ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ ဝင်ရောက်ရန်အတွက် အလွန်အရေးကြီးသော ခြေလှမ်းများထဲမှ တစ်ခု ဖြစ်ပြီး မျက်မှောက်ကာလတွင် ရှိနေကြသော လူအပေါင်းတို့သည် အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိသည်ဖြစ်ရာ သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ရှိစေသော နည်းလမ်းများမှာ- ၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာပါ၊ ဘုရားသခင်ရှေ့မှောက်တွင် တိတ်ဆိတ်ပါ၊ ထို့နောက် စူးစိုက်သော စိတ်နှလုံးဖြင့် ဘုရားသခင်ထံ ဆုတောင်းပါ။
၂။ ဘုရားသခင်ရှေ့မှောက်တွင် စိတ်နှလုံး ငြိမ်သက်စွာဖြင့် ဘုရား၏ နှုတ်ကပတ်တော်များအား စားသောက် ပျော်မွေ့ပါ။ ၃။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာအပေါ် အာရုံပြု ဆင်ခြင်ပြီးသင်၏ စိတ်နှလုံးထဲတွင်ဘုရားသခင်၏ အပြုအမူကို တွေးဆပါ။ ရှေးဦးစွာ ဆုတောင်းခြင်းဖြင့် စတင်ပါ။ စိတ်မပျံ့လွင့်စေပဲနှင့် သတ်မှတ်ထားသော အချိန်တွင် ဆုတောင်းပါ။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သို့မဟုတ် အလုပ်များသည် ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာသည် သင့်ထံသို့ ကျရောက်သည် ဖြစ်စေ၊ နေ့စဉ် ပုံမှန် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို သင်စားသောက်သမျှ ကာလပတ်လုံး သင့်ပတ်ဝန်းကျင်တွင် မည်သို့ ရှိသည်ဖြစ်စေ၊ သင်၏ ဝိညာဉ်သည် အထူးသဖြင့် ဝမ်းမြောက်၏၊ သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထု များကြောင့် သင်အနှောင့်အယှက်မဖြစ်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ပုံမှန် ဆင်ခြင်သည့် အခါ ပြင်ပ ဖြစ်ပျက်မှုများသည် သင့်ကို မနှောင့်ယှက်နိုင်။ မြင့်မြတ်မှုရှိခြင်း ဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်သည်။ ရှေးဦးစွာ ဆုတောင်းခြင်းမှ စတင်ပါ။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းခြင်းသည် အများဆုံး သီးပွင့်စေသည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါ။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ပြီး အလင်း ရအောင် ကြိုးစားပါ။ လေ့ကျင့်ရာ လမ်းကြောင်းကို ရှာဖွေပါ၊ ဘုရားသခင့် ဖွင့်ဆိုချက်များ၏ ရည်ရွယ်ချက်များကို သိရှိပြီး မမှားမယွင်းပဲ နားလည်ပါ။ ပုံမှန် အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်မှု မရှိစေပဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံး အနီးသို့ ဆွဲယူပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ပါ။ သင်၏ စိတ်နှလုံးသည် စျာန်ဝင်စားသော အတိုင်းအတာ၌ ငြိမ်းချမ်းမှုကိုရပါက သင်၏ စိတ်အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စဉ်းစားဆင်ခြင်ပြီး မည်သည့် ပတ်ဝန်းကျင်တွင် ရှိသည်ဖြစ်စေ ဘုရားသခင် ထံပါးသို့ အမှန်တကယ် ရောက်ရှိပြီး သင်သည် သင့်စိတ်နှလုံးအတွင်း ချီးမွမ်းခြင်းကို ပေးသည့် အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိခြင်းသည် ဆုတောင်းခြင်းထက်ပင် ပိုမိုကောင်းမွန်ရာ သင်သည် တစ်စုံတစ်ရာသော မြင့်မြတ်မှုကို ပိုင်ဆိုင် လိမ့်မည်။ အထက်တွင် ဖော်ပြထားသော အဆင့်သို့ သင်ရောက်ရှိပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းကြောင်း သက်သေဖြစ်လိမ့်မည်။ ယင်းသည် ပထမဆင့်ဖြစ်သည်။ အခြေခံ လေ့ကျင့်ခန်း ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းမှုကို ရရှိနိုင်ပြီးမှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူတို့ကို တွေ့ထိနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပေးခြင်းနှင့် အလင်းပေးမှုတို့ကို ရရှိနိုင်သဖြင့် ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်ကာ ဘုရားသခင်၏ အလိုကို သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုပ်ကိုင် နိုင်လိမ့်မည်။ သို့ဖြစ်ရာ ထိုသူတို့သည် သူတို့၏ ဝိညာဉ် ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို ရောက်ရှိသွားလိမ့်မည်။ သင်၏ ဘဝကို ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်စုံတစ်ရာ နက်ရှိုင်းသည်အထိ ရောက်အောင် မိမိကိုယ်ကို နေထိုင်နိုင်အောင် လေ့ကျင့်ခြင်း အားဖြင့် မိမိကိုယ်ကို ဆန်ကျင့်နိုင်မည်၊ မိမိကိုယ်ကို စက်ဆုပ် နိုင်မည်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်များထဲ၌ နေထိုင်နိုင်မည်။ ယင်းသည် အမှန်တကယ်အားဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်း ဖြစ်စေသည်။ မိမိကိုယ်ကို စက်ဆုပ်နိုင်ခြင်း၊ မိမိကိုယ်ကို ကျိန်ဆိုနိုင်ခြင်းနှင့် မိမိကိုယ်ကို တော်လှန်နိုင်ခြင်း တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှု ရလဒ်ဖြစ်ပြီး လူသားသည် ယင်းသို့ မလုပ်နိုင်ပါ။ သို့ဖြစ်ရာ ဘုရားသခင်ရှေ့ မှောက်တွင် စိတ်နှလုံး ငြိမ်သက်အောင် လေ့ကျင့်ခြင်းသည် လူများအနေဖြင့် ချက်ချင်း စတင်သင့်သော သင်ခန်းစာ ဖြစ်သည်။ အချို့သော လူတို့သည် ပုံမှန်အားဖြင့် သူတို့၏ စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်အောင် မထားနိုင်သကဲ့သို့ သူတို့ ဆုတောင်း သည့် အချိန်တွင်ပင် ဘုရားသခင် ရှေ့မှောက်တွင် သူတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်း မရှိကြပါ။ ဤအရာတို့သည် ဘုရား သခင်၏ စံချိန်စံညွှန်းများနှင့် အလွန် ဝေးကွာလျက်ရှိသည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း မရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို မည်သို့ ရွေ့စေနိုင် မည်နည်း။ ဘုရားသခင် ရှေ့မှောက်တွင် သင့်စိတ်နှလုံး သည် ငြိမ်သက်ခြင်း မရှိလျှင် တစ်စုံတစ်ဦး အနားသို့လာလျှင် သင့်အား စိတ်ပျံ့လွင့်စေမည်၊ လူအများ စကားပြောသည့်အခါ သင့်အား စိတ်ပျံ့လွင့်စေမည်၊ အခြားသူများ အခြားအရာများကို လုပ်ကိုင်သည့်အခါ သင့်စိတ်နှလုံးအား အခြားသို့ ရောက်ရှိစေမည်။ သို့ဖြင့် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် နေထိုင်သူ မဟုတ်တော့ ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်သက်ခြင်း ရှိပါက ပြင်ပကမ္ဘာရှိ ဖြစ်ပျက်သမျှ အရာတို့သည် သင့်အား နှောင့်ယှက်နိုင်မည် မဟုတ်၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဖြစ်ရပ်၊ မည်သည့်အရာကမျှ သင့်ကို မသိမ်းပိုက်နိုင်။ ထိုအရာသို့ ဝင်ရောက်ခွင့် ရှိလျှင် အပျက်သဘောဆောင်သော အခြေအနေများ၊ သို့မဟုတ် အပျက်သဘောဆောင်သော အရာများ ဥပမာအားဖြင့်- လူသား၏ ကြံစည် စိတ်ကူးမှု များ၊ ဘဝ သဘောတရားများ၊ လူများနှင့် ပုံမှန် မဟုတ်သော ဆက်ဆံရေးများနှင့် စိတ်နှလုံး၏ စဉ်းစားချက်များသည် အလိုအလျောက် ပျောက်ကွယ် သွားလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်အမြဲ စဉ်းစားဆင်ခြင်ပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင် အပါးတော်တွင်ရှိပြီး ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော် များ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် ဆိုခဲ့သော အပျက်သဘော ဆောင်သည့် အရာများကို မသိစိတ်က ဖယ်ရှားပေးသည်။ အပြုသဘော ဆောင်သည့် အသစ်သော အရာများက သင့်ကို စိုးမိုးသွားသည့်အခါ အပျက်သဘောဆောင်သော ဟောင်းနွမ်းသည့် အရာများအတွက် နေရာမရှိ တော့ပေ။ သို့ဖြစ်ရာ ထိုအပျက်သဘောဆောင်သော အရာများကို အာရုံမပြုပါနှင့်။ ယင်းတို့ကို ထိန်းချုပ်ရန် သင့်အနေဖြင့် ကြိုးစားအားထုတ်ရန် မလိုပါ။ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းနှင့် ယင်းတို့တွင် ပျော်မွေ့ခြင်း၊ ဘုရားသခင် အား ချီးမွမ်းသော ဓမ္မတေးများကို သီဆိုခြင်းတို့ အားဖြင့် သင့်အပေါ်တွင် ဘုရားသခင်၏ ဆောင်ရွက်မှုတို့ကို ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော် လက်ရှိတွင် ဘုရားသခင်သည် လူသားတို့အား ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ပြည့်စုံစေရန် ဆန္ဒရှိပြီး သင်၏ စိတ်နှလုံးကို သိမ်းပိုက်လိုသည်၊ ဝိညာဉ်တော်သည် သင့်စိတ်နှလုံးကို ရရှိလိုသည်၊ ထို့နောက် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဘုရားသခင် ရှေ့မှောက်တွင် နေထိုင်လျှင် သင်သည် ဘုရားသခင်အား ကျေနပ် နှစ်သိမ့် စေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ နေထိုင်ခြင်းကို သင်အာရုံပြုပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် သမ္မာတရားကို ချည်းကပ်လျှင် ထိုဘာသာရေးဆိုင်ရာ အယူအဆများ၊ အတ္တစိတ်နှင့် အတ္တအကျိုးလိုလားမှုတို့ ကွယ်ပျောက်ကာ ဘုရားသခင်အတွက် မည်သို့ အသုံးပြုမည်၊ ဘုရားသခင်ကို မည်သို့ ချစ်မြတ်နိုးမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်နှစ်သိမ့်စေမည်တို့ကို သိရှိလာမည်။ ဘုရားသခင်၏ ပြင်ပရှိ အရာများသည် အလိုအလျောက် ပျောက်ကွယ်သွားမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ပြီး ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ဆုတောင်းသည့် တစ်ချိန်တည်းမှာပင် လက်ရှိတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် တို့ကို စားသောက်ခြင်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းအတွက် ပထမဆင့် ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်းကို ရလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးမှုတို့သည် သင်နှင့်အတူ ရှိလိမ့်မည်။ အလုံးစုံသော ဝိညာဉ်ရေးရာ အသက်တာများကို ရရှိခြင်းသည် ဘုရားသခင်၏ ရှေ့မှောက် တွင် ငြိမ်သက်ခြင်းအပေါ် တည်မှီနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား မရွေ့စေမီ ဆုတောင်းရာ၌ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ငြိမ်သက်ခြင်း ရှိရမည်ဖြစ်သည်။ ဘုရား သခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်စားသောက်သောအခါ၌ သင်သည် ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးမှုတို့ကို ရရှိနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား အမှန်တကယ် နားလည်မှုကို ရရှိနိုင်သည်။ သင်ပြုနေကျ ဖြစ်သည့် အာရုံပြု ဆင်ခြင်ခြင်း၊ မိတ်သဟာရပြုခြင်းနှင့်၊ သင့်စိတ်နှလုံး ဘုရားသခင်နှင့် နီးကပ် လာသည့်အခါတို့တွင် ဘုရားသခင် ရှေ့မှောက်တွင် သင်သည် ငြိမ်သက်ခြင်းရှိမှသာ ဘုရားသခင်နှင့် စစ်မှန်စွာနီးကပ်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ အမှုတော်တို့ကို စစ်မှန်စွာ နားလည်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်မည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ပိုရှိလာသည်နှင့်အမျှ သင်သည် ဉာဏ်အလင်းကို ပိုရရှိ လာမည်ဖြစ်ပြီး၊ သင်၏ ပျက်စီးနေသည့် စိတ်သဘောထား၊ သင်၏ချို့တဲ့မှု၊ သင်မည်သည်ကို လုပ်သင့်သည်၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သင့်သည်နှင့် သင်သည် မည်သည့်နေရာတွင် ချို့ယွင်းချက် ရှိသည်တို့ကို ပိုမိုနားလည်လာလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင် ရှေ့မှောက် တွင် ငြိမ်သက်ခြင်း ရှိခြင်းကိုသာ အမှီပြုပြီး ရရှိမည်။ ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် နက်ရှိုင်းစွာ ငြိမ်သက်ခြင်းရှိပါက၊ ဝိညာဉ်ပိုင်းဆိုင်ရာ လျှို့ဝှက်နက်နဲမှု အချို့ကို ထိတွေ့နိုင်ခြင်း၊ လက်ရှိအချိန်တွင် ဘုရားသခင်က သင့်ကို လုပ်ဆောင်စေလိုသည်များကို ထိတွေ့နိုင်ခြင်း၊ ဘုရား သခင်၏ နှုတ်ကပတ်တော်များအား နက်နဲစွာ နားလည်နိုင်မှုကို ထိတွေ့နိုင်ခြင်းနှင့်၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အနှစ်သာရ၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဖြစ်တည်မှုကို ထိတွေ့နိုင်ပြီး၊ လိုက်လျှောက် ကျင့်ဆောင် သည့် လမ်းစဉ်ကို ပိုမိုစေ့စပ် မှန်ကန်စွာ မြင်နိုင်မည်ဖြစ်သည်။ သင့်ဝိညာဉ်ထဲတွင် နက်ရှိုင်းသည့် အတိုင်းအတာတစ်ခုအထိ ငြိမ်သက်ခြင်းမရှိပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရွေ့စေခြင်းကို အနည်းငယ်သာ ခံရမည်ဖြစ်ပြီး၊ အတွင်းထဲတွင် ခွန်အားရှိခြင်း၊ ပျော်ရွင်ခြင်းနှင့် ငြိမ်သက်ခြင်းအချို့ကို ခံစားရမည်၊ သို့သော်လည်း ပိုမိုနက်ရှိုင်းသည့် အရာများကို သင်ထိတွေ့ နိုင်မည် မဟုတ်ပါ။ ငါယခင်ဆိုသည့်အတိုင်း၊ လူတစ်ဦးသည် သူ၏ ခွန်အားအလုံးစုံကို အသုံးမပြု ပါက၊ ငါ့အသံကိုကြားရန်နှင့် ငါ့မျက်နှာကို မြင်ရန် ခက်ခဲပါလိမ့်မည်။ ယင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းအား နက်ရှိုင်းစွာရရှိခြင်းကို ရည်ညွှန်းပြီး၊ ပြင်ပ ကြိုးစား အားထုတ်မှု ကို မရည်ရွယ်ပါ။ ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရရှိသူသည် အလုံးစုံသော လောကီချည်နှောင်မှုမှ ရုန်းထွက်နိုင်ပြီး ဘုရားသခင်၏ စိုးမိုးခြင်းကို ရယူနိုင်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရရှိနိုင်သူ အလုံးစုံတို့သည် ကိုယ်ကျင့်တရား ပျက်ပြားပြီး ထိန်းချုပ်နိုင်မှု ကင်းမဲ့နေမည်မှာ သေချာသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိနိုင်သူ အလုံးစုံတို့သည် ဘုရားသခင်ရှေ့တွင် ဘာသာရေး ကိုင်းရှိုင်းသူများ၊ ဘုရားသခင်ကို မျှော်လင့် တောင့်တသူများ ဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူတို့သာ ဘဝအသက်တာကို အလေးထားသူများ၊ ဝိညာဉ်ပိုင်းဆိုင်ရာ မိတ်သဟာရပြုခြင်းကို အလေးထားသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာလောင် မွတ်သိပ်သူများနှင့် သမ္မာတရားကို လိုက်လျှောက်သူများဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိခြင်းကို အလေးမထားသူ အလုံးစုံတို့၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိရန် မကျင့်ဆောင်သူတို့သည် လောကီ၏ ချည်နှောင်မှုကိုခံရပြီး အနှစ်သာရမဲ့သော၊ ဘဝ အသက်တာ မရှိသောသူများဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောကြား လျှင်ပင် ယင်းတို့၏ နှုတ်ဖျားမှ အပေါ်ယံ ပြောခြင်းသာ ဖြစ်သည်။ ဘုရားသခင်မှ အလုံးစုံ ပြည့်ဝမှုနှင့် ပြီးပြည့်စုံမှု ရရှိစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် အသရေရှိသူများ ဖြစ်ကြသည်။ နေ့အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို အချိန်အနည်းငယ်သာ စားသောက်သူများ၊ ပြင်ပကိစ္စများတွင် လုံးဝ နှစ်မြောနေသူများနှင့် ဘဝအသက်တာဝင်ခွင့်ကို အလေးမထားသူ အားလုံးသည် အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးရန် အလားအလာမရှိသော ကြောင်သူတော်များ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိပြီး ဘုရားသခင်နှင့် စစ်မှန်စွာ ထိတွေ့ နီးကပ်နေသူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို သင့်ဘဝ အသက်တာ အဖြစ် လက်ခံရန်၊ ပထမဦးစွာ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိရန် လိုအပ် သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိမှသာ၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပေးပြီး နားလည်မှုကိုပေးမည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရရှိလေ၊ ဘုရားသခင်၏ ဖွင့်ပြမှုနှင့် ဉာဏ်အလင်းပေးမှုတို့ကို ပိုမို ရရှိနိုင်လေ ဖြစ်သည်။ ထိုအရာတို့ကို ရရှိရန် လူတို့သည် ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ယုံကြည်မှု လိုအပ်ကြသည်။ သို့မှသာ သူတို့သည် ပြည့်စုံခြင်းကို ရရှိမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာသို့ ဝင်ရောက်ရန် အခြေခံကျသော အလေ့အကျင့်မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်မှုရှိခြင်း ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်သည် ငြိမ်သက်ခြင်းရှိမှသာ သင်၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်မှု အားလုံးတို့သည် အကျိုးသက်ရောက် နိုင်မည်ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်သက်ခြင်းမရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်မရရှိနိုင်ပါ။ သင်မည်သည့် အရာပင်လုပ်လုပ် ဘုရားသခင် ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်သက်ခြင်းရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင် နေထိုင်သူတစ်ဦးဖြစ်သည်။ သင်၏စိတ်နှလုံး ငြိမ်သက်ခြင်းရှိပြီး ဘုရားသခင်နှင့် နီးစပ်ပါက သင်မည်သည့် အရာပင်လုပ်လုပ်၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိကြောင်း သက်သေပြနေသည်။ သင်သည် အခြားသူများနှင့် စကားပြောစဉ်၊ သင်လမ်းလျှောက်နေစဉ်၊ “ငါ့နှလုံးသား သည် ဘုရားသခင်နှင့် နီးကပ်နေပြီး ပြင်ပကမ္ဘာလောက အချင်းအရာများကို အာရုံမထားပါ၊ ဘုရားသခင် ရှေ့မှောက်တွင် ငါသည် ငြိမ်သက်ခြင်း ရနိုင်ပြီ” ဟု သင်ပြောနိုင်ပြီ။ ဤသူကား ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူဖြစ်သည်။ သင့်စိတ်နှလုံးကို ပြင်ပသို့ ဆွဲဆောင် သွားမည့် အရာများနှင့် မဆက်သွယ်ပါနှင့်၊ သင့်စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးရာသို့ ဆွဲဆောင် သွားမည့် လူများနှင့်လည်း မဆက်သွယ်ပါနှင့်။ သင့်စိတ်နှလုံးကို ဘုရားသခင်နှင့် နီးကပ်နေခြင်းကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်အရာကိုမဆို ပစ်ထားခဲ့ပါ၊ သို့မဟုတ် ယင်းကို ဝေးဝေး ရှောင်ပါ။ ထိုနည်းလမ်းက သင့်ဘဝအသက်တာအတွက် ပိုပြီး အကျိုးဖြစ်စေပါသည်။ ယခု အချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ ကြီးမြတ်သည့်အလုပ် လုပ်သည့်ကာလဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လူများကို ပြည့်စုံစေသည့် ကာလဖြစ်သည်။ ယခုအချိန်၌ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်မလာနိုင်သည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်။ သင်သည် ဘုရားသခင်ကို မဟုတ်ဘဲ အခြား အရာများနောက်သို့ လိုက်လျှောက် ပါက ဘုရားသခင်ထံမှ ပြည့်စုံစေခြင်းကို ရရှိရန် ဖြစ်နိုင်ခြေ မရှိပါ။ ယနေ့တွင် ဘုရားသခင်၏ ထိုသို့သော နှုတ်ကပတ်တော်များကို ကြားနေရသော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရရှိသူများမှာ သမ္မာတရားကို မချစ်မြတ်နိုးသူများ၊ ဘုရားသခင်ကို မချစ်မြတ်နိုး သူများ ဖြစ်ကြပါသည်။ သင့်ကိုယ်သင် ယခုအချိန်တွင် မဆက်ကပ်လျှင် မည်သည့်အချိန်မှ ဆက်ကပ် မည်နည်း။ မိမိကိုယ်ကို ဆက်ကပ်ခြင်းမှာ တစ်စုံတစ်ဦးသည် မိမိစိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စေခြင်းပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက စစ်မှန်သော ဆက်ကပ်ခြင်း ဖြစ်သည်။ မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ အမှန်တကယ် ဆက်ကပ်သူ မည်သူကိုမဆို ယခုမျက်မှောက်တွင် ဘုရားသခင်က ပြီးပြည့်စုံစေမည်မှာ သေချာသည်။ အဘယ်အရာ ဖြစ်စေကာမူ မည်သည့်အရာမှ သင့်ကိုမနှောင့်ယှက်နိုင်ပါ၊ သင့်ကို စိတ်ညစ်စေခြင်း၊ သို့မဟုတ် သင်ပါဝင် ဆောင်ရွက်နေရခြင်း၊ သိုမဟုတ် စိတ်ရှုပ်ထွေးမှု သို့မဟုတ် ရှုံးနိမ့်မှုကို သင်ကြုံတွေ့ရခြင်းတို့ ဖြစ်နေစေကာမူ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်သက်ခြင်း ရှိနေသင့်သည်။ လူတွေသင့်ကို မည်ကဲ့သို့ပင် ဆက်ဆံပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်သက်ခြင်း ရှိနေသင့်သည်။ မည်သည့် ပတ်ဝန်းကျင်မျိုးများကိုမဆို သင်ကြုံတွေ့ရပါက၊ အခက်အခဲများ၊ ဆင်းရဲဒုက္ခ၊ သို့မဟုတ် ဖိစီးနှိပ်စက်မှု၊ သို့မဟုတ် စမ်းသပ်မှု များစွာ သင့်ထံ ရောက်ရှိလာပါက၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်သက်ခြင်း ရှိနေသင့်သည်။ ဤကား ပြည့်စုံမှု ဖြစ်စေသည့် နည်းလမ်းဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိမှသာလျှင် လက်ရှိဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာသိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းနှင့် ဉာဏ်အလင်းပေးမှုတို့ကို လမ်းလွှဲမသွားဘဲ ပိုမိုမှန်ကန်စွာ လိုက်လျှောက် ကျင့်ကြံနိုင်မည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းစွာ သိရှိပြီး အစေခံရာတွင် ပိုမိုရှင်းလင်းသည့် လမ်းစဉ်ရရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရွေ့လျား စေမှုနှင့် လမ်းညွှန်မှုကို ပိုမိုတိကျစွာ ထိတွေ့နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှု အောက်တွင် ဧကန်အမှန် နေထိုင်နိုင်မည်။ ယင်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်းရှိခြင်းမှ ရရှိသည့် ရလဒ်များဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ရှင်းလင်းစွာ မသိရှိပါက၊ ကျင့်ကြံ လိုက်လျှောက်ရမည့် နည်းလမ်းမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မထိတွေ့နိုင်၊ သို့မဟုတ် ကျင့်ကြံရမည့် နည်းဥပဒေသများ မရှိဖြစ်ပြီး၊ ထိုသို့ဖြစ်ခြင်းမှာ သူတို့၏ စိတ်နှလုံးများ သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိခြင်း၏ ရည်ရွယ်ချက်မှာ ဘုရား သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျကျ အလေးအနက်ထားပြီး ၄င်း၏ မှန်ကန်ခြင်းနှင့် ပွင့်လင်းမြင်သာမှုကို ရှာဖွေ၍၊ နောက်ဆုံးတွင် သမ္မာတရားကိုနားလည်ကာ ဘုရားသခင်ကို သိရှိရန် ဖြစ်သည်။ သင်၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်မပြတ် ငြိမ်သက်ခြင်း မရှိပါက၊ ဘုရားသခင်က သင့်ကို မပြီးပြည့်စုံစေနိုင်ပါ။ လူတစ်ဦးသည် စိတ်ဆန္ဒမပါရှိပါက နှလုံးသား မပါရှိခြင်းနှင့် ထပ်တူညီပြီး၊ စိတ်နှလုံးများ မပါရှိသည့် လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိပါ။ ဘုရားသခင်က အမှုတော် မည်မျှဆောင်သနည်း သို့မဟုတ် ဘုရားသခင်က မည်မျှမြွက်ဆိုသနည်း စသည်တို့ကို သူတို့မသိသည့်အပြင်၊ ယင်းတို့ကို လက်တွေ့မည်သို့ ကျင့်ကြံ ရမည်ကိုလည်း မသိကြပါ။ သူတို့ကား စိတ်နှလုံးများ မပါရှိသည့်သူများ မဟုတ်ပါလား။ စိတ်နှလုံးများ မပါရှိသူများသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိနိုင်ပါသလား။ စိတ်နှလုံးများ မပါရှိသူများကို ဘုရားသခင်က မပြည့်စုံစေနိုင်ပါ၊ သူတို့သည် တိရစ္ဆာန်များနှင့် သက်ဆိုင်ပါသည်။ ဘုရားသခင်က ရှင်းလင်းစွာနှင့် မခြွင်းမချန် မြွက်ဆိုခဲ့သည်၊ သို့သော် သင့်နှလုံးသားသည် မရွေ့လျားနိုင်သေးဘဲ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိနိုင်သေး၊ ဤအရာမှာ တိရိစ္ဆာန်တစ်ကောင် ဖြစ်နေခြင်းပင် မဟုတ်ပါလား။ အချို့လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိရန် ကျင့်ဆောင်ရာတွင် လမ်းလွှဲနေကြသည်။ ချက်ပြုတ်ရန် အချိန်တွင် ချက်ပြုတ်ခြင်း မရှိကြ၊ အလုပ်လုပ်ရန် အချိန်တွင် အလုပ်လုပ်ခြင်း မရှိကြဘဲ ဆုတောင်ခြင်းနှင့် အာရုံပြုဆင်ခြင်ခြင်းကိုသာ ပြုကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိခြင်းသည် မချက်မပြုတ် သို့မဟုတ် အလုပ်မလုပ်၊ ဘဝအသက်တာကို မသိ ကျိုးကျွန်ပြုသည့် အဓိပ္ပာယ်မဟုတ်ပါ၊ သို့သော် လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိခြင်းက၊ ပုံမှန်အခြေအနေ အလုံးစုံတွင် မိမိ၏စိတ်နှလုံးအတွင်း ဘုရားသခင်အတွက် နေရာပေးထားနိုင်ခြင်းဖြစ်သည်။ သင်ဆုတောင်းသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်တွင် သင့်တင့် လျောက်ပတ်စွာ ဒူးထောက်ပြီး ဆုတောင်းပါ၊ သင်အလုပ်လုပ်ရာတွင် သို့မဟုတ် အစားအသောက် ပြင်ဆင်ရာတွင်၊ ဘုရားသခင် ရှေ့မှောက်တွင် သင့်စိတ်နှလုံးကို ငြိမ်သက်စေပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပါ သို့မဟုတ် ဓမ္မတေးများကို ဆိုပါ။ မည်သည့် ပတ်ဝန်းကျင်မျိုးကို သင်ရောက်ရှိနေပါစေ၊ လိုက်လျှောက် ကျင့်ဆောင်ရမည့် နည်းလမ်း သင့်မှာရှိပြီး၊ ဘုရားသခင်နှင့် နီးကပ်စေရန် သင်တတ်နိုင်သည်များ အားလုံးကို ပြုလုပ်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်စေရန် သင်တတ်နိုင်သည်များ အားလုံးကို ပြုလုပ်ပါ။ အခြေအနေပေးပါက၊ စိတ်မပျံ့လွင့်စေဘဲ ဆုတောင်းပါ၊ အခြေအနေ မပေးပါက သင့်လက်များဖြင့် အလုပ်လုပ်နေစဉ် ဘုရားသခင်ကို သင်၏ စိတ်နှလုံးအနီးသို့ ဆွဲယူပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားနိုင်သောက်နိုင်သည့်အချိန်တွင်၊ စားပါသောက်ပါ၊ သင်ဆုတောင်းနိုင်သည့် အချိန်တွင် ဆုတောင်းပါ၊ ဘုရားသခင်ကို အာရုံပြု ဆင်ခြင်နိုင်သည့် အချိန်တွင် အာရုံပြုဆင်ခြင်ပါ၊ သင်၏ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး ဝင်ရောက်နိုင်ရန် အတွက် သင်လေ့ကျင့်နိုင်သလောက် လုပ်ဆောင်ပါ။ လူအချို့တို့သည် မည်သည့်အရေးကိစ္စမှ မပေါ်ပေါက်ပါက ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိကြသည်၊ သို့သော် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်နှင့် သူတို့၏စိတ်နှလုံးများသည် ထိုအရာနောက် ပါသွားကြသည်။ ယင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိခြင်း မဟုတ်ပါ။ မှန်ကန်သည့် နည်းလမ်းကို တွေ့ကြုံခြင်းက၊ သင့်ပတ်ဝန်းကျင်က မည်သို့ အခြေအနေ ရှိသည်ဖြစ်စေ လူတစ်ဦး၏ စိတ်နှလုံးက ဘုရားသခင်ကို မစွန့်ခွာပါ၊ သို့မဟုတ် ပြင်ပလူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထုများက စိတ်အနှောင့်အယှက် မဖြစ်စေပါ- ဤသူကား ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိသူဖြစ်သည်။ လူအချို့က စည်းဝေးချိန်များတွင် ဆုတောင်းပါက ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိသော်လည်း၊ မိတ်သဟာရပြုချိန်များတွင် သူတို့၏အတွေးများသည် အထိန်းအကွပ်မဲ့သွားပြီး လဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းမရှိဟု ပြောကြသည်။ ဤကား ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရှိခြင်း မဟုတ်ပါ။ လက်ရှိတွင် လူအများစုတို့သည် ဤအခြေအနေ ဖြစ်နေကြပြီး၊ သူတို့၏ စိတ်နှလုံးတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်သက်ခြင်းမရှိပါ။ ထို့ကြောင့် ဤနယ်ပယ်တွင် သင်တို့ကိုယ်သင်တို့ လေ့ကျင့်နိုင်ရန် ပိုမို အားထုတ်ပြီး၊ မှန်ကန်သည့် ဘဝအသက်တာ အတွေ့အကြုံသို့ တစ်လှမ်းပြီး တစ်လှမ်း ဝင်ရောက် ကာ၊ ဘုရားသခင်၏ ပြည့်စုံစေသည့် လမ်းကြောင်းဆီသို့ လျှောက်လှမ်းကြပါလေ။
0 Comments
Leave a Reply. |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|