အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”
0 Comments
အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။” မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ဗျာဒိတ်ကျမ်းတွင် အသစ်သောရှာဖွေ တွေ့ရှိမှုတစ်ခု- ကိုယ်တော် နောက်ဆုံးသောကာလ၌ ပြန်ကြွလာတော်မူသည့်အချိန်တွင် သခင်ယေရှု၏ နာမတော်သည် ပြောင်းလဲမည် အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ … စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။” သင်နှစ်သက်နိုင်သည့် အရာများ ဆုတောင်းနည်း ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို “ကြောက်လန့်” ကြသောကြောင့်သာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့်မြတ်ပြီးတန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစား” ကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ”လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။
ဘုရားနှုတ်ကပတ်တော် | သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့ သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊ ငါ၏အလုပ်တို့ဖြင့် ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးဝဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲမနေနိုင်။ အကြောင်းမူကား နောက်ဆုံးသောကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏အရင်းခံ စိတ်သဘောထားကို ပြသရန်အတွက် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် မနေမနား အလုပ်လုပ်ရခြင်းတို့ ပါဝင်နိုင်သည့် များပြားလှသော အကြောင်းရင်းများကြောင့် ငါ၏စိတ်နေ သဘောထားသည် လူသားကို ငါ့အားနားလည်စေရန် အနည်းငယ်မျှ အထောက်အကူ မပြုခဲ့။ သို့ဖြစ်၍ ငါရှိနေသည့်အတွက် ငါ့ကိုတွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကိုထု၍ မရပ်မနားငိုစေရန် ငါ၏အမှု လုပ်ငန်းသစ်များတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် ငါသည် ငါ၏အစီအစဉ်သစ်၊ ငါ၏နောက်ဆုံး အမှုထဲ ရှေ့သို့ခြေလှမ်းသည်။ ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော “ ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။ ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။
ဘုရားသခင်၏ စကားတော် | ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့်သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
ဘုရားနှုတ်ကပတ်တော် | နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|