ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်မှ သူ၏အမှုကို လူကိုယ်တိုင် လုပ်ဆောင်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိရန် အထူးသဖြင့် ကောင်းသောအချိန်ဖြစ်သည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင်၏ အလိုတော်အား နားလည်မှုဟူသည့် အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းဖြင့်ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော ဤအသိပညာသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်ထားသော ယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ပါက၊ ဘုရားသခင်အပေါ် လူသား၏ယုံကြည်ခြင်းသည် မရေမရာအခြေအနေ၊ အနှစ်သာရမဲ့သော အယူအဆအလယ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ပင်ဖြစ်စေကာမူ သူတို့သည် ဘာကိုမျှ ရရှိကြမည်မဟုတ်ပေ။ ဘာကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့်သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရုံတစ်ခု လိုက်ပါနေသင့်သည်။ ထိုသို့မဟုတ်ပါက အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ အမှုသစ်သည် လူသားတွေးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ စည်းအပြင်ဘက်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦးမရှိပါက၊ ရူပါရုံများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းများ လုပ်ဆောင်မည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုသစ်ကို လက်မခံနိုင်ပေ။ အကယ်၍ လူသားသည် ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုသစ်ကို လက်မခံနိုင်ပေ။ ထို့ပြင် အကယ်၍ လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အချည်းနှီးသာဖြစ်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ဆောင်ခြင်းမပြုမီတွင် သူ့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို သူနားလည်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ပါလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသောလူတိုင်းကြုံရမည့် လုပ်ငန်းစဉ်လည်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုကို သိကျွမ်းလာသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ လူ့သဘာဝကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိခြင်းတို့လည်း ပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို လူတို့နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းကို သူတို့သိကျွမ်းလာကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံးယုံကြည်ခြင်းသို့ တိုးတက်သည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက်မဟုတ်ဘဲ သူ့ကို ယုံကြည်ခြင်းအတွက်သာ ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်ပါက သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိပေ၊ ထို့ပြင် သင်၏ယုံကြည်ခြင်းသည် စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့်ဖြစ်စဉ်အတွင်းတွင် အကယ်၍ သူသည် ဘုရားသခင်ကို တဖြည်းဖြည်းသိကျွမ်းလာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် တိုး၍စစ်မှန်လာလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းအရာတွင် လူသားသည် အောင်မြင်သွားသောအခါ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို လူကိုယ်တိုင်လုပ်ဆောင်ခြင်းငှာ ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာစေရန်နှင့် သူ့ကို တွေ့မြင်လာစေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးအဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို တောင်းဆိုသည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့လုပ်သည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်၊ လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာစေရန် ဤအမှုကို သူပြုခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိကျွမ်းရမည်ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ရှာဖွေသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအားဖြင့်သာ လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို စစ်မှန်စွာ ရိုသေလေးမြတ်၍ နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံနှင့် ရိုသေလေးမြတ်ခြင်းတို့ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုတော်ကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကပင် သိကျွမ်းလာစေကာမူ၊ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုအရာမပါပါက မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသားတို့၏ အယူအဆများနှင့် အလွန်ပင် တခြားစီဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို လူသားအနေဖြင့်သိရန် အလွန်ခက်ခဲကာ၊ ဘုရားသခင်ပြောဆိုလုပ်ဆောင်သော အရာအားလုံးသည်လည်း လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်နေသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့လိုက်လျှောက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူသားနားမလည်နိုင်သော၊ လူသားအနေဖြင့် လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏အယူအဆများကို ကုစားရန် ခက်ခဲစေသည့် အရာများစွာကို ပြောဆိုခဲ့သည်။ သို့သော် လူတို့၌ အခက်အခဲများစွာရှိခြင်းကိုထောက်၍ ဘုရားသခင်သည် သူ၏အမှုကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ ထိုသို့ပြုမည့်အစား သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်နေခဲ့သည်။ ထို့ပြင် မြောက်မြားလှစွာသော “ရဲမက်များ” သည် လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုသစ်ကို နာခံရန်ဆန္ဒရှိသူ လူအုပ်စုတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲနှင့် ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူ၌ ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို လက်ခံသောသူများကို တန်ဖိုးထားလေသည်။ သို့ရာတွင် သူသည် မည်သည့်ပန်းတိုင်အတွက်နှင့် သူ၏အမှုကို ဤနည်းအားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို ဖယ်ရှားသုတ်သင်ခြင်းနှင့် အခြားသူတို့ကို ရွေးချယ်ခြင်းတို့ အမြဲတမ်း ပြုလုပ်နေသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် သူ့ကိုသိကျွမ်းစေရန်နှင့် ဤနည်းအားဖြင့် သူ့အားဖြင့် ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်လင့်ကစား ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူများအပေါ် လုပ်ဆောင်ရန်မဟုတ်ပေ။ မြောက်မြားစွာသောသူများကို သူသုတ်သင်ရှင်းလင်းနေခဲ့သည့် အကြောင်းရင်းသည် ဤနေရာတွင် တည်ရှိပေသည်။
0 Comments
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ ဝင်ရောက်ရန်အတွက် အလွန်အရေးကြီးသော ခြေလှမ်းများထဲမှ တစ်ခု ဖြစ်ပြီး မျက်မှောက်ကာလတွင် ရှိနေကြသော လူအပေါင်းတို့သည် အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိသည်ဖြစ်ရာ သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ရှိစေသော နည်းလမ်းများမှာ-
ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့တိုင်းသည် အရေးကြီးပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာကျသည်ဖြစ်၍ သင်တို့ပိုင်ဆိုင်သော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့ တန်ဖိုးထားရမည်။ သင်တို့သည် အချည်းနှီးသော ဘဝတွင် အသက်မရှင်ရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများ ပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့်ပတ်သက်၍ သင်တို့ ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့၏ လုပ်ရပ်များကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များမှာ သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤနည်းနှင့် ရှင်းပြနိုင်သည်၊ သင်တို့အားလုံးသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ ကယ်တင်ခြင်းအတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို မီအောင်လိုက်ခြင်း၊ အလင်းကို ရှာဖွေခြင်းတို့အတွက် အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ သင်တို့၏ ပေးဆပ်ခြင်းပြသချက်နောက်ဆုံးဖြစ်ပြီး ထိုအရာသည် ငါမည်သည့်အခါမျှ မမျှော်လင့်ခဲ့သည့် အရာဖြစ်သည်။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် အရေးကိစ္စကို ဤအတိုင်းထားရန် အလိုမရှိဘဲ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့နှလုံးသားများက သစ္စာစောင့်သိခဲ့သနည်း။ ငါ၏ မေးခွန်းသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထိုကဲ့သို့သော မေးခွန်းကို အဘယ်ကြောင့် ငါထုတ်သနည်းဟု မမေးနှင့်။ သင်တို့ သိထားရမည်မှာ သင်တို့အကြောင်းကို ငါဂဃနဏ သိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့် အတွက် သင်တို့ကို ထပ်တလဲလဲ မေးကာ မပြောပြနိုင်လောက်သော အခက်အခဲကို သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးမစိုက်မှုနှင့် မခံမရပ်နိုင်သော ကျောခိုင်းသွားခြင်းတို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့ကို အလွန် မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါသတိမထားမိဘဲ ရှိမည်နည်း။ ဤအရာ ဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို သက်သေပြသည်။ သို့အတွက်ကြောင့် သင်တို့သည် မျက်စိပိတ်နားပိတ်ပြီး မသိချင်ယောင်ဆောင်နေကြသည်ဟု ငါပြောသည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကို သင်တို့ မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။
ဘုရားနှုတ်ကပတ်တော် | သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်း ခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။
ဘုရားနှုတ်ကပတ်တော် | နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|