အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။” မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ဗျာဒိတ်ကျမ်းတွင် အသစ်သောရှာဖွေ တွေ့ရှိမှုတစ်ခု- ကိုယ်တော် နောက်ဆုံးသောကာလ၌ ပြန်ကြွလာတော်မူသည့်အချိန်တွင် သခင်ယေရှု၏ နာမတော်သည် ပြောင်းလဲမည်
0 Comments
လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။
ဘုရားသခင်၏ စကားတော် | ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့်သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|