ယုကွန်ဂေါင် သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နှင့်အတူ ဧဝံဂလိတရားကို ဖြန့်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းမှတိမ်းရှောင်ရန် ကြိုးပမ်းနေစဉ်တွင် နယ်ခံ နေအိမ်အသင်းတော်တစ်ပါးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သူ ဇန်ကျန်း ၏ ကယ်ဆယ်ခြင်းကို ခံရပါသည်။ ထို့နောက်တွင် သူသည် ဇန်ကျန်း နှင့် အခြားသူတို့ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ အခွင့်တော်ကို ရရန် မည်ကဲ့သို့ ယုံကြည်ပုံ နှင့် သမ္မာတရား၏ အခြားသောရှုထောင့်များကို အကြိမ်အရေအတွက် များစွာ မိတ်သဟာယဖွဲ့ဝေငှရသည်။ နောက်ဆုံးတွင် ယင်း သမ္မာတရားများသည် ဇန်ကျန်း နှင့် အခြားသူတို့ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ရှုပ်ထွေးခြင်း နှင့် အခက်အခဲများကို ဖြေရှင်းပေးပြီး “ဘုရားသခင်အား ယုံကြည်ခြင်း” ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ နားလည်စေသည့် အခွင့်ကို ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးသားများ လွတ်မြောက်သွားကြသည်။ ရုပ်ရှင်ဝေဌာမယ် Myanmar New Full Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းရှင် ဖြစ်သည်
0 Comments
Myanmar Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ရုပ်ရှင်ဇာတ်လမ်းတို- သခင်ဟာ ပြန်ပြီးကြွလာတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာလား ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု အသင်းတော်တွေရဲ့သင်းအုပ်တွေ၊ သင်းထောက်တွေတော်တော်များများဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့ကြတယ်။ ထာဝရဘုရားအတွက် ပင်ပင်ပန်းပန်းနဲ့ အမှုတော်ထမ်းကြတယ်။ သခင် ပြန် ကြွလာမှာကိုလည်း သတိမပြတ်တမ်း စောင့်မျှော်ကြတယ်။ ဒါကြောင့် သခင် ပြန် ကြွလာတဲ့အခါ၊ ကိုယ်တော်က သူတို့တွေကို အသိပေးဖော်ပြမှာပဲလို့ ယုံကြည်ကြပါတယ်။ ဒီအမြင်ဟာ ဘုရားသခင်အမှုတော်ရဲ့အကြောင်းအကျိုးတွေနဲ့ ကိုက်ညီပါရဲ့လား။ ဘုရားသခင်ဟာ လူ့ဇာတိခံတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာသေချာရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်၊ “ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။” မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ ယေရှုခရစ်တော်ပြန်ကြွလာခြင်း Myanmar Movie 2019 (ကောင်းကင်နိုင်ငံတော်သားများ) What Kind of People Can Enter the Heavenly Kingdom11/7/2019 Myanmar Movie 2019 (ကောင်းကင်နိုင်ငံတော်သားများ) What Kind of People Can Enter the Heavenly Kingdom သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ရိုးသားသော သူတို့သာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်၊ ရိုးသားသော သူတို့သာ နိုင်ငံတော်၏ လူများ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ ဤရုပ်ရှင်က ခရစ်ယာန်ဖြစ်သည့် ချင်နူ၏ ဘုရားနှုတ်ကပတ်တော်နှင့် ဆိုင်သော အတွေ့အကြုံ နှင့် ဘဝတွင် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့ ရှာဖွေခြင်းဖြစ်စဉ်ကို ပြောပြပါသည်။ ချင်နူမှာ ဆရာဝန်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူမ၏ နေ့စဉ်အသက်တာတွင် သူမ၏ ကိုယ်ကျိုးနှင့် ဂုဏ်ကို ထိခိုက်စေသည့် အမှုအရာများနှင့် ကြုံရချိန်တွင် သူမသည် လိမ်လည်ပြီး မလှည့်ဖြားပဲ မနေနိုင်သေးပါ။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံဆုံရာတွင်၊သူမသည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်သည်၊ သို့သော် တစ်ချိန်ပြီးတစ်ချိန် သမ္မတရားကို ရှာဖွေခြင်းမှတဆင့်၊ သူမ၏ မရိုးသားမှုနှင့် တကိုယ်ကောင်းဆန်မှု၊ စိတ်မချရသော ဆိုးယုတ်သည့် သဘာဝတို့၏ အရင်းအမြစ်ကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်။ သူမ၏ လိမ်လည်တတ်မှုနှင့် သူမ၏ နှလုံးသားထဲရှိ မရိုးသားမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား သူမ စတင် အာရုံစိုက်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သူမ၏ တာဝန်ကို ထမ်းဆောင်စဉ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြီးအကျယ် ညှင်းဆဲမှုခံရချိန်တွင်၊ သူမသည် မုသားတစ်ခုကို ပြောမည့်အစား သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ ငြင်းဆိုခဲ့သည်။ သူမသည် ဘုရားသခင်အတွက် နှစ်သက်ဖွယ်ဖြစ်သော၊ ထူးကဲသော သက်သေကို ခံခဲ့သည်။ ချင်နူသည် တဖြည်းဖြည်း ရိုးသားသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ နာခံနိုင်လာသည်။ ဤသို့ဆိုလျင် သူမ၏ ဇာတ်လမ်းသည် အမှန်တကယ်တွင် မည်သို့နည်း။
ခရစ်ယာန် ရုပ်ရှင်များ | (စောင့်လို့နေ) ရုပ်ရှင်ဇာတ်လမ်းတို- ပညာရှိ သတို့သမီးများဟာ မှန်ကန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အတုအယောင် တွေကို သေချာခွဲခြားနိုင်တယ် သခင်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းနဲ့ သင်နဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါ ခရစ်တော်အတုအယောင်တွေရဲ့ ရန်ကိုကြောက်လွန်းတာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အိမ်တံခါးပိတ်ပြီး သခင်ရဲ့ ဖွင့်ပြခြင်းကို စောင့်မလား? ဒါမှမဟုတ် ပညာရှိ သတို့သမီးများလို ပြုမူပြီး ဘုရားသခင်ရဲ့ အသံတော်ကို သတိထားနားထောင်ပြီး သခင်အလာကို ကြိုဆိုမလား။ ဒီ ဗီဒီယို အတိုလေးက သခင် ဒုတိယအကြိမ်ကြွလာတာကို ဘယ်လိုကြို ဆိုမလဲဆိုတာကို ပြောပြလိမ့်မယ်။ မြင်ကွင်းများ Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
တွေ့အကြုံခံစားချက်
ဘုရားသခင်က နောက်ဆုံးကာလအမှုတော်ရဲ့စီမံချက်နှင့် လူသားများရဲ့နောက်ဆုံးနေရာကို ပြောထွက်နိုင်တယ်။ ဒါဟာ လူသားတွေ မတတ်နိုင်တဲ့ကိစ္စဖြစ်တယ်။ သူတို့ပြောတဲ့သမ္မာတရားကို ကျွန်တော်သေချာရှာဖွေလေ့လာမှဖြစ်မယ်။ အာမင်
ညီအစ်ကိုမောင်နှမတို့ အားလုံးမင်္ဂလာပါ။ ယခုသည် နောက်ဆုံးကာလ၏ အဆုံးသတ်ချိန် ရောက်ရှိနေပြီဖြစ်ပြီး၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်ကောင်း ဖြစ်နေပါပြီဟု ကျွနု်ပ်တို့သိရှိကြပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်မှသာလျှင် ကိုယ်တော်၏ကျေးဇူးတရားကို လက်လွှတ်ဆုံးရှုံးခြင်း မရှိမည်နည်း။ သခင်ယေရှူ ယခင်ကပြောခဲ့သည်မှာ "ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ (ရှင်ယောဟန်ခရစ်ဝ)ဖြစ်သည်။ ကိုယ်တော်ပြောပြထားသည်မှာ သူ၏ပြန်ကြွလာခြင်းကို ကြိုဆိုရာတွင် ဘုရားသခင်၏အသံတော်ကို နားထောင်တတ်ရန်မှာ အဓိကအကျဆုံးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်ကို မည်သို့ခွဲခြားသိမြင်ရမည်နည်း။ ခရစ်ယာန်ရုပ်ရှင် “တံခါးကိုခေါက်နေခြင်း (၂) ” သည် ကျွနု်ပ်တို့အား လျိှုု့ဝှက်နက်နဲမှုကိုဖော်ပြပေးမည်ဖြစ်သည်။ ကြည့်ရှူကြရအေ
(နာကြည်းဖွယ်ရာ အမှတ်တရများ) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် “ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။ အကြံပြုစာမျာ: ဘုရားသခင်၏ နိုင်ငံတော် လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ “ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်” (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ “ နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
နောဧ ခေတ်တုန်းက လူသားမျိုးနွယ်ကို ပြန်ဆန်းစစ်ကြစို့။ လူသားဟာ နောင်တရဖို့ကို လုံးဝ မစဉ်းစားခဲ့ဘဲ မကောင်းမှုမျိုးစုံထဲမှာ ပါဝင်နေခဲ့တယ်။ ဘယ်သူမှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ ဆိုးညစ်မှုတွေက ဘုရားသခင်ကို ဒေါသ ထွက်လာစေပြီး နောက်ဆုံးမှာ ၊ ဧရာမ ရေလွှမ်းမိုးမှု ကပ်ဘေးထဲ သူတို့ မျိုပစ်ခံခဲ့ကြရပါတယ်။ နောဧ အပါအဝင် သူ့မိသားစု ရှစ်ယောက်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် နောက်ဆုံးသော ကာလ ရောက်ရှိလာပါပြီ။ လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်မှုက ပိုပို နက်ရှိုင်း လာနေပါတယ်။ လူတိုင်းက မကောင်းမှုကို မြတ်နိုးနေကြတယ်။ ဘာသာရေး လောကကြီး တခုလုံးက ကမ္ဘာ့ ဒီရေလှိုင်းရဲ့ နောက်မှာ လိုက်နေကြပါတယ်။ သူတို့ဟာ အမှန်တရားကို နည်းနည်းလေးမှ မနှစ်သက်ကြပါဘူး။ နောဧရဲ့ နေ့ရက်တွေ တကယ့်ကို ရောက်ရှိလာကြပါပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ လူသားတို့ အလယ် တရားစီရင်မှုကို လုပ်ဆောင်ဖို့ နောက်တကြိမ် ပြန်လာခဲ့ပါပြီ။ ဒါဟာ လူသားကို ဘုရားသခင်က နောက်ဆုံးအကြိမ် ကယ်တင်ခြင်း ဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဘာကို ရွေးချယ်သင့်ပါသလဲ။ ဧဝံဂေလိ ဓမ္မတေးများ (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏။ . . . ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏– ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြွေး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္ဍအမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏ . . .။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည် . . .။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။ များပြားသောအကြံပြုချက်များ
"ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား" ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင်း ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ အနန္တတန်ခိုးရှင်ဘုရားသည် သမ္မတရားကိုဖွင့်ဆိုခြင်းအားဖြင့် ဘုရားသခင်၏အိမ်တော်၌စတင်လျက် စီရင်ခြင်းအမှုတော်များကို အစပြုဆောင်ရွက်ထားသည်။ ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းမတိုင်မီ အတိတ်နိမိတ်များကိုလည်း စတင်ဖွင့်ပြခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းကို မည်သို့တွေ့ကြုံနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းတို့နှင့် အကျွမ်းဝင်ပြီးသောအခါ မည်သို့စင်ကြယ်၍ အသက်တာပြောင်းလဲခြင်းရမည်နည်း။ ဘုရားသခင်၏မှန်သော အသိပညာကို မည်သို့ လေ့လာသိရှိနိုင်မည်နည်း။ များပြားသောအကြံပြုချက်များ
သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသလား |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|