Feeling after watching: Many believers are longing for the Lord's return, but when there are people saying the Lord has already returned, what we do to be certain it is the Lord Jesus' return? The Lord Jesus said, "My sheep hear my voice, and I know them, and they follow me:" (John 10:27). For the verse we can see that God's sheep listen for God's voice. The critical thing about welcoming the Lord's return is to listen for God's voice, to understand from God's words and work, like the wise virgins, hearing the bridegroom's voice and they come out to welcome him. Looking back the time the Lord's disciples such as Peter, John, Matthew, and Philip, they were able to see the Lord's authority and power from the Lord Jesus' words and deeds, so they knew He is Messiah and therefore they gained the Lord Jesus' salvation. Therefore, we should focus on listen for God's voice to discern if it's the return of the Lord. Only God is the truth, the way and the life. Please come join us at the Live Stream "What a Beautiful Voice"
0 Comments
Myanmar Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ရုပ်ရှင်ဇာတ်လမ်းတို- သခင်ဟာ ပြန်ပြီးကြွလာတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာလား ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု အသင်းတော်တွေရဲ့သင်းအုပ်တွေ၊ သင်းထောက်တွေတော်တော်များများဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့ကြတယ်။ ထာဝရဘုရားအတွက် ပင်ပင်ပန်းပန်းနဲ့ အမှုတော်ထမ်းကြတယ်။ သခင် ပြန် ကြွလာမှာကိုလည်း သတိမပြတ်တမ်း စောင့်မျှော်ကြတယ်။ ဒါကြောင့် သခင် ပြန် ကြွလာတဲ့အခါ၊ ကိုယ်တော်က သူတို့တွေကို အသိပေးဖော်ပြမှာပဲလို့ ယုံကြည်ကြပါတယ်။ ဒီအမြင်ဟာ ဘုရားသခင်အမှုတော်ရဲ့အကြောင်းအကျိုးတွေနဲ့ ကိုက်ညီပါရဲ့လား။ ဘုရားသခင်ဟာ လူ့ဇာတိခံတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာသေချာရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်၊ “ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။” မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ ယေရှုခရစ်တော်ပြန်ကြွလာခြင်း Myanmar Movie 2019 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ) The Pharisees Have Reappeared ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်း အမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။ များပြားသောအကြံပြုချက်များ ခရစ်ယာန် ရုပ်ရှင်များ Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည် ဆွန်ရီမင်သည် တောင်ကိုရီးယားခရစ်ယာန်အသင်းတော်မှ သင်းအုပ်တစ်ပါးဖြစ်သည်။ နှစ်ပေါင်းများစွာ ကိုယ်တော့်ကို သက်ဝင်ကိုင်းရှိုင်းသည့် နောက်လိုက်ကောင်းတစ်ဦးဖြစ်သည့်အားလျှော်စွာ ယုံကြည်ချက်ကြီးစွာဖြင့် ကိုယ်တော့်အတွက် တက်ကြွစွာအမှုတော်ဆောင်ခဲ့ပြီး ကိုယ်တော်ပြန်ကြွလာသောအခါ ကောင်းကင်ဘုံသို့ခေါ်ဆောင်ခံရရန် မျှော်လင့်စောင့်စား နေသူလည်းဖြစ်ပါသည်။ မကြာမှီနှစ်များအတွင်းမှစ၍ သူတို့အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုမပါဝင်ဘဲ အသင်းတော်မှာ အထီးကျန်ဆန်အားနည်းလာကြောင်း ခံစားခဲ့ရသည်။ ထိုသို့ဖြစ်နေစဉ်မှာပင် သခင်ယေရှုပြန်ကြွလာသည်ကို သက်သေခံကြသည့် အရှေ့တိုင်းရဲ့အလင်းအသင်းတော်ဟုအမည်ရသောဂိုဏ်းတစ်ခု တရုတ်ပြည်၌ပေါ်ထွန်းနေသည်ကို ကြားမိသည်— သမ္မတရားအားဖော်ပြခြင်းအားဖြင့် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်ကိုဆောင်ရွက်နေသည့် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင်းအုပ်ဆွန် နှင့် သာသနာပြုချွဲတို့သည် အရှေ့တိုင်းရဲ့အလင်း အသင်းတော်အကြောင်းလေ့လာရန် တရုတ်ပြည်သို့ ထွက်ခဲ့ကြပြီး နောက်ဆုံးမှာ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့်ရခဲ့ကြ၍ ထိုနှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင်၏အသံတော်များဖြစ်ကာ အမှန်တွေချည်းဆိုတာ သိခဲ့ကြရသည်။ အနန္တတန်ခိုးရှင်ဘုရားသည် ပြန်လည်ကြွချီလာသည့် သခင်ယေရှုပင် ဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။ သို့သော် သူတို့သည် နောက်ဆုံးသောကာလရှိ အနန္တတန်ခိုးရှင်ဘုရား၏အမှုတော်ကို လေ့လာခဲ့ကြသဖြင့် ဘာသာရေးဘောင်ရှိ အကြီးအကဲများက ရဲများထံသတင်းပို့ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ဖမ်းဆီးခံခဲ့ရပြီး တရုတ်ကွန်မြူနစ်ပါတီမှ သူတို့ကိုပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့ဖြစ်၍ ကိုရီးယားသို့ ပြန်ရောက်လာသောအခါ သင်းအုပ်ဆွန်၏ရင်ထဲတွင် အထူးသဖြင့် နစ်နာဆုံးရှုံးစွာ ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်နှင့် ဆက်သွယ်မှုရနိုင်မည့်နည်းလမ်းများကိုလည်း ဆက်လက်၍ တွေးတောနေခဲ့သည်။ တစ်နေ့၌ သူသည်မထင်မှတ်ထားဘဲ အရှေ့တိုင်းရဲ့အလင်းအသင်းတော်သည် တောင်ကိုရီးယားသို့ပင် ပြန့်နှံ့အခြေချလျှက်ရှိနေပြီဟူသည့်သတင်းကို အနန္တတန်ခိုးရှင်ဘုရားအသင်းတော်၏ကိုရီးယားအင်တာနက်စာမျက်နှာမှ တွေ့ခဲ့ရသည်။ ထို့ကြောင့် သူသည် အားရဝမ်းသာစွာဖြင့် သူ့အသင်းတော်မှ ညီအကိုမောင်နှမအချို့ကိုခေါ်ဆောင်ကာ အမှန်တရားလမ်းကို လေ့လာရန်အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ဆီသို့ သွားခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသည် ပြန်လည်ကြွချီလာသည့် သခင်ယေရှုပင်ဖြစ်သည်ဟု သူတို့ခိုင်မာစွာယုံကြည်ခဲ့ကြသည်။ သူတို့သည် အနန္တတန်ခိုးရှင်ဘုရား၏ နောက်ဆုံးသောကာလ အမှုတော်များကို ကျေကျေနပ်နပ်လက်ခံခဲ့ကြပြီး ကောင်းကင်ဘုံဝင်ခွင့်ရရန်နည်းလမ်းကိုတွေ့ရှိခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန်မျှော်လင့်ချက်ကိုလည်း သဘောပေါက်နိုင်မည့် အခွင့်အရေးကိုရရှိခဲ့သည်။
မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ ခရစ်ယာန် ရုပ်ရှင်များ
2019 Myanmar Movie -တံခါးကိုခေါက်နေခြင်း(၁)--"ကိုယ်တော်ပြန်ကြွလာချိန်တွင် တံခါးကို သခင်မည်သို့ ခေါက်မည်နည်း။"
ကြည့်ပြီးနောက် အတွေ့အကြုံ
ဖာရိရှဲလူမျိုးများသည် မိမိ၏ထင်မြင်ချက်ဖြင့် ကိုယ်တော်ကို ကောက်ချက်ချကြသည်။ သူတို့၏ကျရှုံးရသောဆုံးမစာသည် ကျွန်ုပ်တို့ကို သတိပေးနေပါသည်။ အိပ်မက်နေသူကိုနိုးလာအောင်ပြောသောစကားဖြစ်သည်။ ကိုယ်တော်ကိုကြိုဆိုရာတွင် အဓိကအရေးကြီးဆုံးအချက်မှာ ဘုရားသခင်၏အသံကိုနားထောင်တတ်ခြင်းသာဖြစ်သည်။ အာမင် Myanmar Movie 2019 (သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ) အလုပ်ခွင်တွင် ခရစ်ယာန်များ သက်သေရပ်တည်ကြပုံ ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|