ဆုတောင်းလေ့ကျင့်ခြင်း- မှန်ကန်သောဆုတောင်းနည်းကို ရှာတွေ့နိုင်လျှင် သခင့်၏တုံ့ပြန်မှုကိုရရှိမည် ၁၁။ ဆုတောင်းခြင်းဟူသည် ပုံသေကျင့်စဉ်တစ်မျိုး မဟုတ်ပေ၊ ယင်းသည် လူတို့နှင့် ဘုရားသခင်အကြား စစ်မှန်သော အတူခံစားခြင်းတစ်ခုဖြစ်ပြီး၊ ယင်း၌ အလွန်လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်အစေခံနေကြောင်း ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်၊ အကယ်၍ သင်သည် ဆုတောင်းခြင်းကို ပုံသေကျင့်စဥ်တစ်ခုအဖြစ် ရှုမြင်လျှင် သင်သည် ဘုရားသခင်ကို ကောင်းစွာ အစေခံလိမ့်မည် မဟုတ်သည်ကား သေချာပေသည်။ အကယ်၍ သင်၏ ဆုတောင်းချက်များကို အလွန် လေးနက်စွာ သို့မဟုတ် အရင်းခံရိုးသားမှုနှင့် မတောင်းပါက ဘုရားသခင်၏ ရှုထောင့်မှ၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် သင် မတည်ရှိပေဟု ပြောနိုင်လေသည်၊ ထိုသို့ဖြစ်ပါလျှင် သင်သည် သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်အား အဘယ်သို့ အလုပ်လုပ်စေနိုင်မည်နည်း။ ရလဒ်မှာ အချိန်ကာလတစ်ခုကြာ လုပ်ဆောင်ပြီးသောအခါ သင် ခြေကုန်လက်ပန်း ကျလာမည်သာ ဖြစ်လိမ့်သည်။ ယခုမှစ၍ ဆုတောင်းခြင်းမပါဘဲ သင် အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလုပ်လုပ်ဆောင်ခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး၊ အစေခံခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ သင်သည် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်ပြီး ဘုရားသခင်ကို အစေခံသော လူတစ်ဦးဖြစ်လျက်နှင့် သင်သည် ဆုတောင်းခြင်း၌ သင့်ကိုယ်သင် မည်သည့်အခါမျှ မဆက်ကပ်လျှင် သို့မဟုတ် သင့်ဆုတောင်းချက်များ၌ မည်သည့်အခါမျှ အလေးအနက်မရှိခဲ့လျှင်မူ၊ သင်အစေခံသည့် ပုံစံမှာ သင့်ကို လဲကျစေ၍ ဇာတ်သိမ်းလိမ့်မည်ဖြစ်သည်။…သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ မကြာခဏ ဝင်ရောက်နိုင်ပြီး သူ့ထံ မကြာခဏ ဆုတောင်းနိုင်လျှင် သင်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပြုမူကြောင်း ထိုအရာက သက်သေပြသည်။ အကယ်၍ သင်သည် ဆုတောင်းခြင်းကို မကြာခဏ လျစ်လျူရှုကာ၊ ထို့အစား အမှုအရာများကို မိမိဘာသာနှင့် သူ၏နောက်ကွယ်၌ လုပ်ဆောင်နေပါက သင်သည် ဘုရားသခင်ကို အစေခံနေသည်မဟုတ်၊ ထို့ထက် သင်သည် သင့်ကိုယ်ပိုင် အလုပ်ကိစ္စကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သင်သည် စီရင်ချက်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်စေသောအရာ တစ်ခုခုကို ပြုလုပ်ပြီးသကဲ့သို့ ပေါ်လွင်လိမ့်မည် မဟုတ်သည်အပြင်၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားခဲ့ပုံလည်း ပေါက်လိမ့်မည်မဟုတ်ပေ၊ သို့သော် သင်သည် သင့်ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်နေခြင်းသာလျှင် ဖြစ်နေလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် နှောင့်ယှက်နေသည် မဟုတ်လော။ အပေါ်ယံ၌ သင်သည် ခုခံနေသည့်ပုံ မပေါက်သော်ငြားလည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်ကို ခုခံနေခြင်းပင်ဖြစ်သည်။ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ ထူးခြားချက်နှင့် အလေ့အထ” မှ
0 Comments
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|