အင်ဒိုင်း၊ တောင်ကိုရီးယား ဤနှုတ်ကပတ်တော်များသည် ထိုသို့သော သြဇာအာဏာကို သယ်ဆောင်သဖြင့် ဘုရားသခင်၏ အသံတော် ဖြစ်ရပေမည် ညီမ ဂျင် မိတ်သဟာယပြုခဲ့သည့် အရာမှာ အလွန်ဆန်းသစ်ပြီး သစ်လွင်သည်၊ ဘာသာတရားထဲတွင် ယခင်က ကျွန်မ လုံးဝမကြားဖူးသည့် အရာများဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ သူမ၏ မိတ်သဟာယမှတဆင့်၊ ယခင်က ကျွန်မ နားမလည်ခဲ့သည့် သမ္မာကျမ်းစာထဲက ကျမ်းချက်များစွာကို ကျွန်မ နားလည်လာခဲ့ပြီး၊ သူမကို ကျွန်မ အလွန်လေးစားမိပါသည်။ ကျွန်မက သူမကို၊ “ညီမ၊ သခင့်ကို အစ်မတို့အားလုံး ယုံကြည်ကြတယ်လေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး အသင်းတော်တွေထဲက ခြောက်ကပ်မှုအတွက် အကြောင်းရင်းတွေအကြောင်းကို ညီမက အရမ်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်တာလဲ။ ပြီးတော့၊ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အစ်မတို့ ဘယ်မှာ သွားရှာနိုင်လဲ” ဟု မေးလိုက်သည်။ ဤအချိန်တွင်၊ ညီမ ကာအိုက၊ “အစ်မ၊ ကျမ်းပိုဒ်အနည်းငယ်ကို အရင်ဆုံး ဖတ်ကြရအောင်ပါ၊ ပြီးရင် အစ်မ နားလည်သွားပါလိမ့်မယ်”ဟု ဆိုလေသည်။ ညီမက ဖတ်ရှုပါသည်၊ “ဘုရားသခင်သည် ဤအချက်အား ပြည့်စုံစေမည် ဖြစ်သည်၊ စကြဝဠာ တစ်လျှောက်လုံး၌ ရှိသော လူများကို သူ့ရှေ့မှောက်သို့ ပြန်လာစေမည်။ ပြီးလျှင် ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေမည်။ အခြားနေရာများ၌ ရှိသော သူ၏ အမှုသည် ရပ်တန့်သွားမည်ဖြစ်ပြီး လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဤအရာသည် ယောသပ်ကဲ့သို့ပင် ဖြစ်လိမ့်မည်။ လူတိုင်းသည် အစားအစာကိုရဖို့ သူ့ထံလာကြသည်၊ ပြီးလျှင် သူ့ရှေ့၌ ဦးညွှတ်ကြသည်၊ အဘယ့်ကြောင့်ဆိုလျှင် သူ၌ အစားအစာရှိသောကြောင့် ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းလွတ်ဖို့ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဘာသာရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ် ခေါင်းပါးခြင်းဒဏ်ကို ခံနေရပြီး ယနေ့ကာလ၏ ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်စမ်းရေတွင်း ဖြစ်ကာ လူများကို ဝမ်းမြောက်ခြင်းများ ထောက်ပံ့ပေးနေပြီး ရေမပြတ်သော စမ်းရေတွင်းကိုလည်း ပိုင်ဆိုင်ထားသည်။ လူများသည် သူ့ထံလာပြီး သူ့ကို မှီခိုကြလိမ့်မည်။” “ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းတစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါရှိခဲ့သော ဘုန်းတန်ခိုးကို မြင်စေမည်။ လွန်လေပြီးသော ကာလများစွာက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်။ မရေတွက် နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏အရှင်၊ တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များမှ ညှဉ်းပန်းခဲ့သည့် ငါ၏ရုပ်သွင် အပြည့်အဝကို ကြည့်စေမည်။ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုထမ်းပြီး အမှုကြီးကို ဆောင်ရွက်မည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ဖော်ပြမည်။ ယုဒပြည်တွင် ငါ၏ဘုန်းတန်ခိုး မရှိစေတော့ရန် ငါသည် ဘုန်းတန်ခိုးကို လွန်ခဲ့သောကာလများစွာက ယူလိုက်ကာ အရှေ့တိုင်းသို့ ယူဆောင်ခဲ့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ ငါ့ကို နှစ်ပေါင်းများစွာ စောင့်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကိုညှဉ်းပန်းသူလူသားမျိုးနွယ် အားလုံးအား ဘုန်းထင်ရှားသည့် ငါ၏မျက်နှာတစ်ခုလုံး ပြမည်။ နောက်ဆုံးသောကာလ ရောက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။” သူမ ဖတ်ရှုခြင်း ပြီးစီးပြီးနောက်၊ ဤစကားများက အလွန့်အလွန် ဆန်းသစ်ပြီး သစ်လွင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို သယ်ဆောင်ပြီး မည်သူမဆို ပြောနိုင်သည့် စကားများ မဟုတ်ကြောင်းကို ကျွန်မ ခံစားမိခဲ့သည်။ ထို့ကြောင့် ကျွန်မက ညီမကို၊ “ဒီစကားတွေက ဘယ်က လာတာလဲ။ အရင်က အဲဒီလို စကားတွေကို အစ်မ မကြားဖူးဘူး” ဟု မေးလိုက်သည်။ ညီမ ကာအိုက စိတ်လှုပ်ရှားစွာဖြင့်၊ “အစ်မ၊ သတင်းကောင်းတစ်ချို့ကို အစ်မကို ပြောမယ်နော်။ ကျွန်မတို့ တောင့်တခဲ့ကြတဲ့ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပါပြီ၊ ပြီးတော့ သမ္မာတရားများစွာကို သူ ဖော်ပြပြီး နိုင်ငံတော်ခေတ် အမှုတော်ဖြစ်တဲ့ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို သူ ဆောင်ရွက်နေပါတယ်။ ဒါက ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေကို တိတိကျကျ ပြည့်စုံစေပါတယ်- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) အနန္တတန်ခိုးရှင် ဘုရားသခင်က သန်းချီ နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီ၊ ကျမ်းစာထဲမှာရှိတဲ့ နက်နဲမှုများစွာကို ထုတ်ဖော်ပြပြီးပြီ၊ ပြီးတော့ သူ့ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်နဲ့ပတ်သက်တဲ့ အတွင်းပိုင်း ဇာတ်ကြောင်း၊ ကောင်းနိုင်ငံတော်ထဲကို ကျွန်မတို့ ဘယ်လိုဝင်နိုင်တယ်ဆိုတာနဲ့ လူသားမျိုးနွယ်အတွက် အဆုံးသတ်နဲ့ နောက်ဆုံး ခရီးပန်းတိုင်လို အမှုအရာတွေကို သူက ကျွန်မတို့ကို ပြောပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမတော်နဲ့ ကျွန်မတို့ ဆုတောင်းပြီး ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အမီလိုက်သရွေ့၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေကို အမှီလိုက်မှာဖြစ်ပြီး ကျွန်မတို့ရဲ့ ခြောက်ကပ်တဲ့ ဝိညာဉ်တွေဟာ အားဖြစ်ပြီး ရေလောင်းခံရမှာဖြစ်ပါတယ်။ ကျွန်မဖတ်လိုက်တဲ့ ကျမ်းပိုဒ်နှစ်ပိုဒ်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မတို့ မိတ်သဟာယပြုခဲ့တဲ့ ဘာသာရေး လောကထဲက ခြောက်သွေ့မှုအတွက် အကြောင်းရင်းတွေကလည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ထုတ်ဖော်ပြထားတာပါ။ ဒါက ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ ပညာဉာဏ်ကို တွေ့မြင်ခွင့်ပေးပြီး၊ သူက သမ္မာတရားကို ချစ်တဲ့သူတွေနဲ့ သူ့ရဲ့ ပေါ်ထွန်းခြင်းကို တမ်းတသူတွေကို မဖယ်ရှားဘဲ၊ အဲဒီအစား ကျွန်မတို့က သူ့ရဲ့အလိုတော်ကို သဘောပေါက်ဖို့နဲ့ သူ့ရဲ့ ခြေလှမ်းတွေကို ရှာဖွေဖို့ ကျွန်မတို့ရဲ့ ဝိညာဉ်ရေးရာ ငတ်မွတ်ခေါင်းပါးခြင်းကို သူ အသုံးပြုခဲ့တယ်ဆိုတာကို မြင်ခွင့်ပေးပါတယ်။ သူက ဘယ်ဂိုဏ်းဂဏမဆိုထဲက သမ္မာတရားကို အမှန်တကယ် ချစ်တဲ့သူအားလုံးနဲ့ ဘုရားသခင်ကို သူ့ရဲ့ ပလ္လင်တော်ရှေ့မှာ စိတ်ရင်းအတိုင်း ယုံကြည်ကြတဲ့သူတွေကို ဦးဆောင်ဖို့ ဒါကို လုပ်ဆောင်တာဖြစ်ပါတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသံတော်ကို နားဆင်ပြီး နောက်ဆုံးသော ကာလ သူ့ရဲ့ အမှုတော်ကို လက်ခံတဲ့သူတွေပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ပြန်ရရှိနိုင်တယ်၊ ပလ္လင်တော်ကနေ စီးဆင်းတဲ့ အသက်ရေရဲ့ အထောက်အပံ့ကို ရနိုင်သလို ခြောက်ကပ်မှုကို နောက်မှချန်ထားနိုင်ပါတယ်။ တစ်ယောက်ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ငြင်းပယ်ရင်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမမှုနဲ့ တရားစီရင်ခြင်းကို တွေ့ကြုံဖို့နဲ့ သန့်စင်ခံရဖို့ အခွင့်ရှိမှာမဟုတ်သလို၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ သူတို့ရဲ့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။” ညီမ ကာအို ပြောသည့်အရာကို နားထောင်ပြီးနောက်တွင်၊ ကျွန်မ ဖော်ပြလို့ရသည့် စိတ်လှုပ်ရှားမှု အာရုံတစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ အိပ်မက်မက်နေခဲ့သလို ကျွန်မ ခံစားခဲ့ရသည်- သခင် အမှန်တကယ် ပြန်ကြွလာပေပြီ။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်းကြောင့် မဟုတ်လျှင်၊ အသင်းတော်များထဲက ခြောက်ကပ်ခြင်းအတွက် အကြောင်းရင်းများကို မည်သူက နားလည်နိုင်ခဲ့လိမ့်မည်နည်း။ ကျွန်မကို သူတို့ ဘုရားကျောင်းဆီ ခေါ်သွားဖို့ ညီအစ်မများကို တောင်းဆိုရန် မစောင့်နိုင်အောင်ဖြစ်ခဲ့ပြီး၊ သူတို့ နှစ်ဦးလုံးက၊ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်၊ ဘုရားသခင်ရဲ့ သိုးက သူ့ရဲ့ အသံတော်ကို ကြားပြီ” ဟု ဆိုခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်မ လာခဲ့ပြီးသည့်နောက်တွင်၊ ညီအစ်ကို မောင်နှများထံမှာ နွေးနွေးထွေးထွေး ကြိုဆိုမှုကို ကျွန်မ ရခဲ့ပြီး သူတို့က ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့်ဆိုင်သော အတွင်းပိုင်းဇာတ်ကြောင်းနှင့် ဘုရားသခင့် နာမတော်၏ အရေးပါမှုတို့အပေါ် အသေးစိတ် မိတ်သဟာယပြုပေးခဲ့ကြပါသည်။ ကျွန်မ နားထောင်သည့်အချိန်တွင်၊ ကျွန်မ နှလုံးသားထဲတွင် ပြင်းပြသော မီးလျှံ စတင်တက်လာပြီး ကျွန်မ နားထောင်လေလေ၊ ပိုနားထောင်ချင်လေလေ ဖြစ်ခဲ့သည်။ ညီအစ်ကို မောင်နှမများ၏ စေ့စပ်သော မိတ်သဟာယမှတဆင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ရန်အလို့ငှာ ဘုရားသခင်သည် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို စတင်ခဲ့ပြီး အဆင့်တစ်ခုချင်းစီက ယခင်အဆင့်တစ်ခုထက် ပိုမို မြင့်မာပြီး ပိုမိုနက်နဲခြင်းဖြင့် အမှုတော် အဆင့်သုံးဆင့်ကို သူ ဆောင်ရွက်သည်ကို ကျွန်မ နားလည်လာခဲ့သည်။ ရွေးနုတ်ခြင်း အမှုကို ဆောင်ရွက်ခြင်းအားဖြင့်၊ သခင်ယေရှုက လူသားမျိုးနွယ်ကို ပညတ်တရား၏ ကျေးကျွန်ဘဝမှ ကယ်တင်ခဲ့သော်လည်း၊ ကျွန်မတို့၏ အပြစ်များ ဖြစ်ရသည့်အရင်းအမြစ်ကို မဖြေရှင်းခဲ့သောကြောင့် နေ့အချိန်တွင် အပြစ်ပြုပြီး ညတွင် ဝန်ချသည့် အခြေအနေတစ်ခုတွင် ကျွန်မတို့ အသက်ရှင်ကြဆဲဖြစ်ပါသည်။ ယခုတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ကြွလာပြီဖြစ်ပြီး သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ် အခြေပြုကာ ဘုရားအိမ်တော်က အစပြုသည့် တရားစီရင်ခြင်း အမှုတော် အဆင့်တစ်ခုကို ဆောင်ရွက်နေပါသည်၊ ပြီးလျှင် လူကို အပြစ်တရား၏ ချည်နှောင်မှုများကို လုံးလုံးလျားလျား ဖယ်ရှားနိုင်စေဖို့ရန်၊ သန့်စင်ခံရဖို့ရန်နှင့် စစ်မှန်သော ကယ်တင်ခြင်းကို ရယူနိုင်စေဖို့ရန် သမ္မာတရားုအားလုံးကို သူဖော်ပြနေပါသည်။ ညီအစ်ကို မောင်နှမများက “ကောင်းမြတ်သော ကာနန်ပြည်ထဲက ပျော်ရွှင်မှု”ဟု ခေါ်သည့် အကဗွီဒီယိုတစ်ခုကိုလည်း ကျွန်မအတွက် ဖွင့်ပေးခဲ့ကြပြီး ဗွီဒီယိုထဲက ညီအစ်ကို မောင်နှများ ပျော်ရွှင်စွာနှင့် ပူပင်ကြောင့်ကြမဲ့စွာ ကခုန်နေကြသည်ကို ကျွန်မ ကြည့်ရှုခဲ့ရသည်။ သခင့်ကို အရင်ဆုံး စယုံကြည်ခဲ့သည့် အချိန်ကို ကျွန်မ ပြန်ရောက်သွားသကဲ့သို့ ကျွန်မနှလုံးသား တို့ထိခံခဲ့ရပါသည်၊ ပြီးလျှင် အလွန်ရှည်ကြာစွာ မိုးခေါင်ခဲ့ပြီး နွေဦးမိုးရေအားဖြင့် ရုတ်တရက် ရေလောင်းခံရကာ အဟာရရရှိသည့် ပျိုးပင်တစ်ပင်အလား ကျွန်မ ပျော်မွေ့မှုကို ခံစားခဲ့ရသည်။ ကျွန်မ အလွန်စိတ်လှုပ်ရှားမိခဲ့သည်၊ ကျွန်မ၏ မျက်လုံးများက မျက်ရည်များနှင့် ပြည့်လျှမ်းနေခဲ့ပြီး ကျွန်မ နှလုံးသားထဲတွင် သခင့်ကို ဆက်ကာ ကျေးဇူးတင်မိခဲ့သည်။ ပြန်ဖို့ အချိန်ရောက်လာခဲ့သည့်အခါ၊ ညီအစ်ကို မောင်နှမများက “သိုးသငယ်ဖွင့်သည့် စာစောင်” ဟု အမည်ရသည့် စာအုပ်တစ်အုပ်ကို ကျွန်မကို ပေးခဲ့ပြီး ကျွန်မ အိမ်ပြန်ရောက်သည့်အခါ ကောင်းကောင်းဖတ်ရန် ပြောခဲ့ကြသည်။ အိမ်ကို ကျွန်မ ပြန်သွားသည့်အချိန်တွင်၊ ကျွန်မ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေဖို့ခက်သည်ကို ကျွန်မတွေခဲ့ရပြီး၊ ဒါတကယ်အမှန်ပဲလား၊ သခင့်ကို ကျွန်မ တကယ် ကြိုဆိုနိုင်မှာလား။ ဟု ကျွန်မ တွေးခဲ့သည်။ ယခင်က ကျမ်းစာကို ကျွန်မ ဖတ်သည့်အချိန်တွင်၊ သခင်ယေရှုနောက်လိုက်သည့် တပည့်တော်များကို ကိုယ်တော်၏ အသံတော် ကြားနိုင်ကြသည့်အဖြစ်အတွက် အမြဲအလွန် အားကျမိခဲ့ပါသည်။ ကျွန်မ၏ စိတ်ဆန္ဒ အမှန်တကယ် ဖြစ်လာနိုင်မည်လော။ ထို့နောက် “သိုးသငယ်ဖွင့်သည့် စာစောင်” မှ ကျမ်းတစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့သည်- “ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ– ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။” ဤစကားများသည် သြဇာအာဏာနှင့် တန်ခိုးတို့ကို သယ်ဆောင်ပြီး မည်သည့် သာမန်လူကမျှ ၎င်းတို့ကို ပြောနိုင်မည်မဟုတ်ဟု ကျွန်မခံစားရသည်။ ဘုရားသခင်ကလွဲ၍၊ သူ၏ နေရာတွင် မည်သူက ပြောဆိုဝံ့လိမ့်မည်နည်း။ ကျွန်မ စိတ်နှလုံးထဲတွင်၊ ဤစကားများက ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု ကျွန်မ သေချာလာခဲ့သည်။ ကျွန်မ အလွန် စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။ သခင် အမှန်တကယ် ပြန်ကြွလာပေပြီ။ ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်သည်၊ ခေတ်သစ်ကို သူဆောင်ကျဉ်းနိုင်ပြီး ခေတ်များကို အဆုံးတစ်ခုသို့ ပို့နိုင်သည်။ ညီအစ်မများ မိတ်သဟာယပြုခဲ့ကြသည့် အမှုတော်၏ အဆင့်သုံးဆင့်— ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ် နှင့် နိုင်ငံတော်ခေတ်— တို့ကို တစ်ပါးတည်းသော ဘုရားသခင်က အားလုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ပါသည်။ အဖိုးတန်ရတနာအချို့ကို ရှာတွေ့လိုက်သကဲ့သို့ ကျွန်မ ခံစားရင်း ဘုရားသခင်၏နှုတ်ကပတ်တော် စာအုပ်ကို ကျွန်မ ရင်ဘတ်တွင် ဆုပ်ကိုင်ထားမိခဲ့ပြီး၊ ဤလမ်းခရီးကို လေးလေးနက်နက် လေ့လာဆန်းစစ်မည်ဟု ကျွန်မ ဆုံးဖြတ်လိုက်ပါသည်။ သခင်၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကျွန်မ ကြိုဆိုပြီး အသက်ရေစီးရာ စမ်းရေတွင်း၏ အထောက်အပံ့ကို ရရှိသည် နောက်အပတ်များတွင်၊ကျွန်မ နေ့တိုင်း ဘုရားကျောင်းတက်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ဖြစ်လိမ့်မည်ဟု ကျွန်မတွေးထင်ခဲ့သည့် အရာနှင့် ထို့ထက်ပို၍ အမှန်တကယ် အရာခပ်သိမ်းဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ လူ၏ ဖောက်ပြန်ပျက်ဆီးသည့် အနှစ်သာရကို ထုတ်ဖော်ပြသည့် ကျမ်းပိုဒ်များ၊ အသိပေး၊ အကြံပေးသည့်၊ ခွန်အားပေးပြီး နှစ်သိမ့်သည့် ကျမ်းပိုဒ်များနှင့် လူတို့ကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းများကို ပြသသည့် ကျမ်းပိုဒ်များ၊ စသဖြင့် ရှိပါသည်။ ဘုရားသခင်က သန့်ရှင်းသော ဝိညာဉ်တော်၏ ရှုထောင့်မှဖြစ်စေ စကားပြောနေသည်ဖြစ်စေ၊ လူသား၏ ရှုထောင့်မှ စကားပြောနေသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ တပတ်တကုတ် ကြိုးစားအားထုတ်မှုများကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပါသည်။ ကျွန်မ၏ အရင်ဘုရားကျောင်းက ဝတ်ပြုအစည်းအဝေးများ တက်ခဲ့သည့် အချိန်၊ သင်းအုပ်ဆရာက သူ၏ တရားဒေသနာကို စတင်လိုက်သည်နှင့်တပြိုင်နက် ကျွန်မ အိပ်ချင်မူးတူးဖြစ်ခဲ့ပုံနှင့် ကျမ်းစာထဲကို အာရုံလုံးဝ မရောက်နိုင်ခဲ့ပုံတို့ကို ကျွန်မ ပြန်တွေးမိခဲ့သည်။ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ၊ ၎င်းတို့ကို ကျွန်မ ပိုဖတ်လေ၊ ပိုမိုအားရှိလေလေ ခံစားရပြီး၊ ကျွန်မ၏ နှလုံးသားထဲတွင် အလင်းပိုမိုပြည့်လာသည်။ ထို့အပြင်၊ ဘုရားကျောင်းတွင် ဝတ်ပြုအစည်းအဝေးများကို ကျွန်မ တက်ရောက်သည့်အခါ၊ ညီအစ်ကို မောင်နှများနှင့်အတူတကွ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ကျွန်မတို့၏ အတွေ့အကြုံများနှင့် အသိပညာများကို ကျွန်မ မိတ်သဟာယပြုခဲ့သည်၊ နေ့တစ်ရက်စီတိုင်းတွင် အလင်းသစ်ကို ကျွန်မ တွေ့ကြုံနေရသလို ခံစားခဲ့ရပြီး ကျွန်မနှလုံးသားထဲတွင် အင်မတန်လွတ်မြောက်မှုနှင့် ပျော်မွေ့မှုတို့ကို ကျွန်မ ခံစားခဲ့ရသည်။ ယခု သန့်ရှင်းသော ဝိညာဉ်တော်က ဆောင်ယူလာခဲ့သည့် ပျော်မွေ့ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ကျွန်မ ကြုံတွေ့နေရသကဲ့သို့၊ ဤအရာက ယခင် အသင်းတော်ထဲတွင် သခင့်ကို ကျွန်မ ပထမဆုံး စယုံကြည်ခဲ့သည့်အချိန်က အခြေအနေနှင့် သိသိသာသာ ဆန့်ကျင်ကွဲလွဲမှုကို ဖြစ်စေခဲ့သည်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု မဆက်ကပ်ဘဲ မနေနိုင်ခဲ့ပါ၊ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မရဲ့ ကျေးဇူးတင်ရှိခြင်းနဲ့ ချီးမွမ်းခြင်းတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါတယ်။ အလွန်အရေးမပါလှတဲ့ ကျွန်မလို လူက ဒီနေ့မှာ ကိုယ်တော်ရဲ့ အသံတော်ကို ကြားနိုင်ရတာဟာ ကျွန်မ ဘဝမှာ ရရှိခဲ့ဖူးသမျှ အကြီးမြတ်သော ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။” နောက်ဆုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် အဟာရဖြည့် အသက်ရေ၏ အထောက်အပံ့များရှိသည့် အသင်းတော်တစ်ခုကို ရှာတွေ့ဖို့ ကျွန်မကို ဦးဆောင်ခဲ့သော ဘုရားသခင်၏ လမ်းပြမှုကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်က ကျွန်မကို ထူမခဲ့ပြီး တစ်လမပြည့်သည့် အချိန်တွင်းတွင်၊ အသင်းတော်ထဲ၌ ကျွန်မ၏ တာဝန်ကို ကျွန်မဆောင်ရွက်ရန် စတင်ခဲ့ပါသည်။ ယခုတွင် နေ့တိုင်း၊ ကျွန်မတွင် အကန့်အသတ်မဲ့ အားအင်ရှိပြီး ကျွန်မ၏ စိတ်ဝိညာဉ်မှာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေပါသည်။ ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကြီးပါစေ။ အပိုင်း တစ်- အသင်းတော် ခြောက်သွေ့ခြင်းကို ဖြေရှင်းရန် နည်းလမ်းကို ကျွန်ုပ်ရှာတွေ့သည် (၁)
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|