ဘုရားနှုတ်ကပတ်တော် | ပညတ်တော်ခေတ်မှ အမှုတော် ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
0 Comments
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|