ကြည့်ပြီးနောက် ခံစားချက် ဤဗီဒီယိုဇာတ်ကားလေး ပြောထားသည်မှာ တကယ်ပဲစစ်မှန်လှပါသည်၊ဘုရားသခင်၏စီမံကိန်းကို ကျွန်ုပ်သည် တကယ်ပဲနားမလည်ပါ၊ကျွန်ုပ်တို့သည်ကိုယ်တော်ကို ယုံကြည်သည်မှာအချိန်မှန် စုဝေးမယ်၊ကျမ်းစာဖတ်ရူမယ်၊ကိုယ်တော်အတွက် ဧဝံဂေလိများများဟောပြောမယ် ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီးဟု ထင်သည်၊ဤသို့သောယုံကြည်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်နေခြင်းဖြစ်ကြောင်း၊ကိုယ်တော်မနှစ်သက်ကြောင်းကို မသိခဲ့ပါ၊ထို့ကြောင့် မီမီ၏ယုံကြည်မူကို ပြန်လည်စိစစ်ရတော့မည်ဖြစ်သည်။ ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်စီမံခန့်ခွဲမှုအမှုတော်၏ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလား။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စု ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ ၎င်းကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့် အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးသွမ်းမှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လူသားများကို စီမံခန့်ခွဲမှု၏ အရေးပါသည့်အချက်ဖြစ်သည်။” ရုပ်ရှင်ဝေဌာမယ် Myanmar Full Movie 2019 (ပြောင်းလဲခြင်းအခါသမယ) ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းခရီးကို သင်သိပါသလား
0 Comments
Leave a Reply. |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|