လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။
0 Comments
လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။
ဆုတောင်းလေ့ကျင့်ခြင်း- မှန်ကန်သောဆုတောင်းနည်းကို ရှာတွေ့နိုင်လျှင် သခင့်၏တုံ့ပြန်မှုကိုရရှိမည် ၁၁။ ဆုတောင်းခြင်းဟူသည် ပုံသေကျင့်စဉ်တစ်မျိုး မဟုတ်ပေ၊ ယင်းသည် လူတို့နှင့် ဘုရားသခင်အကြား စစ်မှန်သော အတူခံစားခြင်းတစ်ခုဖြစ်ပြီး၊ ယင်း၌ အလွန်လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်အစေခံနေကြောင်း ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်၊ အကယ်၍ သင်သည် ဆုတောင်းခြင်းကို ပုံသေကျင့်စဥ်တစ်ခုအဖြစ် ရှုမြင်လျှင် သင်သည် ဘုရားသခင်ကို ကောင်းစွာ အစေခံလိမ့်မည် မဟုတ်သည်ကား သေချာပေသည်။ အကယ်၍ သင်၏ ဆုတောင်းချက်များကို အလွန် လေးနက်စွာ သို့မဟုတ် အရင်းခံရိုးသားမှုနှင့် မတောင်းပါက ဘုရားသခင်၏ ရှုထောင့်မှ၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် သင် မတည်ရှိပေဟု ပြောနိုင်လေသည်၊ ထိုသို့ဖြစ်ပါလျှင် သင်သည် သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်အား အဘယ်သို့ အလုပ်လုပ်စေနိုင်မည်နည်း။ ရလဒ်မှာ အချိန်ကာလတစ်ခုကြာ လုပ်ဆောင်ပြီးသောအခါ သင် ခြေကုန်လက်ပန်း ကျလာမည်သာ ဖြစ်လိမ့်သည်။ ယခုမှစ၍ ဆုတောင်းခြင်းမပါဘဲ သင် အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလုပ်လုပ်ဆောင်ခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး၊ အစေခံခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ သင်သည် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်ပြီး ဘုရားသခင်ကို အစေခံသော လူတစ်ဦးဖြစ်လျက်နှင့် သင်သည် ဆုတောင်းခြင်း၌ သင့်ကိုယ်သင် မည်သည့်အခါမျှ မဆက်ကပ်လျှင် သို့မဟုတ် သင့်ဆုတောင်းချက်များ၌ မည်သည့်အခါမျှ အလေးအနက်မရှိခဲ့လျှင်မူ၊ သင်အစေခံသည့် ပုံစံမှာ သင့်ကို လဲကျစေ၍ ဇာတ်သိမ်းလိမ့်မည်ဖြစ်သည်။…သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ မကြာခဏ ဝင်ရောက်နိုင်ပြီး သူ့ထံ မကြာခဏ ဆုတောင်းနိုင်လျှင် သင်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပြုမူကြောင်း ထိုအရာက သက်သေပြသည်။ အကယ်၍ သင်သည် ဆုတောင်းခြင်းကို မကြာခဏ လျစ်လျူရှုကာ၊ ထို့အစား အမှုအရာများကို မိမိဘာသာနှင့် သူ၏နောက်ကွယ်၌ လုပ်ဆောင်နေပါက သင်သည် ဘုရားသခင်ကို အစေခံနေသည်မဟုတ်၊ ထို့ထက် သင်သည် သင့်ကိုယ်ပိုင် အလုပ်ကိစ္စကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သင်သည် စီရင်ချက်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်စေသောအရာ တစ်ခုခုကို ပြုလုပ်ပြီးသကဲ့သို့ ပေါ်လွင်လိမ့်မည် မဟုတ်သည်အပြင်၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားခဲ့ပုံလည်း ပေါက်လိမ့်မည်မဟုတ်ပေ၊ သို့သော် သင်သည် သင့်ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်နေခြင်းသာလျှင် ဖြစ်နေလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် နှောင့်ယှက်နေသည် မဟုတ်လော။ အပေါ်ယံ၌ သင်သည် ခုခံနေသည့်ပုံ မပေါက်သော်ငြားလည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်ကို ခုခံနေခြင်းပင်ဖြစ်သည်။ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ ထူးခြားချက်နှင့် အလေ့အထ” မှ ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို “ကြောက်လန့်” ကြသောကြောင့်သာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့်မြတ်ပြီးတန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစား” ကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ”လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်မှ သူ၏အမှုကို လူကိုယ်တိုင် လုပ်ဆောင်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိရန် အထူးသဖြင့် ကောင်းသောအချိန်ဖြစ်သည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင်၏ အလိုတော်အား နားလည်မှုဟူသည့် အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းဖြင့်ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော ဤအသိပညာသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်ထားသော ယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ပါက၊ ဘုရားသခင်အပေါ် လူသား၏ယုံကြည်ခြင်းသည် မရေမရာအခြေအနေ၊ အနှစ်သာရမဲ့သော အယူအဆအလယ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ပင်ဖြစ်စေကာမူ သူတို့သည် ဘာကိုမျှ ရရှိကြမည်မဟုတ်ပေ။ ဘာကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့်သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရုံတစ်ခု လိုက်ပါနေသင့်သည်။ ထိုသို့မဟုတ်ပါက အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ အမှုသစ်သည် လူသားတွေးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ စည်းအပြင်ဘက်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦးမရှိပါက၊ ရူပါရုံများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းများ လုပ်ဆောင်မည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုသစ်ကို လက်မခံနိုင်ပေ။ အကယ်၍ လူသားသည် ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုသစ်ကို လက်မခံနိုင်ပေ။ ထို့ပြင် အကယ်၍ လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အချည်းနှီးသာဖြစ်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ဆောင်ခြင်းမပြုမီတွင် သူ့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို သူနားလည်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ပါလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသောလူတိုင်းကြုံရမည့် လုပ်ငန်းစဉ်လည်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုကို သိကျွမ်းလာသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ လူ့သဘာဝကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိခြင်းတို့လည်း ပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို လူတို့နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းကို သူတို့သိကျွမ်းလာကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံးယုံကြည်ခြင်းသို့ တိုးတက်သည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက်မဟုတ်ဘဲ သူ့ကို ယုံကြည်ခြင်းအတွက်သာ ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်ပါက သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိပေ၊ ထို့ပြင် သင်၏ယုံကြည်ခြင်းသည် စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့်ဖြစ်စဉ်အတွင်းတွင် အကယ်၍ သူသည် ဘုရားသခင်ကို တဖြည်းဖြည်းသိကျွမ်းလာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် တိုး၍စစ်မှန်လာလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းအရာတွင် လူသားသည် အောင်မြင်သွားသောအခါ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို လူကိုယ်တိုင်လုပ်ဆောင်ခြင်းငှာ ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာစေရန်နှင့် သူ့ကို တွေ့မြင်လာစေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးအဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို တောင်းဆိုသည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့လုပ်သည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်၊ လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာစေရန် ဤအမှုကို သူပြုခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိကျွမ်းရမည်ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ရှာဖွေသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအားဖြင့်သာ လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို စစ်မှန်စွာ ရိုသေလေးမြတ်၍ နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံနှင့် ရိုသေလေးမြတ်ခြင်းတို့ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုတော်ကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကပင် သိကျွမ်းလာစေကာမူ၊ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုအရာမပါပါက မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသားတို့၏ အယူအဆများနှင့် အလွန်ပင် တခြားစီဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို လူသားအနေဖြင့်သိရန် အလွန်ခက်ခဲကာ၊ ဘုရားသခင်ပြောဆိုလုပ်ဆောင်သော အရာအားလုံးသည်လည်း လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်နေသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့လိုက်လျှောက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူသားနားမလည်နိုင်သော၊ လူသားအနေဖြင့် လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏အယူအဆများကို ကုစားရန် ခက်ခဲစေသည့် အရာများစွာကို ပြောဆိုခဲ့သည်။ သို့သော် လူတို့၌ အခက်အခဲများစွာရှိခြင်းကိုထောက်၍ ဘုရားသခင်သည် သူ၏အမှုကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ ထိုသို့ပြုမည့်အစား သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်နေခဲ့သည်။ ထို့ပြင် မြောက်မြားလှစွာသော “ရဲမက်များ” သည် လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုသစ်ကို နာခံရန်ဆန္ဒရှိသူ လူအုပ်စုတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲနှင့် ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူ၌ ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို လက်ခံသောသူများကို တန်ဖိုးထားလေသည်။ သို့ရာတွင် သူသည် မည်သည့်ပန်းတိုင်အတွက်နှင့် သူ၏အမှုကို ဤနည်းအားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို ဖယ်ရှားသုတ်သင်ခြင်းနှင့် အခြားသူတို့ကို ရွေးချယ်ခြင်းတို့ အမြဲတမ်း ပြုလုပ်နေသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် သူ့ကိုသိကျွမ်းစေရန်နှင့် ဤနည်းအားဖြင့် သူ့အားဖြင့် ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်လင့်ကစား ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူများအပေါ် လုပ်ဆောင်ရန်မဟုတ်ပေ။ မြောက်မြားစွာသောသူများကို သူသုတ်သင်ရှင်းလင်းနေခဲ့သည့် အကြောင်းရင်းသည် ဤနေရာတွင် တည်ရှိပေသည်။ ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ ဝင်ရောက်ရန်အတွက် အလွန်အရေးကြီးသော ခြေလှမ်းများထဲမှ တစ်ခု ဖြစ်ပြီး မျက်မှောက်ကာလတွင် ရှိနေကြသော လူအပေါင်းတို့သည် အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိသည်ဖြစ်ရာ သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ရှိစေသော နည်းလမ်းများမှာ-
ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့တိုင်းသည် အရေးကြီးပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာကျသည်ဖြစ်၍ သင်တို့ပိုင်ဆိုင်သော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့ တန်ဖိုးထားရမည်။ သင်တို့သည် အချည်းနှီးသော ဘဝတွင် အသက်မရှင်ရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများ ပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့်ပတ်သက်၍ သင်တို့ ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့၏ လုပ်ရပ်များကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များမှာ သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤနည်းနှင့် ရှင်းပြနိုင်သည်၊ သင်တို့အားလုံးသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ ကယ်တင်ခြင်းအတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို မီအောင်လိုက်ခြင်း၊ အလင်းကို ရှာဖွေခြင်းတို့အတွက် အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ သင်တို့၏ ပေးဆပ်ခြင်းပြသချက်နောက်ဆုံးဖြစ်ပြီး ထိုအရာသည် ငါမည်သည့်အခါမျှ မမျှော်လင့်ခဲ့သည့် အရာဖြစ်သည်။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် အရေးကိစ္စကို ဤအတိုင်းထားရန် အလိုမရှိဘဲ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့နှလုံးသားများက သစ္စာစောင့်သိခဲ့သနည်း။ ငါ၏ မေးခွန်းသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထိုကဲ့သို့သော မေးခွန်းကို အဘယ်ကြောင့် ငါထုတ်သနည်းဟု မမေးနှင့်။ သင်တို့ သိထားရမည်မှာ သင်တို့အကြောင်းကို ငါဂဃနဏ သိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့် အတွက် သင်တို့ကို ထပ်တလဲလဲ မေးကာ မပြောပြနိုင်လောက်သော အခက်အခဲကို သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးမစိုက်မှုနှင့် မခံမရပ်နိုင်သော ကျောခိုင်းသွားခြင်းတို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့ကို အလွန် မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါသတိမထားမိဘဲ ရှိမည်နည်း။ ဤအရာ ဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို သက်သေပြသည်။ သို့အတွက်ကြောင့် သင်တို့သည် မျက်စိပိတ်နားပိတ်ပြီး မသိချင်ယောင်ဆောင်နေကြသည်ဟု ငါပြောသည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကို သင်တို့ မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။
ဘုရားနှုတ်ကပတ်တော် | သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်း ခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။
ဘုရားနှုတ်ကပတ်တော် | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍ သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ နှုတ်အားဖြင့်သာ အစေခံခြင်းဖြစ်မည်၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။ |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|