ကြည့်ပြီးနောက် ခံစားချက် ဤဗီဒီယိုဇာတ်ကားလေး ပြောထားသည်မှာ တကယ်ပဲစစ်မှန်လှပါသည်၊ဘုရားသခင်၏စီမံကိန်းကို ကျွန်ုပ်သည် တကယ်ပဲနားမလည်ပါ၊ကျွန်ုပ်တို့သည်ကိုယ်တော်ကို ယုံကြည်သည်မှာအချိန်မှန် စုဝေးမယ်၊ကျမ်းစာဖတ်ရူမယ်၊ကိုယ်တော်အတွက် ဧဝံဂေလိများများဟောပြောမယ် ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီးဟု ထင်သည်၊ဤသို့သောယုံကြည်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်နေခြင်းဖြစ်ကြောင်း၊ကိုယ်တော်မနှစ်သက်ကြောင်းကို မသိခဲ့ပါ၊ထို့ကြောင့် မီမီ၏ယုံကြည်မူကို ပြန်လည်စိစစ်ရတော့မည်ဖြစ်သည်။ ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)
0 Comments
ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် – ကောက်နုတ်ချက် အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ”
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|