လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟုခံစားကြရသည်၊သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ သူတို့၏ တကယ့်အသက်တာတွင် ပြောင်းလဲမှု မရနိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။
0 Comments
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|