ကြည့်ပြီးနောက် ခံစားချက် ဤဗီဒီယိုဇာတ်ကားလေး ပြောထားသည်မှာ တကယ်ပဲစစ်မှန်လှပါသည်၊ဘုရားသခင်၏စီမံကိန်းကို ကျွန်ုပ်သည် တကယ်ပဲနားမလည်ပါ၊ကျွန်ုပ်တို့သည်ကိုယ်တော်ကို ယုံကြည်သည်မှာအချိန်မှန် စုဝေးမယ်၊ကျမ်းစာဖတ်ရူမယ်၊ကိုယ်တော်အတွက် ဧဝံဂေလိများများဟောပြောမယ် ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီးဟု ထင်သည်၊ဤသို့သောယုံကြည်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်နေခြင်းဖြစ်ကြောင်း၊ကိုယ်တော်မနှစ်သက်ကြောင်းကို မသိခဲ့ပါ၊ထို့ကြောင့် မီမီ၏ယုံကြည်မူကို ပြန်လည်စိစစ်ရတော့မည်ဖြစ်သည်။ ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)
0 Comments
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ … စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။” သင်နှစ်သက်နိုင်သည့် အရာများ ဆုတောင်းနည်း ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းတန်ခိုးသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ ကြယ်များပျံ့နှံလျက်ရှိသည့် လူသားများအတွင်း ငါ၏ဆန္ဒသည် သရုပ်ပေါ်နေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည်ပေးနေကာ ၎င်းတို့သည် ငါခိုင်းရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက် ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ငါဇာတိမြေသို့ ပြန်သည့်အခါ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာတစ်ခုလုံးကို ကြည့်လျက်ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့က သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ခေါက်တုံ့ခေါက်ပြန် လျင်မြန်စွာ ဆောင်ရွက်နေသည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါဖယ်ရှားရမည့် လူများကို ပို၍ဖယ်ရှားရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းစေပြီးနောက် ၎င်းတို့အများအပြား လေတိုက်သည့် အထဲ တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် တလင်းပြင် ဖြစ်ပြီး ငါတောင့်တရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားမှာ ငါအမှုထမ်းနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း ငါသည် ၎င်းတို့ကို အလျင်စလို မောင်းနှင်ထုတ်ရန် မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ၎င်းနောက်မှ ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘော သဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန်ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ၎င်းအခြေအနေများကို ရင်ဆိုင်လျက်ငါသည် ဤအမှု၏အဆင့်ကို ထမ်းဆောင်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့် သည်။ နတ်ဆိုးများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိ။ ဤအခွင့်အရေးကို အရယူလျက်ငါသည် ထိုစဉ်းလဲသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် စဉ်းလဲသူတို့ကို ဤသို့ပြု၏။ သို့သော်လည်း ငါ့ဝန်ထမ်းရန်နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် စကားများကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်ကိုယ့်ကိုယ် စီရင်နိုင်ခြင်းအလို့ငှာ၊ ငါသည် ကိုယ်ကိုလှည့်၍ ဘုန်းတန်ခိုးကြီးသော မျက်နှာကို တပါးအမျိုးသားတို့၏ နိုင်ငံများအားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသားအားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက် ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|