ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
0 Comments
အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိနေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့ပေ၊ ထို့ပြင် ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုအလုပ်ကို လူသားတည်ရှိလာပြီး လူသားဖောက်ပြန်ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမျှ အနားမယူတော့ဘဲ လူသားများအကြားတွင် သူကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဘုရားသခင်သည် အနားမယူတော့ခြင်းဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် အနားမယူတော့ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖျက်ဆီးခြင်းခံရသည့် လူသားကို မကယ်တင်ပါက ဘုရားသခင်သည် အနားယူခြင်းထဲသို့ မည်သည့်အခါမျှ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် “စာတန်” သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလိုသည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ်လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက်ရှိသည်။ ယင်းမှာ လူသားတို့၏ အနားယူခြင်းနှင့်ပြည့်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိမည်မဟုတ်ဘဲ ရန်လိုသော အင်အားစုတို့၏ ကျူးကျော်မှုလည်း ရှိတော့မည်မဟုတ်ချေ။ လူသားတို့သည်လည်း နယ်ပယ်သစ်သို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသော လူသားများ ဖြစ်ကြတော့မည်မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်ကြလိမ့်မည်။ လူသားတို့ အနားယူသောရက်သည် ဘုရားသခင်၏ အနားယူသောရက်လည်း ဖြစ်သည်။ လူသား၏ အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အနားယူခြင်းကို ဆုံးရှုံးခဲ့သည်။ သူသည် မူလကတည်းက အနားမယူနိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင်သွားကြမည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ဘဲ လူသားသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်ချေ။ ယင်းအစား နှစ်ဦးစလုံး၌ မိမိတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြသောသူဖြစ်သော်လည်း လူသားအားလုံးတို့မှာမူ ဘုရားသခင့်စီမံခန့်ခွဲမှုအလုပ်၏ ပုံဆောင်ခဲဖြစ်သည်။ ဦးဆောင်ခြင်းခံရသည်မှာ လူသားဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်၊ သို့မဟုတ် လူသားတို့အကြားရှိနေစဉ် လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှခံစားတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် ဝိညာဉ်အဖြစ် ဆက်လက်ရှိလိမ့်မည်ဖြစ်ပြီး လူသားသည် အသွေးအသားဖြင့် ဆက်လက်ရှိနေလိမ့်မည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးနှစ်ဖက်လုံး၌ သူတို့၏ မတူညီသော သက်ဆိုင်ရာ အနားယူခြင်းနည်းဟန်များ ရှိကြလိမ့်မည်။ ဘုရားသခင် အနားယူနေစဉ် သူသည် လူသားများအကြား လာရောက်၍ ကိုယ်ထင်ပြလိမ့်မည်၊ လူသားအနားယူနေစဉ် လူသားသည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်နှင့် ကောင်းကင်ဘုံရှိ အသက်တာကို စံစားရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရမည်။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဘဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော ထိုလူတို့သည်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ကောက်ကျစ်စဉ်းလဲသော ထိုလူပုဂ္ဂိုလ်များတို့နှင့် ဘုရားသခင်ကို မနာခံသော ကမ္ဘာမြေကြီးပေါ်ရှိ ရန်သူတို့သည် ဖျက်ဆီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ကောက်ကျစ်စဉ်းလဲသော ထိုပုဂ္ဂိုလ်များ လုံးဝဖျက်ဆီးခံရပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ ထပ်မံကြုံရတော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် အလုံးစုံပြီးဆုံးသွားလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်များ ဖြစ်ကြသည်။
လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့် ယုံကြည်ခြင်းကို မည်သည့်အရာဖြင့်ဖွဲ့စည်းထားသည်ကို မသိပါ။ လူသားနားလည်သည်မှာ အလွန်နည်းပါး၍ လူသားကိုယ်တိုင်တွင် မပြည့်စုံမှု များပြားလွန်းနေပါသည်။ သူသည် မဆင်မခြင် အသိဉာဏ်မဲ့စွာဖြင့်သာ ငါ့ကို ယုံကြည်သည်။ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဆိုသည်ကိုဖြစ်စေ၊ ငါ့ကို အဘယ်ကြောင့် ယုံကြည်သည်ကိုဖြစ်စေ သူမသိသော်လည်း သဲသဲမဲမဲ ဆက်၍ယုံကြည်သည်။ ငါသည် လူသားအပေါ်တောင်းဆိုသည်မှာ ဤနည်းဖြင့် ငါ့ကို သဲသဲမဲမဲပဌနာပြုရုံ သို့မဟုတ် ငါ့ကို ရောက်တတ်ရာရာ နည်းဖြင့် ယုံကြည်ရုံတို့မျှသာ မကပါ။ ငါ၏အမှုမှာ လူသား ငါ့ကိုတွေ့၍ ငါ့ကိုသိလာရန် ဖြစ်သည်။ ငါ၏ အမှုတော်ကြောင့် လူသားသည် ငါ့ကိုအထင်ကြီး၍ အမြင်သစ်တစ်မျိုးဖြင့် ကြည့်ရန်မဟုတ်။ ငါယခင်က နိမိတ် လက္ခဏာများစွာနှင့် အံ့ဘွယ်အမှုအရာများကို ပြသခဲ့ပြီး အံ့သြဖွယ်ဖြစ်ရပ်များစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဣသရေလတို့သည် ငါ့ကို ကြီးစွာသောလေးစားမှု ပြခဲ့ပြီး ဖျားနာသူတို့၏ အနာရောဂါကို ငြိမ်းစေနိုင်ပြီး နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့် ငါ၏ထူးခြားသောအစွမ်းတို့ကို လွန်စွာကြောက်ရွံ့ခဲ့သည်။ ထိုစဉ်က ယုဒလူမျိုးတို့သည် အနာရောဂါငြိမ်းစေနိုင်သည့် ငါ၏တန်ခိုးတို့မှာ ပိုင်နိုင်လှ၍ အံ့မခန်းဟု ထင်ခဲ့ကြသည်။ ဤကဲ့သို့သော ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့အားလုံး ငါ့ကို လေးစားကြ၏။ ငါ၏တန်ခိုးအားလုံးအတွက် သူတို့ ကြီးစွာသော ကြည်ညိုလေးစားစိတ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ အံ့သြဖွယ်ဖြစ်ရပ်များ ငါလုပ်ဆောင်သည်ကို တွေ့သူ မည်သူမဆိုသည် ငါ့နောက်သို့ အနီးကပ် လိုက်ခဲ့သည့်အတွက် ဖျားနာသောသူတို့၏အနာရောဂါ ငါငြိမ်းစေသည်ကို ကြည့်ရန် ထောင်ပေါင်းများစွာသော လူတို့သည် ငါ့ကိုဝိုင်းရံခဲ့ကြသည်။ ငါသည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်အမှုအရာများစွာကို ပြသခဲ့သော်လည်း လူသားသည် ငါ့ကို ပိုင်နိုင်သည့်သမားတော်တစ်ဦးအဖြစ်မျှသာ မှတ်ယူခဲ့သည်။ ထိုအချိန်က ထိုသူတို့ကို သင်ကြားသည့် စကားများစွာ ငါပြောခဲ့သည်ဖြစ်သော်လည်း ငါ့ကို တပည့်များထက်သာသည့်ဆရာအဖြစ်မျှသာ မှတ်ယူခဲ့ကြသည်။ ယနေ့တိုင်အောင်ပင် ငါ့အမှုတော်၏သမိုင်းဝင်မှတ်တမ်းများကို လူသားများတွေ့ပြီးသည်နောက် ငါ့ကို ဖျားနာသူတို့ကို အနာရောဂါငြိမ်းစေသည့် သမားတော်ကြီးတစ်ပါးနှင့် အသိဉာဏ်မဲ့သူတို့၏ဆရာဟု ထိုသူတို့ ဆက်လက် အဓိပ္ပါယ်ကောက်ကြသည်။ ထို့နောက် ငါ့ကို သနားကြင်နာတတ်သော သခင်ယေရှုခရစ်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ကျမ်းစာကို အနက်အဓိပ္ပါယ်ပြန်သောသူတို့သည် အနာရောဂါငြိမ်းစေရာတွင် ငါ့ထက်သာလွန်၍ ကျွမ်းကျင် နိုင်ခဲ့ကြပေသည်။ သို့မဟုတ် ယခု ၎င်းတို့၏ဆရာများထက် သာလွန်သည့် တပည့်များပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဤသို့သော အလွန်ထင်ရှားကျော်ကြားသော လူများဖြစ်သည့် ၎င်းတို့၏အမည်များကို ကမ္ဘာတစ်ဝှမ်း သိကြသူများက ငါ့ကို သမားတော်တစ်ဦးမျှသာဟု အလွန်နိမ့်ကျစွာ ထင်မှတ်ကြသည်။ ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ်မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာအဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးများကို အသုံးပြုရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ငါ့ထံမှငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဓနဥစ္စာကို ငါ့ထံမှ တောင်းခံရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ဤဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး နောင်လာမည့်ဘဝတွင် ဘေးကင်းလုံခြုံရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ယာယီ နှစ်သိမ့်မှုအတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမျှ ရရန်မကြိုးစားသူ ဘယ်နှစ်ဦး ရှိသနည်း။ လူသားအပေါ် ငါ့ဒေါသကျရောက်စေပြီး သူနဂိုက ပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို သူ့အား ရောဂါငြိမ်းစေရန် တောင်းဆိုသည့်အခါ ငါသည် သူ့ကို အရေးမစိုက်ဘဲ သူ့ကိုရွံရှာခြင်းရှိ၏၊ လူသားသည် ဆိုးယုတ်သော ပယောဂအတတ်နှင့် မှော်အတတ်တို့၏ နည်းလမ်းကိုရှာရန်သာ ငါ့ထံမှ ထွက်ခွာသွားခဲ့ကြသည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားသည် အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိလက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုတွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ်သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော်ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်၎င်း၊ ငါမည်သူမည်ဝါဖြစ်ခြင်းကိုသော်၎င်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ်အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာတတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်းမရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။ ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကိုယုံကြည်ခြင်း၌ ဘုရားသခင်ကို မည်ကဲ့သို့ အစေခံသင့်သည်၊ မည်သည့်အခြေအနေများကို ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်ကို အစေခံသူများ မည်သည့်သမ္မာတရားအား နားလည်သင့်သည်နှင့် သင်တို့အစေခံရာတွင် မည်သည့်သွေဖည်မှုများရှိသည်တို့ကို ယနေ့ ငါတို့ အဓိကအားဖြင့် ဆွေးနွေးသွားမည်။ ဤအရာတို့ကို သင်တို့နားလည်သင့်ပေသည်။ ၎င်းကိစ္စရပ်များမှာ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြသောလမ်းတွင် သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၌ သင် အဘယ်သို့ ဆက်ကပ်အပ်နှံသည်နှင့် သက်ဆိုင်ပြီး၊ သင်တို့၌ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို ၎င်းတို့က သင်တို့အား သိမြင်စေမည်။ သင်တို့သည် ထိုအဆင့်သို့ရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်ရန် အဘယ်အရာကို ပြုသင့်သည်ကို ကောင်းစွာသဘောပေါက်လာပေမည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်ပြီး၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်၊ သင်တို့သည် အကဲဖြတ်ခြင်း၊ သို့မဟုတ် စိစစ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်လိမ့်မည်မဟုတ်၊ သုတေသနပြုဖို့ဆိုလျှင် ဝေးပေစွ။ ထို့ပြင် သင်တို့အားလုံးသည် သိုးကဲ့သို့ သင်တို့ကို ထိန်းကျောင်းရန်နှင့် အသေသတ်ဖို့ရန် ဘုရားသခင်ကို အခွင့်ပေးပြီး၊ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တို့အားလုံး ၁၉၉၀ ခုနှစ်များ၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင်ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်မည်ဖြစ်သည်။ ထိုမှသာ သင်တို့သည် ၁၉၉၀ ခုနှစ်များ၏ ပေတရုများကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။ |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|