ဘုရားနှုတ်ကပတ်တော် | ပညတ်တော်ခေတ်မှ အမှုတော် ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
0 Comments
ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြှင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေတာဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီးဖြစ်နေသည်နှင့်အမျှ သင်က ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ…။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်းလိုက်လျောပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံး ရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နှစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို အတွင်းတွင် တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား သင့်အနေဖြင့် သင့်အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ သင်၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် အရင်းခံအကြောင်းများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|