ဖြူသောပလ္လင်ကြီး ပေါ်မှ တရားစီရင်ခြင်း၏ ပရောဖက်ပြုချက်သည် မည်သို့ပြီးမြောက်လိမ့်မည်ကို ကျွန်တော်သိသည် နစ်ယန်း၊အမေရိကန်ပြည်ထောင်စု “ တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂) ဤကျမ်းပိုဒ်နှစ်ပိုဒ်ကိုကျွန်တော်ဖတ်သည့်အခါတိုင်းတွင်နောက်ဆုံးသောကာလတွင်ပြန်လည်ကြွလာသည့်သခင်မှလူသားမျိုးနွယ်အားတရားစီရင်နေသည့်ခမ်းနားလှသည့်မြင်ကွင်းကိုကျွန်တော်စိတ်ကူးထင်မြင်ကြည့်မိသည်။ထိုအချိန်ကာလတွင်သခင်ယေရှုသည်သူ၏လက်တွင်လူတိုင်း၏မှတ်တမ်းများရှိပြီးမိုးကောင်းကင်ပေါ်တွင်ပလ္လင်ဖြူကြီးပေါ်၌ထိုင်နေလိမ့်မည်ဖြစ်ပြီးလူအားလုံးကိုကြီးကျယ်ခမ်းနားစွာတရားစီရင်မည်ဟုတွေးထင်မိသည်။ကျွန်တော်သည်ဘုရားသခင်၏သတင်းကောင်းကိုမကြားရမီအထိဤအယူအဆကိုဆက်လက်စွဲကိုင်ထားခဲ့သည်။ ဘုရားသခင်၏ သတင်းကောင်းကို ကျွန်တော် ကြားသိခဲ့သည် ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ၏နေ့တစ်နေ့တွင်ကျွန်တော်သည်အားလပ်ရက်တွင်အခြားပြည်နယ်တစ်ခုကနေအိမ်သို့ပြန်လာခဲ့ပြီးနောက်ကျွန်တော်၏ဇနီးသည်ကျွန်တော်အားပျော်ရွှင်စွာဖြင့်ပြောသည်။” သခင်ယေရှုကလူ့ဇာတိနဲ့ပြန်လာခဲ့ပြီ။နှုတ်ကပတ်တော်တွေဖော်ပြပြီးဘုရားသခင်အိမ်တော်ကနေစတင်တဲ့တရားစီရင်ခြင်းအမှုကိုပြုခဲ့ပြီ။ဒါနဲ့ပတ်သက်တဲ့တရားဒေသနာတချို့ကိုကျွန်မသွားပြီးနားထောင်ခဲ့တယ်။ အဲဒီဒေသနာတွေကနေပြီး ကျွန်မသမ္မာတရားတွေအများကြီးနားလည်ခဲ့ပြီးဝိညာဉ်အာဟာရကိုတကယ်ပဲရခဲ့တယ်။ အဲဒီထက်ပိုပြီး အဲဒီညီအစ်ကိုမောင်နှမတွေကသမ္မာကျမ်းစာနဲ့ပတ်သက်ပြီးဆန်းသစ်ပြီးရှင်းလင်းတဲ့မိတ်သဟာယဖွဲ့ခြင်းပုံစံတွေရှိတယ်။နောက်ပြီးသူတို့ကတော်တော်အကြင်နာတရားကြီးမားတယ်။ဒါနဲ့ကျွန်မသူတို့နဲ့စုဝေးတဲ့အခါမှာအချုပ်အနှောင်မရှိသလိုခံစားရတယ်။မနက်ဖြန်ကျရင်ကျွန်မနဲ့အတူသူတို့ပြောတာကိုနားထောင်ကြည့်ပါလား။” ဤသို့ပြောခြင်းကိုကျွန်တော်ကြားရပြီးနောက်အံ့သြတကြီးနှင့်ပြောလိုက်သည်။” ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။ဗျာဒိတ်ကျမ်းမှာရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။သခင်ပြန်ကြွလာတဲ့အခါမှာမိုးကောင်းကင်ပေါ်မှာပုလ္လင်ဖြူကြီးပေါ်ထိုင်ပြီးလူတိုင်းကသူတို့ရဲ့အသက်တာမှာ လုပ်ခဲ့သမျှ အားလုံးကိုမှတ်သားထားတဲ့စာလိပ်ကိုသူကိုယ်တိုင်ဖွင့်လိမ့်မယ်။အဲဒီအချိန်မှာလူတွေကလေပေါ်ကို ချီမြှောက်ခြင်းခံကြရမယ်။သူတို့အသက်တာတလျှောက်လုံးမှာကျူးလွန်ခဲ့တဲ့သူတို့ရဲ့အပြစ်တွေကိုကိုယ်တိုင်ဝန်ခံပြီးသခင်ရဲ့ဖြောင့်မတ်တဲ့တရားစီရင်မှုကိုလက်ခံရမယ်။ဒါပေမဲ့အခုထိတော့ဒီလိုမြင်ကွင်းမျိုးမမြင်ရသေးဘူး။ဒီတော့သခင်ပြန်ကြွလာပြီဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ။” ပြီးလျှင်ကျွန်တော်သူမကိုသတိပေးလိုက်သည်။” ဒီကမ္ဘာမှာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာမရှိဘူး။မင်းအနေနဲ့ဂရုစိုက်သင့်တယ်။သူများတွေလိမ်တာမခံရစေနဲ့။” သူမကပြောသည်။” ဒီကမ္ဘာမှာချစ်ခြင်းမေတ္တာဆိုတာမရှိဘူးဆိုတာမှန်ပါတယ်။ဒါပေမယ့်သူတို့ကဘုရားသခင်ကိုအမှန်တကယ်ယုံကြည်သူတွေပါ။ပြီးတော့သာမန်လူတွေနဲ့တော်တော်ကိုကွဲတယ်။မနက်ဖြန်ကျရှင်သူတို့ကိုတွေ့ရင်သိပါလိမ့်မယ်။” သူမကဤသို့ပြောသည်ကိုကြားရသည့်အခါကျွန်တော်အနည်းငယ်သိလိုစိတ်ဖြစ်သွားခဲ့သောကြောင့်ကျွန်တော်၏ဇနီးကချီးကျူးသည့်ဤလူများကိုတွေ့ပြီးသူတို့၏တရားဒေသနာများကိုနားထောင်လိုခဲ့သည်။ ကျွန်တော်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များသည် ဘုရားသခင်အား ကျွန်တော်၏ သိကျွမ်းခြင်းအတွက် အတားအဆီးများ ဖြစ်သည် နောက်တစ်နေ့တွင်ကျွန်တော်တို့သည်စီစဉ်ထားသည့်အတိုင်းအစည်းအဝေး ပြုလုပ်ရာနေရာသို့ရောက်ရှိသည့်အခါတွင်ညီအစ်ကိုမောင်နှမများကကျွန်တော်တို့အားစိတ်အားထက်သန်စွာကြိုဆိုခဲ့ကြသည်။သူတို့၏စကားများနှင့်လုပ်ဆောင်မှုများအားနီးကပ်စွာကြည့်ရှုလေ့လာခြင်းအားဖြင့်သူတို့၏စိတ်နှလုံးတို့သည်စစ်မှန်သည်ဆိုသည်ကိုကျွန်တော်ခံစားသိရှိ နိုင်ပါသည်။တဖြည်းဖြည်းနှင့်ကျွန်တော်၏စိတ်နှလုံးသည်တော်တော်ကိုလွတ်မြောက်သွားသလိုခံစားရသည်။ ထို့ထက်ပိုသည်မှာ ဘုရားသခင်၌ယုံကြည်ခြင်းတွင်သူတို့၏ကိုယ်ပိုင်အတွေ့အကြုံများကိုပြောဆိုဆွေးနွေးကြသည်ကိုကြားရသည့်အခါသူတို့၏မိတ်သဟာယဖွဲ့မှုသည်အလွန်လက်တွေ့ကျပြီးဆန်းသစ်မှုရှိသည်ဟုခံစားရသည်။ဤသို့ဖြင့်သူတို့၏နည်းလမ်းသည်လေ့လာစူးစမ်းကြည့်ရန် ထိုက်တန်သည်ဟုကျွန်တော်စဉ်းစားမိသည်။ထို့ကြောင့်တရားဟောကြားခဲ့သည့်အစ်ကိုကိုကျွန်တော်မေးလိုက်သည်။” အစ်ကိုသခင်ယေရှုဟာသူ့ရဲ့တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက်လူ့ဇာတိခံယူပြီးပြန်ကြွလာခဲ့ပြီလို့ကျွန်တော့်ရဲ့ဇနီးကပြောပါတယ်။ဒါပေမဲ့ဗျာဒိတ်ကျမ်းမှာဒီလိုဖော်ပြထားတာကိုကျွန်တော်သတိရပါတယ်။” တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂) ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းဟာ မိုးကောင်ကင်ပေါ်မှာ ဖြစ်ရမယ်လို့ပြောတာက အကျိုးအကြောင်းသင့်ပါတယ်။ သခင် ပြန်ကြွလာတဲ့အခါမှာ သူ့လက်ထဲမှာ မှတ်တမ်းစာအုပ်တွေနဲ့ လေပေါ်က ပလ္လင်ဖြူကြီးပေါ်မှာ ထိုင်ပြီး ယောက်ျား နဲ့မိန်းမတို့ကို သူတို့တစ်ဦးချင်းစီရဲ့ လုပ်ဆောင်မှုအပေါ် အခြေခံပြီး ခမ်းနားကြီးကျယ်စွာ တရားစီရင်တာမျိုး ဖြစ်သင့်ပါတယ်။ သခင်ဟာ တရားစီရင်ခြင်းအမှုကို ကမ္ဘာပေါ်မှာ လုပ်ဆောင်ဖို့အတွက် လူ့ဇာတိခံယူပြီးဖြစ်တယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ။” ကျွန်တော်၏မေးခွန်းကိုကြားပြီးနောက်တွင်သူသည်ခေါင်းငြိမ့်ပြီးလေးနက်စွာပြောသည်။” ဗျာဒိတ်ကျမ်းထဲကရှင်ယောဟန်ရဲ့ရူပါရုံမှတ်တမ်းကိုအခြေခံပြီးခရစ်ယာန်တော်တော်များများကနောက်ဆုံးသော ကာလမှာသခင်နောက်တစ်ဖန်ကြွလာတဲ့အချိန်တရားစီရင်ခြင်းနဲ့ပတ်သက်ပြီးအယူအဆတွေ၊စိတ်ကူးထင်မြင်ချက်တွေအများကြီးရှိကြတယ်။တရားစီရင်ခြင်းအမှုကလေပေါ်မှာလုပ်ဆောင်လိမ့်မယ်လို့သူတို့ယုံကြည်ကြတယ်။သူတို့ရဲ့အတွေးတွေထဲမှာမိုးကောင်းကင်ပေါ်မှာပလ္လင်ဖြူကြီးတစ်ခုရှိနေမယ်။ပြီးရင်အဲဒီပလ္လင်ဖြူပေါ်မှာသခင်ယေရှုရှိလိမ့်မယ်။သူ့ဘေးမှာဖွင့်ထားတဲ့အသက်စာစောင်၊သေခြင်းစာအုပ်နဲ့အတူသခင်ယေရှုဟာလူအားလုံးကိုသူတို့ကျူးလွန်ခဲ့သမျှအပြစ်အားလုံးအတွက်ဖြေရှင်းချက်ထုတ်ဖို့တောင်းဆိုလိမ့်မယ်။ပြီးရင်လူတွေကိုသူတို့ရဲ့ပြုမူဆောင်ရွက်မှုတွေအပေါ်အခြေခံပြီးသူတို့ရဲ့အဆုံးသတ်ကိုဆုံးဖြတ်ပေးမယ်။ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုဟာတော်တော်သဘာဝလွန် ဆန်းပြားလိမ့်မယ်လို့ကျွန်တော်တို့အားလုံးကစိတ်ကူးထင်မြင်ကြပါတယ်။ဒါပေမဲ့ဘုရားသခင်ဟာကျွန်တော်တို့စိတ်ကူးထင်မြင်ချက်နဲ့အညီပြီးမြောက်အောင် လုပ်ဆောင်မှာ လား။နောက်ဆုံးသောကာလဘုရားသခင်ရဲ့တရားစီရင်ခြင်း ဟာမိုးပေါ်မှာဖြစ်မှာလား၊ကမ္ဘာမြေပေါ်မှာဖြစ်မှာလား။အရင်ဆုံးကျမ်းပိုဒ်နှစ်ပိုဒ်ကိုကြည့်ကြည့်ရအောင်။ဗျာဒိတ်ကျမ်း၁၄:၆-၇မှာပြောထားပါတယ်။” မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” ဒီကျမ်းပိုဒ်က ဘုရားသခင်က တရားစီရင်ခြင်းကို ပြုလုပ်တဲ့အချိန်ရောက်တဲ့အခါမှာ လူတွေဟာ မိုးကောင်းကင်ပေါ်မှာမဟုတ်ဘဲ ကမ္ဘာမြေကြီးပေါ်မှာရှိမယ်လို့ ကောင်းကင်တမန်တစ်ပါးက လူတွေကို ပြောတယ်ဆိုပြီး ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်းပြောပြထားပါတယ်။ ဒါကို စဉ်းစားကြည့်ရအောင်။ ကောင်းကင်ဘုံက ဘုရားသခင် ကိန်းဝပ်တော်မူရာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာပဲ အမြဲတမ်း အသက်ရှင်နေထိုင်ခဲ့တဲ့ သေမျိုးတွေဖြစ်ပြီး၊ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရတဲ့ လူသားမျိုးနွယ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တရားစီရင်ခြင်းခံရဖို့အတွက် ကောင်းကင်နိုင်ငံကို ဘယ်လိုတက်သွား နိုင်မှာလဲ။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ခြေထောက်ကို ဦးညွှတ်ပြီး ကမ္ဘာမြေပေါ်မှာ ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်ခံဖို့သာ ထိုက်တန်ပါတယ်။ ဒါက ပိုပြီး လက်တွေ့ကျပါတယ်။” ကျမ်းပိုဒ်တွေကိုသေချာကြည့်ပြီးဤအစ်ကို၏မိတ်သဟာယဖွဲ့မှုကိုစဉ်းစားဆင်ခြင်ကြည့်သည့်အခါတော်တော်အဓိပ္ပါယ်ရှိသည်ဟုခံစားရသည်။သခင်ပြန်ကြွလာ သည့်အခါတွင်သူသည်မိုးကောင်းကင်ပေါ်မှနေ၍တရားစီရင်မည်ဟုကျွန်တော်အမြဲတမ်းယုံကြည်ခဲ့သည်။သို့သော်ထိုအရာသည်လက်တွေ့ကျခြင်းရှိမရှိအားမည်သည့်အခါမျှကျွန်တော်မတွေးတောမိပါ။” ဘုရားသခင်အပေါ်ငါ့ရဲ့ယုံကြည်ခြင်းကရှုပ်ထွေးနေပုံရတယ်။” ဟုကျွန်တော်တွေးမိခဲ့ပါသည်။ သိပ်မကြာမီနောက်ပိုင်းတွင်သူသည်သူ၏ကွန်ပြူတာကိုဖွင့်ပြီးဘုရားသခင်၏နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ပိုဒ်ကိုကျွန်တော့်အားဖတ်ရန်ပြောသည်။” ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ ‘တရားစီရင်ခြင်း’ ဟူသည့်စကားလုံးသည် ‘တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်’ နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်စေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အား မည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ … လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကို နားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ဂရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကို သင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။” ကျွန်တော်ဖတ်ရှုပြီးသည့်အခါသူသည်ဤအရာတို့ကိုမိတ်သဟာယပြုခဲ့သည်။” သခင်ဟာမိုးကောင်းကင်ပေါ်ကနေတရားစီရင်ခြင်းအမှုကိုပြုဖို့အတွက်ကြွလာခြင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့အတွေးအမြင်တွေဟာကျွန်တော်တို့ရဲ့အယူအဆတွေနဲ့စိတ်ကူးထင်မြင်ချက်တွေသာ လုံးလုံးလျားလျားဖြစ်တဲ့ အကြောင်းကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပါတယ်။တကယ်တော့ကျွန်တော်တို့ဟာနိမိတ်လက္ခဏာတွေ၊အံ့သြဖွယ်ရာတွေကိုမမြင်ရသေးပေမဲ့ဘုရားသခင်ဟာသူကြိုတင်သတ်မှတ်ပြီးရွေးချယ်ထားတဲ့လူအုပ်စုကြားမှာသူ့ရဲ့အိမ်တော်ကနေစတဲ့တရားစီရင်ခြင်းအမှုကိုစတင်ဆောင်ရွက်ခဲ့ပြီဖြစ်ပြီးသမ္မာတရားတို့တို့ဖော်ပြပြီးခဲ့ပါပြီ။ဒါဟာဗျာဒိတ်ကျမ်းမှာပရောဖက်ပြုထားသလိုပလ္လင်ဖြူကြီးပေါ်ကတရားစီရင်မှုအတိအကျပဲဖြစ်ပါတယ်။နောက်ဆုံးသောကာလမှာဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကိုလက်ခံပြီးသန့်စင်ခြင်းနဲ့အသွင်ပြောင်းလဲခြင်းကို လက်ခံသူတွေ အားလုံးက ကြီးမားတဲ့ကပ်ဘေးမတိုင်ခင်ဘုရားသခင်ပြုလုပ်ခဲ့တဲ့အောင်မြင်သောသူတွေဖြစ်ပါတယ်။သူတို့ရဲ့အမည်တွေဟာအသက်စာစောင်မှာမှတ်တမ်းပြုစုထားမှာပါ။ဒါဟာလုံးဝဗျာဒိတ်ကျမ်းမှာမှတ်တမ်းရေးမှတ်ထားတဲ့ပရောဖက်ပြုချက်နဲ့အညီပဲဖြစ်ပါတယ်။” ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅)။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံတဲ့လူတွေကို ဘုရားသခင်က စုံလင်စေပြီးတဲ့အခါမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုဟာ နှံ့စပ်စုံလင် မှာဖြစ်ပါတယ်။ ပြီးတဲ့အခါ ဘုရားသခင်ဟာ ကောင်းမြတ်ခြင်းကို ချီးမြှောက်ပြီး ဆိုးယုတ်ခြင်းကို အပြစ်ဒဏ်ခတ်မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံရင် သိပ်နောက်ကျသွားပါမယ်။ ဒါကြောင့် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို နှုတ်ကပတ်တော်အားဖြင့် လက်ခံမှသာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ကာကွယ်ခြင်းအားဖြင့် ကပ်ဘေးကနေ လွတ်မြောက်ရှင်သန်နိုင်မှာပါ” ။ အမှန်တကယ်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤသို့ တရားစီရင်ခြင်းဖြစ်သည် သူ၏မိတ်သဟာယဖွဲ့မှုသည်ကျွန်တော့်အားရုတ်တရက်ဉာဏ်အလင်းပွင့်သွားသလိုခံစားရစေသည်။” တကယ်တော့ဘုရားသခင်ရဲ့အိမ်တော်ကနေစတဲ့တရားစီရင်ခြင်းအမှုဟာဗျာဒိတ်ကျမ်းမှာပရောဖက်ပြုထားသလိုပလ္လင်ဖြူကြီးပေါ်ကတရားစီရင်ခြင်းပဲ။ဘုရားသခင်ရဲ့အမှုတော်ဟာတကယ်ကိုဉာဏ်ပညာရှိပြီးနက်နဲလှပါတယ်။သခင်ဟာသူ့ရဲ့အိမ်တော်ကနေစတဲ့တရားစီရင်ခြင်းအမှုကိုအစပြုဖို့တကယ်ပဲပြန်လာပြီးလားဆိုတာကိုသိရဖို့ငါသေချာဂရုစိုက်ပြီးနားထောင်ရမယ်။” ဟုကျွန်တော်တွေးမိသည်။ထို့နောက်သိလိုစိတ်ဖြင့်သူ့ကိုကျွန်တော်မေးလိုက်သည်။” အစ်ကိုသခင်ဟာကမ္ဘာပေါ်ကိုတကယ်ရောက်လာပြီလား။ဒါဆိုရင်လူသားမျိုးနွယ်ကိုသူကဘယ်လိုတရားစီရင်တာလဲ။” သူ ပြုံးလိုက်ပြီး ညင်သာစွာ ပြောသည်။ “ အရင်တုန်းက ကျွန်တော်တို့ဟာ ဘုရားသခင်က လူတွေကို တရားစီရင်တဲ့အခါမှာ တရားစီရင်ခြင်းထိုင်ခုံမှာ ထိုင်ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အခြေခံပြီး လူတွေရဲ့ အဆုံးသတ်ကို တိုက်ရိုက် ဆုံးဖြတ်ချက်ချမယ်လို့ ယုံကြည်ကြတယ်။ ပြီးနောက်မှာ ကောင်းတဲ့သူတွေက ကောင်းကင်ဘုံကို ဝင်ခွင့်ရမှာဖြစ်ပြီး ဆိုးယုတ်တဲ့သူတွေက ငရဲကို ပို့ခံရပြီး ဒဏ်ခတ်ခံရမယ်။ တကယ်က ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးထင်မြင်ချက် သက်သက်တွေသာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘုရားသခင်က ကမ္ဘာပေါ်မှာ လူတွေကို ဘယ်လို တရားစီရင်သလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြည့်ပြီး ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သူဘာပြောထားလဲ ကြည့်လိုက်ရအောင်။” သူသည် မီးဖွင့်ပြီး ဖတ်လိုက်သည်။ “ နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထား ကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ရှုပြီးနောက်တွင်သူသည်ဤသို့ဆက်လက်ပြီးမိတ်သဟာယပြုသည်။” ဒီနှုတ်ကပတ်တော်တွေကနေဘုရားသခင်ဟာနောက်ဆုံးသောကာလမှာလူသားမျိုးနွယ်ရဲ့ လိုအပ်ချက်နဲ့အညီသမ္မာတရားတွေကိုဖော်ပြပြီးဒီသမ္မာတရားတွေဟာကျွန်တော်တို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့အတွေးတွေနဲ့သဘာဝတွေကိုရည်ရွယ်တယ်ဆိုတာကျွန်တော်တို့သိရပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာရှိတဲ့တရားစီရင်မှုကိုကျွန်တော်တို့လက်ခံပြီးသမ္မာတရားအပေါ်နားလည်မှုကိုရရှိဖို့အတွက်ဘုရားသခင်ဟာကျွန်တော်တို့ရဲ့မနာခံခြင်းနဲ့မဖြောင့်မတ်ခြင်းကိုစီရင်ပြီးပြစ်တင်ဆုံးမဖို့အတွက်သမ္မာတရားတွေကိုသူအသုံးပြုပါတယ်။စာတန်ကကျွန်တော်တို့အထဲကိုသွတ်သွင်းပေးခဲ့တဲ့မှားယွင်းတဲ့အတွေးအမြင်တွေဟာဘယ်လောက်ဆိုးယုတ်သလဲ၊အဓိပ္ပါယ်မရှိသလဲ၊ယုတ္တိမရှိသလဲဆိုတာကိုကျွန်တော်တို့သိတဲ့အပြင်ဘုရားသခင်ကိုအာခံပြီးသစ္စာဖောက်တဲ့ကျွန်တော်တို့ရဲ့စာတန်ကဲ့သို့သဘာဝကိုသိမြင်ပြီးကျွန်တော်တို့ရဲ့ဝိညာဉ်တွေဟာဘယ်လောက်ရွံရှာစရာကောင်းပြီးအကျည်းတန်နေ သလဲဆိုတာကိုမြင်ပါလိမ့်မယ်။ကျွန်တော်တို့ကိုနောင်တရခြင်းကိုဖြစ်စေပြီးကျွန်တော်တို့အရေးကိစ္စတွေလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့စာတန်သဘာဝကိုအမှီပြုခြင်းမရှိစေတော့ဘူး။ အဲဒီအစား ကျွန်တော်တို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ လူကောင်းတွေဖြစ်လာနိုင်ပြီးအဆုံးမှာကျွန်တော်တ အသက်တာစိတ်သဘောထားမှာပြောင်းလဲခြင်းဖြစ်ပေါ်လာပါလိမ့်မယ်။ဒီလိုပုံစံနဲ့ကျွန်တော်တို့ဟာလုံးဝဘုရားသခင်အားဖြင့်စုံလင်စေမှာဖြစ်ပြီးသူ့ရဲ့တရားစီရင်ခြင်းအမှုဟာပြီးဆုံးမှာဖြစ်ပါတယ်။ဥပမာကျွန်တော့်ကိုကြည့်ကြည့်ပါ။အရင်တုန်းကကျွန်တော်ကဘုရားသခင်ကိုယုံကြည်ခြင်းကကောင်းကြီးတွေနဲ့ကျေးဇူးတော်ကို လက်ခံရရှိဖို့၊နဲ့ဘုရားသခင်ရဲ့ထာဝရကောင်းကြီးကိုခံစားရရှိဖို့ပဲလို့ကျွန်တော်ယုံကြည်ခဲ့တယ်။ဒီလိုယုံကြည်မှုမျိုးရဲ့ စေညွှန်ရာအတိုင်း ကျွန်တော်ဟာဘုရားသခင်အတွက်ပေးဆပ်ခြင်းနဲ့ခရီးသွားလာခြင်းတွေကိုအရင်းအနှီးပြုပြီးကျေးဇူးတော်နဲ့ကောင်းကြီးတွေကိုအမြဲတမ်းတောင်းဆိုနေခဲ့ပြီးတော့ကျွန်တော်ကဒါတွေကိုရဖို့အတွက်အရည်အချင်းအပြည့်မှီဆုံးဖြစ်တယ်လို့ခံစားရတယ်။ဒါပေမဲ့ကျွန်တော်အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုတွေ့လိုက်ရတယ်။’ဤသည်မှာ လူသားနှင့် ဘုရားသခင်၏ ဆက်ဆံရေးမှာ မိမိကိုယ်ကျိုးတစ်ခုတည်းကြောင့်သာဖြစ်သည် ဆိုခြင်းဖြစ်သည်။ ဤဆက်ဆံရေးမှာ ကောင်းချီးမင်္ဂလာ လက်ခံရရှိသူနှင့် ပေးဆပ်သူတို့အကြားဖြစ်သည်။ ရှင်းရှင်းပြောပါက အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးကဲ့သို့ဖြစ်သည်။ အလုပ်သမားသည် အလုပ်ရှင်မှ ချပေးသောဆုများကို လက်ခံရရှိရေးအတွက်သာ အလုပ်လုပ်သည်။ ဤသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခြင်းမေတ္တာမရှိ၊ အပေးအယူတစ်ရပ်သာ ရှိသည်။ ချစ်ခြင်းနှင့် အချစ်ခံရခြင်းမရှိ။ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားညှာတာမှုသာ ရှိသည်။ နားလည်မှုမရှိခြင်း၊ ကြိတ်မှိတ်သည်းခံခြင်းနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ပေါင်းကူးခင်း၍မရနိုင်သော ကွာဟချက်သာ ရှိသည်။ ဤအနေအထားသို့ ရောက်ပြီဆိုပါက ဤသို့သောလမ်းကြောင်းကို မည်သူက ပြန်ပြောင်း၍ လှည့်လိုက်နိုင်မည်နည်း။‘ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ထုတ်ဖော်ပြသမှုက ကျွန်တော် ကို ကိုယ့်ကိုယ်ကိုယ် အရှက်ရစေခဲ့တယ်။ ကျွန်တော့်ရဲ့ သဘာဝဟာ အတော် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ မနှစ်မြို့စရာ ဖြစ်ကြောင်း၊ သစ္စာဖောက်ကြောင်းကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်အပေါ် ကျွန်တော်ရဲ့ ယုံကြည်မှုနဲ့ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံမှုတို့ဟာ သမ္မာတရားကို လိုက်စားရန်အတွက် မဟုတ်သလို ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တို့ကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့လည်း မဟုတ်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်ဟာ ဘုရားသခင်နဲ့ အလဲအလှယ်ပြုလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။ ကောင်းကြီးရရှိဖို့ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့၊ ဘုရားသခင်ထံမှာ ထာဝရ ကောင်းကြီးတွေကို တောင်းဆိုဖို့အတွက် ဒီလိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီသိမြင်မှုနဲ့အတူ ကျွန်တော်ဟာ အထူးသဖြင့် နောင်တရခြင်းကို ခံစားရတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေ စွန့်ပစ်ပြီး ဘုရားသခင်ရဲ့ လိုအပ်ချက်တွေနဲ့အညီ သမ္မာတရားကို လိုက်စားဖို့ စတင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို ထုတ်ဖော်ပြသဖို့ ဘုရားသခင်ဟာ ကျွန်တော့်ကို သန့်စင်စေတဲ့ အခြေအနေများစွာတို့ကို စီစဉ်ခဲ့ပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် စက်ဆုပ်ရွံရှာလာခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ မိမိဗိုက်ပြည့်ဖို့သက်သက်အတွက် သခင့်ကို ယုံကြည်ခြင်း မပြုလုပ်တော့ပါဘူး။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို ကြုံတွေ့ခံစားရခြင်းကနေတစ်ဆင့် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုဟာ လူတစ်ယောက်ကို အမှန်တကယ်ကို သန့်စင်ပြီးပြောင်းလဲစေနိုင်ကြောင်းကို နက်ရှိုင်းစွာ ခံစားခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းအားဖြင့်သာ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်စေနိုင်ပြီး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကယ်တင်ခြင်းကို ရရှိကာ၊ အဆုံးမှာ ဘုရားသခင်ရဲ့ စုံလင်စေခြင်းကို ခံကြရမှာဖြစ်ပါတယ်။ အစ်ကို ကျွန်တော်ပြောတာကို နားလည်ရဲ့လား။” ကျွန်တော်သည်ပြုံးလိုက်ပြီးခေါင်းညိတ်လျှက်ပြောလိုက်သည်။” ကျွန်တော်နည်းနည်းနားလည်ပါတယ်။ဘုရားသခင်ရဲ့တရားစီရင်ခြင်းကဘုရားသခင်ရဲ့အိမ်တော်ကနေစမယ်ဆိုတာကိုကျွန်တော်အရင်ကသိပေမဲ့ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုကျွန်တော်မသိခဲ့ဘူး။ဒီနေ့အစ်ကို့ရဲ့မိတ်သဟာယဖွဲ့ခြင်းကနေတစ်ဆင့်ဘုရားသခင်ရဲ့အိမ်တော်ကနေစတဲ့တရားစီရင်ခြင်းဆိုတာဘုရားသခင်ရှေ့မှောက်ကိုရောက်လာတဲ့လူတွေကိုတရားစီရင်ခြင်း၊သန့်စင်ခြင်း၊သမ္မာတရားကိုဖော်ပြခြင်းတို့ပြုလုပ်ဖို့အတွက်ဘုရားသခင်ဟာလူ့ဇာတိခံယူတယ်လို့ဆိုလိုတယ်ဆိုတာကျွန်တော်နားလည်ပါပြီ။ဘုရားသခင်ရဲ့အမှုတော်ပြီးဆုံးတဲ့အခါမှာလူအားလုံးကိုသူတို့ရဲ့ပုံစံအတိုင်းအမျိုးအစားခွဲခြားထားမှာဖြစ်ပါတယ်။” ကျွန်တော်သည် ကျွန်တော်၏ အရင်ကထားရှိခဲ့သည့် အယူအဆများမှ လွတ်မြောက်ပြီးနောက်တွင် ဘုရားသခင်အားဖြင့် ပလ္လင်တော်ရှေ့သို့ ချီဆောင်ခြင်းခံရသည် နောက်ပိုင်းတွင်အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝဘ်ဆိုဒ်တွင်ဘုရားသခင်၏နှုတ်ကပတ်တော်ဖတ်ရွတ်သည့်ဗီဒီယို” ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” ကို ကြည့်ပြီးနောက်တွင် ကျွန်တော်သည် ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ပ၍ပင် နားလည်လာခဲ့သည်။ ထို့အပြင် အစ်ကိုသည် အမှုတော် အဆင့်သုံးဆင့်၏ ပုံများဘက်သို့ လှည့်ပြီး ဘုရားသခင်၏ အမှုတော်၏ အဆင့်သုံးဆင့်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ဘုရားသခင်၏ အမည်နာမတော်များတို့၏ သမ္မာတရားတို့နှင့်ပတ်သက်၍ ကျွန်တော့်အား မိတ်သဟာယ ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ထူးခြားချက်နှင့် ခေတ်တစ်ခုစီတွင် ဘုရားသခင်သည် သူ၏ အမည်နာမကို ပြောင်းလဲခြင်းတို့နှင့်ပတ်သက်သည့် သမ္မာတရားတို့ကို ကျွန်တော့်အား ပို၍နားလည်စေခဲ့သည်။ ထို့နောက် “ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ” ဗီဒီယိုကို ကြည့်ပြီးနောက်တွင် လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု ပြန်လည်ကြွလာခြင်းဖြစ်ကြောင်း ကျွန်တော် အပြည့်အဝ သတ်မှတ်လိုက်ပါသည်။ ချစ်ခင်ရပါသောစာရှုသူများနောက်ဆုံးသောကာလတွင်ပလ္လင်ဖြူကြီးရှေ့၌ဘုရားသခင်၏တရားစီရင်ခြင်းအမှုသည်ပြီးဆုံးခါနီးပြီ ဖြစ်ပါသည်။သင်သည်ဘုရားသခင်၏တရားစီရင်ခြင်းအမှု၏လမ်းကြောင်းအတွင်း၌ရှိနှင့်ပြီးဖြစ်ပါသလောသို့မဟုတ်မရှိသေးပါသလော။ သက်ဆိုင်ရာစာစုများ:သမ္မာကျမ်းစာပရောဖက်ပြုခြင်းများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ အဓိပ္ပါယ်ကောက်နည်း
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|