ဘုရားသခင်၏ကယ်တင်ခြင်း “ရှောင်ကျန်းရဲ့ ပုံပြင်” မှနေပြီး သင့်အား ခရစ်ယာန် ရှောင်ကျန်းရဲ့ ၏ အသက်တာ ပြောင်းလဲခြင်း ကို ပြောပြသည် ( တေးဂီတဆိုင်ရာ ပြဇတ်) ရှောင်ကျန်းသည် သူမ၏ သူငယ်ချင်းများကို အမြဲတမ်း ရိုးရိုးသားသားနှင့် ဆက်ဆံသည့် ဖြူစင်ပြီး ကြင်နာတတ်သော ခရစ်ယာန်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ရာတွင် သူတို့၏ အကျိုးအတွက် ဖြစ်သောအခါ သူမ၏ သူငယ်ချင်းဟောင်းများသည် သူမနှင့် ရန်သူတွေ ဖြစ်ခဲ့ကြသည်။ ဤဖြစ်ရပ်ဆိုးကို ခံစားရပြီးနောက်တွင် ရှောင်ကျန်းသည် သူမ၏ စစ်မှန်သော နှလုံးသားနှင့် သူမ၏ ကိုယ်ကျင့်တရားဟောင်းများကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရသည်။ သူမသည် သူမ၏ ကောင်းမွန်သော ကိုယ်ပိုင်အသိစိတ်နှင့် ကောင်းမွန်သော ဝိညာဉ်ကို သစ္စာဖောက်ဖို့ စတင်ပြုလုပ်လာခဲ့ပြီး ဆိုးယုတ်သောကမ်ဘာ၏ နွံထဲတွင် လူးလှိမ့် ပျော်မြူးနေခဲ့သည်။ သူမသည် ကျေးဇူးတော်ထံမှ ကျဆင်းလာပြီး ဆိုးယုတ်ခြင်းလမ်းကို လျှောက်သောအခါတွင် သူမသည် လောကကြီး၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ပွန်းပဲ့ဒဏ်ရာနှင့် အမာရွတ်တို့နှင့် အရာများ ဖြစ်ကျန်ခဲ့၏။ သူမသည် ရှေ့ဆက်စရာ လမ်းမရှိတော့သည့် နေရာကို ရောက်သွားခဲ့ပြီး မျှော်လင့်ချက် အားလုံးကို သူမ စွန့်ပစ်ပြီးသည့်အခါ အရာအားလုံး ဆုံးရှုံးနေသည့် အချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဟန်ဆောင်မှုကင်းမဲ့သည့် ခေါ်သံသည် နောက်ဆုံးတွင် ရှောင်ကျန်း၏ နှလုံးသားနှင့် ဝိညာဉ်ကို နှိုးထစေခဲ့သည်။
0 Comments
မုန်တိုင်းတွေက ဘာမှအချက်မပြဘဲဝင်ရောက်လာပြီး လူသားတွေ အပေါ် ကံဆိုးမှုတွေ ညတွင်းချင်းကျရောက်လာနိုင်တယ်လို့ လူတွေ မကြာခဏပြောလေ့ရှိပါတယ်။ သိပ္ပံပညာ၊ ခေတ်မှီပို့ဆောင် ဆက်သွယ်ရေးတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုတွေ လျင်မြန်စွာ တိုးတက်များပြားလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးဆိုးတွေ ဖြစ်ပေါ်မှုက တနေ့ထက် တနေ့ပိုမိုများပြားလာပါတယ်။ သတင်းစာ ပဲလှန်လှန် တီဗီပဲဖွင့်ဖွင့် အများဆုံး တွေ့ရမြင်ရတဲ့ သတင်းတွေက စစ်ပွဲတွေ မြေငလျင်လှုပ်တာတွေ ဆူနာမီတွေ ဟာရီကိန်းမုန်တိုင်းတွေ မီးလောင်တာ ရေကြီးတာတွေ လေယာဉ်ပျက်ကျတာတွေ မိုင်းတွင်းမတော်တဆမှုတွေ လူမှုအသိုင်းအဝိုင်းတွင်း မငြိမ်မသက် ဖြစ်မှုတွေ ပြင်းထန်တဲ့ ပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေပဲဖြစ်နေပါတယ်။ ကျွန်ုပ်တို့တွေ့ကြုံနေရတာတွေ အားလုံးဟာ သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေနဲ့ လူကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေပဲဖြစ်ပါတယ်။ ဒီကပ်ဘေးဒုက္ခတွေဟာ မကြာခဏဖြစ်ပေါ်နေသလို ပိုပိုပြီးလဲ တိုးပွားများပြားလာပါတယ်။ ဒီဘေးဆိုးကပ်ဆိုးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကြောင့် ဘေးဒုက္ခတွေ သွေးချောင်းစီးမှုတွေ ကိုယ်လက်အအင်္ဂါ ချို့တဲ့မှုတွေ နဲ့ သေဆုံးမှုတွေအထိဖြစ်စေပါတယ်။ ကံဆိုးမှုတွေက ကျွန်ုပ်တို့ ဝန်းကျင်မှာ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး၊ ဘဝရဲ့တိုတောင်းမှု ထိလွယ်ရှလွယ်ရှိမှုတွေကို အလေးထားမိစေပါတယ်။ အနာဂတ်မှာ ဘယ်လိုဘေးဆိုးကပ်ဆိုးတွေနဲ့တွေ့မယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလဲမရှိသေးပါဘူး။ အဲဒီအပြင် ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားရမယ် ဆိုတာလဲမသိကြပါဘူး။ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဒီကပ်ဘေး ဒုက္ခတွေကလွတ်အောင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာလဲမသိကြပါဘူး။ သင်သိချင်တဲ့ အဖြေကို ဒီအစီအစဉ်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်ကို လက်ခံရရှိခြင်းဆိုတဲ့ တခုတည်းသော နည်းလမ်းကို ရှာဖွေတွေ့ရှိပြီး၊ ဒါကသာ သင့်ကို ကပ်ဘေးဒုက္ခတွေကနေ ရှင်သန်လွတ်မြောက်စေမှာဖြစ်ပါတယ်။
|
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|