ခရစ်ယာန် ရုပ်ရှင်များ (အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်) ဇာတ်လမ်းတို- ခရစ်ယာန်ဘာသာကို မည်သို့ နားလည်သင့်သနည်း ခရစ်ယာန်ဘာသာ၊ ကက်သလစ်အယူဝါဒနှင့် အရှေ့အောက်သိုဒေါ့စ် အသင်းတော်အားလုံးတို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်သည့် ဘာသာတရားများဖြစ်သည်မှာ အများက သိရှိထားသည့်အချက်ဖြစ်သည်။ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဖြစ်တည်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နိုင်ငံတော်ခေတ်ထဲက ခရစ်တော်၏ အသင်းတော်ဖြစ်ပြီး ခရစ်ယာန်ဘာသာ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်အသင်းတော်တစ်ခု ဖြစ်သည်ကို တရုတ်ကွန်မြူနစ်ပါတီက အဘယ်ကြောင့် ငြင်းဆိုပါသနည်း။ ခရစ်ယာန်ဘာသာဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။
0 Comments
ခရစ်ယာန် ရုပ်ရှင်များ (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။ (စောင့်လို့နေ) ဇာတ်လမ်းတို- ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်သောသူသာလျှင်ကောင်းကင်နိုင်ငံတော် ကိုဝင်ရမည် ဘယ်လိုလူမျိုးတွေဟာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခြင်း ခံရမှာလဲ။ သခင်ယေရှုက ပြောခဲ့ပါတယ် “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁) ဒါပေမဲ့ လူတချို့ကတော့၊ ကောင်းကင်ဘုံက အဖရဲ့အလိုကိုဆောင်ခြင်းဆိုတာ သခင့်နာမတော်ကို သစ္စာရှိခြင်းဖြစ်တယ်၊ ကိုယ်တော့်အတွက် ကြိုးစားအမှုတော်ထမ်းခြင်းဖြစ်တယ်၊ ကားတိုင်ကိုထမ်းပြီး ဆင်းရဲဒုက္ခခံခြင်းဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီအတိုင်းနေထိုင်တယ်ဆိုရင်၊ သခင့်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းမှာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့အတွက် စောင့်ကြည့် စောင့်မျှော်ဖို့ပဲလိုတယ်လို့ ယုံကြည်ကြတယ်။ ဒီအယူအဆတွေဟာ သခင့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ ဒီဗီဒီယိုက သင့်ကို သိစေပါလိမ့်မယ်။ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|