Free Myanmar Movie (ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်) What Should We Pursue to Have a Happy Life ကောင်းမွန်သော ဘဝတစ်ခုကို အသက်ရှင်ဖို့ ငွေအလုံအလောက်ရှာဖို့အတွက် ဒင်းရူလင် နှင့် သူမ၏ အမျိုးသားသည် လုပ်ငန်းတစ်ခုကို ဖွင့်ပြီး လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားကြသည်။ သို့သော်၊ စီစီပီအစိုးရ၏ အမြတ်ထုတ်ခြင်းနှင့် မတရားဖိနှိပ်ခြင်း တို့ကြောင့် သူတို့ အကြွေးကြီးကြီးမားမား ကျန်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ အလုပ်လုပ်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ ငွေပိုရှာနိုင်ရန်အတွက် ဒင်းရူလင်က အလုပ်နှစ်ခု လုပ်သည်။ သူမ၏ လေးလံသော အလုပ်ဝန် နှင့် သူမ အနီးတစ်ဝိုက်မှ လူတို့၏ ဥပေက္ခာပြုခြင်းက ငွေအတွက် အသက်ရှင်ခြင်းမှဖြစ်သည့် နာကျင်ခြင်းနှင့် ကူရာမဲ့ခြင်းတို့ကို နားလည်စေလေသည်။ သူမ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုအလယ်တွင်၊ သူမသည် အထက်တန်းကျောင်းနေဖက် လင်းဇီရှင်း နှင့် ဆုံသည်။ သူတို့၏ ဆွေးနွေးမှုများတွင်၊ လင်းဇီရှင်းသည် သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ကိစ္စများစွာ နားလည်လာခဲ့သည်ကို ဒင်းရူလင် မြင်ရသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့်အတူ ဝိညာဉ်ရေး ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်မှုတို့ကို သူမခံစားရပြီး၊ စိုးရိမ်သောကကင်းပြီး အေးဆေးသောအခြေအနေတွင် အသက်ရှင်ရသည်၊ ယင်းက ဒင်းရူလင်ကိုလည်း ဘုရားသခင်ကို ယုံကြည်ဖို့ ဆန္ဒရှိစေခဲ့သည်။ မကြာခင်၊ ငွေပို၍ပင် ရှာဖွေရန်၊ ဒင်းရူလင်နှင့် သူမအမျိုးသားတို့သည် စားသောက်ဆိုင်ကို လွဲပြောင်းယူလိုက်ကြသည်၊ သို့သော် ကြာရှည် ပင်ပန်းနွမ်းလျမှုက ဒင်းရူလင်ကို အသည်းအသန် နာမကျန်းဖြစ်လာစေသည်၊ ယင်းက သူမကို သွပ်ချာပါဒရောဂါဖြစ်နိုင်သည့် အန္တရာယ်ဖြစ်စေခဲ့သည်။ သူမ၏ နာမကျန်းမှုကို ခံစားရခြင်းက ဒင်းရူလင်ကို ဘဝအပေါ် စတင် ဆင်ခြင်သုံးသပ်စေသည်။ မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့် ဒုက္ခကို လွတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှ ကယ်တင်နိုင်ပါသလား။ ဘုရားနှုတ်ကပတ်တော်အပေါ် သူမ ညီမများ၏ မိတ်သဟာယမှတဆင့်၊ ဒင်းရူလင်သည် ဘဝနှင့်ပတ်သက်သည့် ဤမေးခွန်းများအတွက် အဖြေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်၊ ဘဝတွင် ရှာဖွေရန် အရေးကြီးဆုံးသော အရာကို သူမ သင်ယူရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူမ ရှာတွေ့လေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုမှတဆင့်၊ နောက်ဆုံးတွင် ဘဝ၌ ပျော်ရွှင်မှုကို ဒင်းရူလင် ရှာဖွေတွေ့ရှိလေသည်…..
0 Comments
(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဇာတ်လမ်းတို- ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းဟာ ပိုပြီးအကျိုးများကြောင်း၊ ဘာကြောင့်ပြောဆိုကြတာလဲ။ ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့မရှိမဖြစ်လိုအပ်မှုနဲ့ အဓိကအရေးပါမှုကို ဘယ်လိုမြင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလို မိန့်ဆိုပါတယ်၊ “ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့ဇာတိခန္ဓာကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းမှာ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်မှ သူ့အမှုကိုလုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်မှ သူ့အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ ” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|