ပုဂ္ဂိုလ်ရေး ခံစားချက် လွန်ခဲ့သောနှစ်၂ဝဝဝက သခင်ယေရှုဖာရိရှဲနှင့်ကျမ်းပြုဆရာများကို အမင်္ဂလာကျရောက်လိမ့်မည်ဟုဆုံးမခဲ့သည်။သူတို့သည်မိမိ၏ဂုဏ်ပကာသနကိုမက်မော၍မိမိအယူအဆဖြင့်ယေရှု၏လုပ်ဆောင်ချက်များကိုမလေ့လာပဲကောလဟာလများဖြန့်၍ယုံကြည်သူများကိုသွေးဆောင်ဖြားယောင်းခဲ့သည်။သူတို့သည်သင်ကြားခဲ့သောကျမ်းစာဗဟုသုတများနှင့်ရရှိထားသောအာဏာဖြင့်ယုံကြည်သူများကိုတင်းတင်းဆုတ်ကိုင်ထားသည်။နောက်ဆုံးတွင်ခွဲခြားနိုင်မှုမရှိသောယုံကြည်သူများသည်၎င်းတို့နှင့်အတူယေရှုကိုကောက်ချက်ချ၍ငြင်းပယ်ခဲ့ကြသည်။နောက်ဆုံးကာလ၌သခင်ယေရှုပြန်ကြွလာပြီ၊သမိုင်းအဖြစ်အပျက်များနောက်တစ်ကြိမ်ဖြစ်ပားပြန်သည်။ညီအကိုမောင်နှမတချို့သည်ယေရှုပြန်ကြွလာသည်ကိုကြားသောအခါလေ့လာကြရာ၊ဘုရားကျောင်း၏ဆရာများ၊သက်ကြီးအဘများကဘုရားကိုယုံကြည်ခြင်းသည်ကျမ်းစာကိုယုံကြည်ခြင်းဖြစ်ပြီးကျမ်းစာနှင့်မဝေးကွာသင့်ဟုထင်မြင်ကြသည်။ဤထင်မြင်ချက်များသည်ညီအကိုမောင်နှမများကိုလမ်းလွဲရောက်စေသလော?သူတို့သည်ဆရာနဓင့်သက်ကြီးအဘများ၏ကွန်ယက်မှမည်သို့ထိုးဖောက်၍ကိုယ်တော်ကြွလာခြင်းကိုကြိုဆိုမိကြသနည်း? Myanmar Full Movie (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်… မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ Myanmar New Full Movie 2019 (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းရှင် ဖြစ်သည်
0 Comments
Leave a Reply. |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|