(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဇာတ်လမ်းတို- ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းဟာ ပိုပြီးအကျိုးများကြောင်း၊ ဘာကြောင့်ပြောဆိုကြတာလဲ။ ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့မရှိမဖြစ်လိုအပ်မှုနဲ့ အဓိကအရေးပါမှုကို ဘယ်လိုမြင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလို မိန့်ဆိုပါတယ်၊ “ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့ဇာတိခန္ဓာကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းမှာ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်မှ သူ့အမှုကိုလုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်မှ သူ့အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ ” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
0 Comments
(နာကြည်းဖွယ်ရာ အမှတ်တရများ) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် “ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။ အကြံပြုစာမျာ: ဘုရားသခင်၏ နိုင်ငံတော် ခရစ်ယာန် ရုပ်ရှင်များ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို လူမျိုးတိုင်းက ကိုးကွယ်ကြသည်”- သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကြိုဆိုပါ ကြယ်တွေစုံလင်၊ တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေတဲ့ ညတစ်ညရဲ့ ကောင်းကင်ယံအောက်မှာ၊ ခရစ်ယာန်အဖွဲ့တစ်ဖွဲ့ဟာ ကယ်တင်ရှင်ပြန်အလာကို ထက်သန်စွာ စောင့်ရင်း ပျော်ရွှင်စရာကောင်းတဲ့ တေးဂီတနဲ့ သီဆို ကခုန်နေကြတယ်။ “ ဘုရားသခင် ပြန်လာပြီ” ၊” ဘုရားသခင်ဟာ နှုတ်ကပတ်တော်အသစ်တွေကို ပြောကြားလိုက်ပြီ” ဆိုတဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းကို သူတို့ ကြားတဲ့အခါမှာ အံ့သြပြီး စိတ်လှုပ်ရှားကြတယ်။ “ ဘုရားသခင်ပြန်လာပြီလား။ သူ ထွက်ပေါ်နှင့်ပြီလား” လို့ သူတို့ တွေးကြတယ်။ စူးစမ်းလိုစိတ်နဲ့ မသေချာမှုတွေနဲ့အတူ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ကြိုးပမ်းရှာဖွေခြင်း ခရီးထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကြိုးပမ်းရှာဖွေမှုမှာ တစ်ချို့လူတွေက မေးခွန်းတွေ မေးနေကြပြီး တစ်ချို့ကတော့ ရိုးရိုးလေးပဲ လက်ခံကြတယ်။ တစ်ချို့လူတွေက မှတ်ချက်မပေးဘဲ ခံယူကြပြီး တစ်ခြားလူတွေကတော့ အကြံပြုချက်တွေပြုလုပ်ကြပြီး သမ္မာကျမ်းစာမှာ အဖြေတွေကို ရှာဖွေကြတယ်။ သူတို့တွေ ကြည့်ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘာအကျိုးရလဒ်မှ မရရှိခဲ့ဘူး။ သူတို့တွေ စိတ်ဓါတ်ကျလာတဲ့အချိန်မှာပဲ မျက်မြင်သက်သေတစ်ယောက်ဟာ နိုင်ငံတော်ခေတ် သမ္မာကျမ်းစာ မိတ္တူကိုယူလာတယ်။ သူတို့ဟာ စာအုပ်ထဲမှာပါတဲ့ နှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စိတ်ဝင်စားလာခဲ့ကြတယ်။ ဒီစာအုပ်က တကယ်တမ်း ဘယ်လိုစာအုပ်မျိုးလဲ။ သူတို့က အဲဒီစာအုပ်ထဲမှာ ဘုရားသခင် ပြောကြားထားတဲ့ နှုတ်ကပတ်တော်အသစ်တွေကို တကယ်ပဲ တွေ့သွားကြတာလား။ ဘုရားသခင် ပေါ်ထွန်းလာခြင်းကို သူတို့ ကြိုဆိုပြီးကြပြီလား။ များပြားသောအကြံပြုချက်များ Myanmar Gospel Video 2019 (နောဧနေ့များ ရောက်လာကြပြီ) |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|