေရဲ့ တကယ့်အတွင်းစရိုက်လက္ခဏာဟာ ဆိုးယုတ်တဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်။ သူတို့က သမ္မာတရားနည်းနည်းလေးတောင် မပိုင်ဆိုင်ပါဘူး။ သမ္မာတရားကို ဖော်ပြနိုင်ဖို့က ပိုပြီးနည်းပါးပါတယ်။သူတို့လုပ်နိုင်တာက အမှန်နဲ့အမှား ရှုပ်ထွေးစေဖို့ အလိမ်အညာတွေကိုပြောမယ်။ လူတွေကို လှည့်စားဖို့အတွက် အဓိပ္ပါယ်မရှိတဲ့ သီအိုရီတွေကိုပြောမယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ ခရစ်တော်လို့ သက်သေခံရင်တောင်မှ သူတို့ဟာ ခရစ်တော်ရဲ့ အနှစ်သာရကို မပိုင်ဆိုင်ဘူး။ လူတစ်ယောက်ဟာ လူ့ဇာတိခံယူတဲ့ဘုရားသခင် ဟုတ်မဟုတ်ဆိုတာကို ဘုရားသခင်ရဲ့ အမှုတော်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ဘုရားသခင်ဖော်ပြတဲ့ စိတ်သဘောထားကနေ ကျွန်မတို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခရစ်တော်သာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပါတယ်။” ကျွန်မ ညီအစ်မ၏ မိတ်သဟာယဖွဲ့မှု ကို ကြားပြီးနောက်တွင် ကျွန်မသည် ပိုပြီး အသိဉာဏ်ပွင့်လင်းလာမှုကို ခံစားရပြီး စိတ်လှုပ်ရှားလျှက် ပြောသည်။ “ အရင်တုန်းက ခရစ်တော်ရဲ့ အနှစ်သာရကို ကျွန်မ မသိခဲ့ဘူး။ ပြီးတော့ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေကို မသိနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု ခရစ်တော်ရဲ့ အနှစ်သာရဟာ ဘုရားသခင်ဖြစ်တာကြောင့် ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြနိုင်ပြီး ဘုရားသခင်ရဲ့ အမှုတော်ကိုလုပ်နိုင်တဲ့ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ နောက်ဆုံးမှာ ကျွန်မ နားလည်ပါပြီ။ ဒါပေမဲ့ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက သမ္မာတရားကို မပိုင်ဆိုင်ဘူး။ ပြီးတော့ လူတွေကို လှည့်စားဖို့အတွက် အဓိပ္ပါယ်မရှိတဲ့ သီအိုရီတွေကိုပဲ ပြောနိုင်တယ်။ သူတို့က သမ္မာတရားကို လုံးဝကို မဖော်ပြနိုင်ဘူး။” ပြီးနောက်တွင် ကျွန်မ၏ ညီအစ်မအား ပြောလိုက်သည်။ “ ဒီသမ္မာတရားအချက်အလက်နဲ့ပတ်သက်ပြီး အစ်မ ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပေးနိုင်မလား။” သူမသည် ပြုံးလိုက်ပြီး ပြောသည်။ “ အစ်မဆီမှာ သမ္မာတရားကို တောင့်တပြီး ရှာဖွေတဲ့ နှလုံးသားရှိတယ်။ ဒါကြောင့်မို့ အစ်မက ဘုရားသခင်ရဲ့ ဦးဆောင်ညွှန်ပြမှုကို သေချာပေါက် လက်ခံရရှိနိုင်မှာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက နောက်ထပ်တစ်ပိုဒ်ကို ဖတ်လိုက်ရအောင်။ ‘မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်၊ တန်ခိုးများ များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှု ဖြစ်သည်ဟု ဆိုပါက ထိုသူသည် နတ်ဆိုးများကို လိုက်တုနေခြင်း ဖြစ်သည်၊ ယေရှု လုပ်သည့်အတိုင်း တုပလုပ်ဆောင်ကြသော နတ်ဆိုးများ လုပ်သလို လုပ်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ပြန်မလုပ်ဟူသည့် အချက်ကို သတိရပါ။ ယေရှုလုပ်ရမည့် လုပ်ငန်းအဆင့်သည် ပြီးမြောက်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုအဆင့်ကို ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်လုပ်မည်မဟုတ်။ ဘုရားသခင်၏ အလုပ်သည် လူသား၏ အယူအဆများနှင့် ဘယ်လိုမှ မကိုက်ညီသော အလုပ်ဖြစ်သည်။ ဥပမာအားဖြင့် မေရှိယ လောကသို့ ကြွလာမည်ဟု ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ အမှန်တော့ ယေရှု ကြွရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယ တစ်ယောက် ရောက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။…အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေမည်၊ မကျန်းမာသော သူများကို ကျန်းမာစေလိမ့်မည်၊ တစ်နည်းအားဖြင့် ယေရှု လုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် အရင်က လုပ်ပြီးသား အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသလို ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အလုပ်သည်လည်း ဘာမျှ ထူးခြားမှု ရှိတော့မည် မဟုတ်၊ ဘာတန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်း ခေတ်တိုင်းတွင် အလုပ်၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းသုံးပြီး အလုပ်လုပ်လေ့ ရှိသည်။ ဘုရားသခင်က အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးသွားပြီဆိုလျှင် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာများကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။‘ ဘုရားသခင်ဟာ အမြဲတမ်း အသစ်ဖြစ်တယ်။ ဘယ်တော့မှ ဟောင်းမသွားဘူး၊ ပြီးတော့ ဘုရားသခင်ဟာ အလုပ်ကို ထပ်ခါထပ်ခါမလုပ်ဘူးဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ ကျွန်မတို့ နားလည်နိုင်ပါတယ်။ စာတန်က ဘုရားသခင် အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်တချို့ကိုသာ အတုခိုးနိုင်ပြီး ဘုရားသခင်က ပိုပြီးသစ်တဲ့ မြင့်မားတဲ့အလုပ်ကို လုပ်နိုင်ပါတယ်။ ဥပမာ သခင်ယေရှုဟာ အလုပ်လုပ်ဖို့ ကြွလာခဲ့တဲ့အချိန်မှာကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ သူဟာ ရောဂါတွေကို ကုသခြင်း၊ နတ်ဆိုးတွေ နှင်ထုတ်ခြင်း၊ လူတွေကို ကြွယ်ဝတဲ့ ကောင်းကြီးတွေနဲ့ ကျေးဇူးတော်တွေ ပေးအပ်ခြင်းတွေလိုမျိုး ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့သြဖွယ်ရာတွေ တော်တော်များများကို လူတွေကို ပြခဲ့တယ်။ နောက်ဆုံးမှာ လူသားရဲ့အပြစ်တရားတွေကို ရွေးနှုတ်ဖို့အတွက် ပေးဆပ်တဲ့အနေနဲ့ ကားစင်တင်ခံခဲ့တယ်။ ဒီလိုမျိုးနဲ့ လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ခြင်းအမှု ပြီးမြောက်စေခဲ့တယ်။ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုကို ကျွန်မတို့ လက်ခံခဲ့ပြီး ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးဖြစ်ပေမဲ့ ကျွန်မတို့က အပြစ်တရားရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ခြင်းမရှိပါဘူး။ သခင်ကြွလာပြီး သခင်ဟာ ရောဂါတွေကုသတာမျိုး၊ နတ်ဆိုးတွေနှင်ထုတ်တာမျိုးနဲ့ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေကိုပြတာမျိုးတွေလုပ်နေဆဲဖြစ်ရင် ကျွန်မတို့က အပြစ်တရားရဲ့ချည်နှောင်မှုကနေ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ။ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုကို အခြေခံပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ အသက်တာ စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် လမ်းကြောင်းကိုညွှန်ပြဖို့၊ လူသားမျိုးနွယ်ကို စာတန်ရဲ့လွှမ်းမိုးမှုကနေ အပြည့်အဝကယ်တင်ဖို့၊ ကျွန်မတို့ကို အပြစ်တရားရဲ့ချည်နှောင်မှုကနေ လွတ်မြောက်ခွင့်ကိုပေးပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့အတွက် လူသားမျိုးနွယ်ကို သန့်စင်ဖို့ တရားစီရင်ခြင်းအမှုဖြစ်တဲ့ နောက်ထပ်အဆင့်ကို လုပ်နေပါတယ်။ နောက်ပြီး ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေဟာ ခေတ်ကာလအသစ်တစ်ခုစတင်ခြင်း ဒါမှမဟုတ် အဟောင်းတစ်ခုကို အဆုံးသတ်ခြင်းအမှုကို မလုပ်နိုင်ပါဘူး။ သခင်ယေရှု သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံကို ကြွသွားပြီးနောက်မှာ သမ္မာတရားကိုဖော်ပြပြီး လူတွေကို အပြစ်တရားကနေ လွတ်မြောက်တဲ့နည်းလမ်းကိုပေးနိုင်တဲ့ ခရစ်တော်အယောင်ကိုဆောင်တဲ့သူ ဘယ်သူမှ ကျွန်မတို့ မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် ခရစ်တော်အယောင်ကိုဆောင်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ အနှစ်သာရ၊ သြဇာအာဏာ ဒါမှမဟုတ် ဘုန်းတန်ခိုးမရှိတာကြောင့်ပါ။ သူတို့ဟာ လူတွေကို လှည့်စားဖို့အတွက် နိမိတ်လက္ခဏာတွေနဲ့ အံ့သြဖွယ်ရာတွေပြပြီး သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ရိုးရှင်းတဲ့အလုပ်တချို့ကိုသာ အတုခိုးနိုင်ပေမဲ့ သခင်ယေရှု သေခြင်းကနေ ရှင်ပြန်ထမြောက်ခြင်း၊ မုန့်ငါးလုံး၊ငါးနှစ်ကောင်နဲ့ လူငါးထောင်ကိုကျွေးခြင်းလိုမျိုး ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ဘုန်းတန်ခိုးပါဝင်တဲ့ ကြီးမားဆန်းကျယ်တဲ့ အံ့သြဖွယ်ရာတွေဟာ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေ ဘယ်တော့မှ အတုမခိုးနိုင်တဲ့အရာတွေပါပဲ။” ကျွန်မ လက်ခံပြီး ခေါင်းညိတ်သည်။ “ ဟုတ်တယ်။ ဘုရားသခင်က သူ့အမှုတော်ကို ထပ်ပြီးမလုပ်ဘူး။ ဘုရားသခင်ရဲ့ အမှုတော်အဆင့်တစ်ခုစီက အရင်အဆင့်ရဲ့ လုပ်ဆောင်မှုပေါ်မှာ တည်ဆောက်ပြီး တစ်ဆင့်ချင်းတက်သွားပါတယ်။ လူတွေဟာ ပညတ်တော်ကာလမှာ ပညတ်တော်အားဖြင့် သေဖို့ စီရင်ခံရတဲ့ အန္တရာယ်မှာရှိပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်ကို သေခြင်းကနေ ကယ်တင်ဖို့အတွက် သခင်ယေရှုဟာ သူကိုယ်တိုင် ရွေးနှုတ်ခြင်းအမှုကိုပြုပြီး လူတွေအပေါ်ကို ကြွယ်ဝတဲ့ ကျေးဇူးတော်တွေ ပေးအပ်ဖို့အတွက် ကြွလာခဲ့ပါတယ်။ လူသားမျိုးနွယ်က သခင်ယေရှုရဲ့ ကယ်တင်ခြင်းဆုကျေးဇူးတော်ကို လက်ခံခဲ့တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာကို လက်ခံရရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့သဘောသဘာဝကနေ မလွတ်မြောက်ပါဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘုရားသခင်ရဲ့အိမ်တော်ကနေစတဲ့ တရားစီရင်ခြင်းအမှုကိုပြုပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး အပြစ်ရဲ့ချည်နှောင်ခြင်းကနေ လွတ်မြောက်ဖို့အခွင့်ကိုပေးတဲ့ တရားစီရင်ခြင်းအမှုကို ဖော်ပြဖို့အတွက် လူ့ဇာတိခံယူပြီး ကြွလာခဲ့ပါတယ်။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေဟာ သမ္မာတရားကင်းမဲ့ပြီး ခေတ်ကာလတစ်ခုကို အစပြုတဲ့ ဒါမှမဟုတ် အဆုံးသတ်စေတဲ့ အမှုကို မလုပ်နိုင်သလို ကျွန်မတို့ကို စာတန်ရဲ့ မှောင်မိုက်လွှမ်းမိုးမှုကနေ မကယ်တင်နိုင်ပါဘူး ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို မပေးနိုင်ပါဘူး။” ပြီးနောက်တွင် ကျွန်မ၏ ညီအစ်မသည် သမ္မာတရား၏ အချက်အလက်များစွာတို့ကို မိတ်သဟာယပြုခဲ့သည်။ သူမပြောသည်ကို နားထောင်ပြီးနောက်တွင် ကျွန်မသည် အလွန်ပင် စိတ်လှုပ်ရှားပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်လည်ကြွလာသည့် သခင်ယေရှုဖြစ်သည်မှာ သေချာခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ သခင့်အား နှစ်ပေါင်းများစွာယုံကြည်ပြီး သခင်ပြန်လည်ကြွလာခြင်းကို မျှော်လင့်တောင့်တသော်လည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောလာဟလများနှင့် အလိမ်အညာများကြောင့် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါမှ စူးစမ်းလေ့လာခြင်းမရှိသည့် အစ်မချန်အား ကျွန်မ တွေးမိပြီး သူမအား ဤသတင်းကောင်း ပြောဖို့ထက် ကျွန်မ ဘာကိုမှမလိုချင်ခဲ့ပါ။ ကျွန်မ အိမ်ပြန်ရောက်သည့်အခါတွင် အစ်မချန်အား သူမ အွန်လိုင်းတွင် တွေ့ရသည့် ကောလာဟလများသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အား အသေရဖျက်ပြီး တိုက်ခိုက်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီမှ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း၊ သူမသည်လည်း နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို စူးစမ်းလေ့လာသင့်ကြောင်း သူမအား ပြောပြရန်အတွက် မက်ဆေ့ချ်တစ်စောင်ကို ချက်ချင်းပို့ခဲ့သည်။ သူမသည် စူးစမ်းလေ့လာရန်အတွက် ငြင်းပယ်ရုံတင်မကဘဲ ကျွန်မအား အဆိုးမြင်သည့် ဗီဒီယိုများကို ဆက်ပို့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အား ဝေဖန်ရှုတ်ချသည့်စကားများကို ပြောကာ ကျွန်မအား “ အခုခေတ်ကမ္ဘာမှာ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေ အများကြီးရှိတယ်။ နင် သူတို့ကို ခပ်ပေါ့ပေါ့နဲ့ ယုံကြည်လက်ခံတာမျိုး မလုပ်သင့်ဘူး။ နင် သခင့်ကိုယုံကြည်တာမကြာသေးတော့ ခွဲခြားသိမြင်နိုင်ခြင်း မရှိတော့ဘူး။ ငါက သခင့်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့တာပါ။ ငါမှားတယ်လို့ နင်က တကယ်ထင်တာလား။” ဟုပြောသည့်အခါ ကျွန်မ အံ့သြခဲ့ရသည်။ ကျွန်မသည် ဤသို့ပြော၍ သူမအား ဆွဲဆောင်ဖို့ ကြိုးစားခဲ့သည်။ “ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေကို သတိထားတာက မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်း အဆိုးမြင်ပြီး သူတို့ကို သတိထားကာကွယ်ပြီး သခင့်ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စူးစမ်းလေ့လာဖို့အတွက် ငြင်းပယ်ရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်မရှိနေဘူးလား။ သခင်က သူနောက်တစ်ခါပြန်လာမယ်လို့ ကျွန်မတို့ကို ပြောခဲ့တယ်။ ဒါက သူဟာ နောက်ဆုံးသောကာလမှာ ပြန်ကြွလာမယ်လို့ ဆိုလိုတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်လည်ကြွလာတဲ့ သခင်ယေရှုပါ။ ပြီးတော့ အစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်သရွေ့ ဘုရားသခင်ရဲ့ အသံတော်ကို အစ်မကြားရမှာပါ။” ကျွန်မ မည်သို့ပြောပါစေ သူမသည် နားမထောင်ဘဲ သူမ၏ အယူအဆများဖြင့် ခေါင်းမာစွာ ပိတ်ဆို့နေခဲ့သည်။ ကျွန်မ အလွန်ပင် စိတ်ပျက်ခဲ့ရသည်။ တစ်နေ့တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို ကျွန်မဖတ်သည်။ “ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများ အတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်ကိုယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုရ။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ ယုံကြည်ရာတွင် အလွတ်သဘောဖြင့်သော်လည်းကောင်း၊ သတိမပြုဘဲသော်လည်းကောင်း မရှိရ။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးစားမှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်းသတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများ သည် ဝင့်ဝါခြင်းဒုက္ခ ခံစားနေကြ၏။” ဟုတ်သည်။ ဘုရားသခင်သည် ကျွန်မတို့ကို ယုံကြည်ခြင်းလမ်းကြောင်းအား ဂရုတစိုက်ကိုင်တွယ်ရန် အကြံပေးသည်။ ကျွန်မတို့သည် ဘုရားသခင်အား ကြောက်ရွံ့သည့် နှလုံးသားဖြင့် ဘုရားသခင်၏ အမှုတော်ကို အလေးထားရမည်။ သမ္မာတရားကို ရှာဖွေရန် သင်ယူရမည်ဖြစ်ပြီး ကျွန်မတို့၏ မာနကြီးသည့် စိတ်သဘောထားများက ဘုရားသခင်၏ အမှုတော်ကို ပေါ့ပေါ့တန်တန်ဖြင့် ဝေဖန်ခြင်း သို့မဟုတ် ရှုတ်ချခြင်းတို့ ပြုလုပ်ခွင့် မပြုရပေ။ အစ်မချန်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပုံကို ကျွန်မ တွေးမိသည်။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အပေါ် သူမ၏ သဘောထားတွင် နှိမ့်ချခြင်း သို့မဟုတ် ရှာဖွေရန် ဆန္ဒတို့ မရှိပေ။ သခင်ပြန်ကြွလာသည်ကို သူမ ကြားရသည့်အခါတွင် သူမသည် သမ္မာတရားကို ရှာဖွေရန် လုံးဝ ဆန္ဒမရှိဘဲ ဤသို့ပြုလုပ်ရမည့်အစား သူမကိုယ်တိုင်၏ မာနကြီးသည့် စိတ်သဘောထားအား နားထောင်ကာ သူမကိုယ်တိုင်၏ အယူအဆများ၊ စိတ်ကူးထင်မြင်ချက်များအား ခေါင်းမာစွာ ကိုင်ဆောင်ထားသည်မှာ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ရှုတ်ချခြင်းပြုလုပ်သည်အထိပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖွင့်ပြထားသည့် မာနကြီးမှု အတိအကျပင် မဟုတ်ပါလား။ ကျွန်မ ဘုရားသခင်ရှေ့သို့ လာရောက်ခဲ့သည့် ဖြစ်စဉ်ကို စဉ်းစားသည့်အခါတွင် ကျွန်မသည် အလွန်ပင် ကံကောင်းသည်ဆိုသည်ကို သိမြင်ခဲ့ရသည်။ ဘုရားသခင်သည် ကျွန်မအပေါ်တွင် သနားကရုဏာသက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အသစ်တို့အား ကျွန်မနှင့် စိတ်ရှည်စွာ မိတ်သဟာယပြုရန်၊ ဘုရားသခင်၏ အမှုတော်အား နားလည်ခြင်းကို ပေးရန်၊ ဘုရားသခင်၏ ခြေလှမ်းတော်တို့နောက်သို့ လိုက်ခွင့်ပြုရန်အတွက် ကျွန်မ၏ အစ်မကို အသုံးပြုခဲ့သည်။ သမ္မာတရားအား နှိမ့်ချစွာ ရှာဖွေပြီး လိုချင်တောင့်တသည့်သူများသာ ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သည်ဆိုသည်ကိုလည်း ကျွန်မ သိမြင်ခဲ့ရသည်။ အောက်ခြေမှတ်စုများ- က။ မူရင်းစာသားမှာ “ အနေနှင့်” ဖြစ်သည်။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|