ခရစ်ယာန် ရုပ်ရှင်များ (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) Spreading and Bearing Witness to God’s Gospel ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။ ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
0 Comments
Myanmar Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ရုပ်ရှင်ဇာတ်လမ်းတို- သခင်ဟာ ပြန်ပြီးကြွလာတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာလား ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု အသင်းတော်တွေရဲ့သင်းအုပ်တွေ၊ သင်းထောက်တွေတော်တော်များများဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့ကြတယ်။ ထာဝရဘုရားအတွက် ပင်ပင်ပန်းပန်းနဲ့ အမှုတော်ထမ်းကြတယ်။ သခင် ပြန် ကြွလာမှာကိုလည်း သတိမပြတ်တမ်း စောင့်မျှော်ကြတယ်။ ဒါကြောင့် သခင် ပြန် ကြွလာတဲ့အခါ၊ ကိုယ်တော်က သူတို့တွေကို အသိပေးဖော်ပြမှာပဲလို့ ယုံကြည်ကြပါတယ်။ ဒီအမြင်ဟာ ဘုရားသခင်အမှုတော်ရဲ့အကြောင်းအကျိုးတွေနဲ့ ကိုက်ညီပါရဲ့လား။ ဘုရားသခင်ဟာ လူ့ဇာတိခံတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာသေချာရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်၊ “ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။” မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ ယေရှုခရစ်တော်ပြန်ကြွလာခြင်း Myanmar Movie 2019 (ကောင်းကင်နိုင်ငံတော်သားများ) What Kind of People Can Enter the Heavenly Kingdom11/7/2019 Myanmar Movie 2019 (ကောင်းကင်နိုင်ငံတော်သားများ) What Kind of People Can Enter the Heavenly Kingdom သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ရိုးသားသော သူတို့သာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်၊ ရိုးသားသော သူတို့သာ နိုင်ငံတော်၏ လူများ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ ဤရုပ်ရှင်က ခရစ်ယာန်ဖြစ်သည့် ချင်နူ၏ ဘုရားနှုတ်ကပတ်တော်နှင့် ဆိုင်သော အတွေ့အကြုံ နှင့် ဘဝတွင် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့ ရှာဖွေခြင်းဖြစ်စဉ်ကို ပြောပြပါသည်။ ချင်နူမှာ ဆရာဝန်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူမ၏ နေ့စဉ်အသက်တာတွင် သူမ၏ ကိုယ်ကျိုးနှင့် ဂုဏ်ကို ထိခိုက်စေသည့် အမှုအရာများနှင့် ကြုံရချိန်တွင် သူမသည် လိမ်လည်ပြီး မလှည့်ဖြားပဲ မနေနိုင်သေးပါ။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံဆုံရာတွင်၊သူမသည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်သည်၊ သို့သော် တစ်ချိန်ပြီးတစ်ချိန် သမ္မတရားကို ရှာဖွေခြင်းမှတဆင့်၊ သူမ၏ မရိုးသားမှုနှင့် တကိုယ်ကောင်းဆန်မှု၊ စိတ်မချရသော ဆိုးယုတ်သည့် သဘာဝတို့၏ အရင်းအမြစ်ကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်။ သူမ၏ လိမ်လည်တတ်မှုနှင့် သူမ၏ နှလုံးသားထဲရှိ မရိုးသားမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား သူမ စတင် အာရုံစိုက်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သူမ၏ တာဝန်ကို ထမ်းဆောင်စဉ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြီးအကျယ် ညှင်းဆဲမှုခံရချိန်တွင်၊ သူမသည် မုသားတစ်ခုကို ပြောမည့်အစား သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ ငြင်းဆိုခဲ့သည်။ သူမသည် ဘုရားသခင်အတွက် နှစ်သက်ဖွယ်ဖြစ်သော၊ ထူးကဲသော သက်သေကို ခံခဲ့သည်။ ချင်နူသည် တဖြည်းဖြည်း ရိုးသားသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ နာခံနိုင်လာသည်။ ဤသို့ဆိုလျင် သူမ၏ ဇာတ်လမ်းသည် အမှန်တကယ်တွင် မည်သို့နည်း။
【Live】Myanmar Movie 2019 | ပျော်ရွှင်ချမ်းမြေ့သောဘဝတစ်ခုပိုင်ဆိုင်ရန်မည်သို့လုပ်ဆောင်ရမည်နည်း။10/20/2019
သိမြင် ခံစားချက်
ကျွန်ုပ်တို့သည် မည်မျှများပြားသောစည်းစိမ်ဥစ္စာများပိုင်ဆိုင်စေကာမူ ယင်းသည် ကျွန်ုပ်တို့ကို တစ်ခနတာ ပျော်မွေ့မူကိုသာ ရရှိစေသည်။စစ်မှန်သည့် ပျော်ရွှင်မူမဟုတ်ပေ။ဘုရားသခင်သာလျှင် ကျွန်ုပ်တို့၏စိတ်ဝိညာဉ်အနတ်တမူကို ဖြည့်ဆည်းပေးနိုင်သည်။ 【Live】Myanmar Movie 2019 | ပျော်ရွှင်ချမ်းမြေ့သောဘဝတစ်ခုပိုင်ဆိုင်ရန်မည်သို့လုပ်ဆောင်ရမည်နည်း။ "မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့်ဒုက္ခမှ လွှတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှကယ်တင်နိုင်ပါသလား။" ဤမေးခွန်းများသည် ယခုလူများအား ရှုပ်ထွေးစေသောအရာဖြစ်သည်။ ခရစ်ယာန်တစ်ဦး တင်း၍လင်၏ ရှုပ်ထွေးမှုလည်းဖြစ်ခဲ့သည်။ ရုပ်ရှင်ထဲမှဇာတ်ဆောင် တင်း၍လင်သည် ငွေများရှာဖွေပြီး ကောင်းမွန်သာယာသော ဘဝတစ်ခုပိုင်ဆိုင်ရန် ခင်ပွန်းနှင့် ပင်ပန်းစွာရုန်းကန်ခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရ၏ အဆင့်ဆင့်ခေါင်းပုံဖြတ် အနိုင်ကျင့်မှုကြောင့် ပေးစရာအကြွေး ပိုမိုများပြားလာစေသည်။ မတတ်နိုင်တော့သည့်အတွက် နိုင်ငံခြားထွက်၍ အလုပ်လုပ်ရုံသာရှိခဲ့သည်။ ငွေကြေးပို၍ များစွာရနိုင်ရန်အတွက် တင်း၍လင်သည် တစ်ယောက်တည်းဖြင့် အလွန်အကျွံဖြစ်သော အလုပ်နှစ်ခုကိုလုပ်ခဲ့သည်။ ပတ်ဝန်းကျင်မှလူများက မနာလိုသောအကြည့်ဖြင့် ဆက်ဆံကြသည်။ သူမအား ငွေကြေးအတွက် အသက်ရှင်ရခြင်း၏ နာကျင်မှုနှင့်အကူအညီမဲ့ခြင်းကို ခံစားရစေခဲ့သည်။ နာကျင်ပြီး လမ်းစပျောက်စေချိန်တွင် သူမ၏တစ်ချိန်က တက္ကသိုလ်သူငယ်ချင်း လင်ကြည့်ရှင်းနှင့် အမှတ်မထင်ဆုံခဲ့သည်။ နှစ်ဦးသားပြောဆိုကြရာတွင် တင်း၍လင်သည် လင်ကြည့်ရှင်းမှာ ဘုရားသခင်အား ယုံကြည်သွားခဲ့သည်ကိုတွေ့မြင်ခဲ့သည်။ ဘုရားသခင်ကိုယုံကြည်သောကြောင့် များစွာသော အကြောင်းကိစ္စများကို သိမြင်နိုင်ပြီး ဘုရား၌အတူရှိသောကြောင့် စိတ်ဝိညာဉ်သည်လည်း ငြိမ်သက်ပျော်ရွှင်၍ အသက်ရှင်ရသည်မှာ ပေါ့ပါးလွတ်လပ်သည်။ ထို့ကြောင့်လည်း သူမသည် ဘုရားသခင်ကိုယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် တင်း၍လင်တို့စုံတွဲသည် ငွေကြေးများများရရန်အတွက် ထမင်းဆိုင်တစ်ဆိုင်အား ဆက်ခံခဲ့သည်။ သို့သော်လည်း ကြာရှည်စွာအလုပ်လုပ်ခြင်းကြောင့် တင်း၍လင်သည် ရုတ်တရက် ပြင်းထန်စွာဖျားနာခဲ့သည်။ ကိုယ်လက်အင်္ဂါသေခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။..... နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများ၏ နှုတ်ကပတ်တော်ဝေမျှခြင်းအားဖြင့် တင်း၍လင်သည် လူ့ဘဝ၏ ဤအကြောင်းအရာများကိုသိခဲ့သည်။ အသက်ရှင်ရာတွင် အရေးကြီးဆုံးမှာ မည်သည့်အရာအား ကြိုးပမ်းရမည်ကို သိနားလည်ခဲ့သည်။ စိတ်ဝိညာဉ်သည်လည်း ပေါ့ပါးလွတ်လပ်ခြင်းရခဲ့သည်။ နောက်ဆုံးတွင် တင်း၍လင်သည်လူဘဝ၏ပျော်ရွှင်မှုကို တွေ့ရှိခဲ့သည်။.....
Feeling after watching:
Some Christians believe that we are already justified by faith and saved by grace according to this verse: "That if you shall confess with your mouth the Lord Jesus, and shall believe in your heart that God has raised him from the dead, you shall be saved. For with the heart man believes to righteousness; and with the mouth confession is made to salvation" (Romans 10:9-10) so when the Lord returns, He will directly take us into the kingdom of heaven. I used to think so before, but I remember that the Lord Jesus once said, "Not every one that said to me, Lord, Lord, shall enter into the kingdom of heaven; but he that does the will of my Father which is in heaven" (Matthew 7:21). The Lord clearly told us that not all who believe in the Lord can enter into the kingdom of heaven. What kind of people can enter into the kingdom of heaven?
【Live】ခရစ်ယာန် ရုပ်ရှင်များ | ကောင်းကင်နိုင်ငံဝင်ဖို့ ဤခြေတစ်လှမ်းလိုသေးသည်ကို ၉၅%သောလူတွေသည် မသိကြပါ။
ကိုယ်တော်၌အပ်နှံထားကြကုန်သည့် များစွာသောညီအစ်ကိုမောင်နှမတို့ ထင်ကြသည်မှာ သခင်ယေရှုကိုယုံကြည်ပြီး အပြစ်များသည် ခွင့်လွှတ်ခြင်းကိုရရှိကာ ကျေးဇူးတော်ကြောင့် ကယ်တင်မှုကိုရရှိပြီဖြစ်သည်။ ပြီးနောက် ကယ်တင်ခြင်းကို တစ်ကြိမ်ရရှိတာနဲ့ ထာဝရကယ်တင်ခြင်းကိုရရှိပြီဖြစ်ပြီး ကိုယ်တော်ပြန်ကြွလာချိန်တွင် တစ်ခါတည်း ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကိုရရှိနိုင်မည်ဖြစ်သည်။ သို့သော် တစ်ချို့သောလူတွေက ထင်ကြသည်မှာ- ကျွန်ုပ်တို့သည် ကိုယ်တော်ကိုယုံကြည်ပြီး အပြစ်များသည် ခွင့်လွှတ်ခြင်းကိုရရှိသော်လည်း နောက်ထပ်အပြစ်များကို အမြဲကျူးလွန်နေပြီး အပြစ်၏ချည်နှောင်ခြင်းကိုခံနေရဆဲဖြစ်သည်။ ကျမ်းစာမှပြောထားသည်မှာ "သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။" (ဟေဗြဲ ၁၂:၁၄) ကိုယ်တော်သည် သန့်ရှင်းစင်ကြယ်တော်မှုသည်။ အပြစ်ကျူးလွန်နေသေးသူများသည် ကောင်းကင်နိုင်ငံတော်သို့ဝင်နိုင်သည်ဟု ကိုယ်တော်က ကတိပေးမှာလား။ ကယ်တင်ခြင်းကို အမှန်တကယ်ရရှိခြင်းရဲ့ အမှန်စင်စစ်က ဘာလဲ။ ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ရန် ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်သင့်သနည်း။ ဤအစီအစဉ်၏ထုတ်လွှင့်မှုတွင် မိတ်ဆွေအား အဖြေကို ဖော်ထုတ်ပေးမည်ဖြစ်သည်။ စောင့်မျှော်ကြည့်ရှုကြရအေ
ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
Personal thoughts:
Before I believed in God, in order to satisfy my vanity, I pursued brand handbags, clothes and accessories, living in a very tiring way. After I believed in God, I no longer pursued material enjoyments and lived a very easy life. Thank God.
【Live】2019 Myanmar Movie | ကျွန်ုပ်တို့၏ ထာဝရနေရာသို့ ရှာဖွေခြင်း - ဘုန်းအသရေနှင့်မျှော်လင့်ချက် ပြည့်ဝသောနေရာတစ်နေရာ
နွေးထွေး၍ သုခမင်္ဂလာရှိသော မိသားစုနေအိမ်တစ်ခုကို ပိုင်ဆိုင်နိုင်ရန် လူတိုင်းတောင့်တကြပါသည်။ ကျွန်ုပ်တို့ ပင်ပန်းနွမ်းနယ်စဉ် အနားယူနိုင်ရန်၊ ဒုက္ခအခက်ခဲများနှင့် ကြုံတွေ့လာစဉ်တွင် နှစ်သိမ့်အားပေးမှုရရှိစေရန်.....အိမ်သည် ကျွနု်ုပ်တို့၏ ထာဝရခိုလှုံရာဖြစ်သည်။ သို့သော် လက်တွေ့တွင် စိတ်ဆန္ဒအတိုင်း ဖြစ်ပေါ်မလာပါ။ အဘယ်ကြောင့်ဆိုသော် သွေးဆောင်မှုများ များပြားခြင်း၊ ပြောင်းလဲခြင်းများ များပြားခြင်း၊ ပြဿနာများ များစွာရှိခြင်းတို့ကြောင့် ကျွနု်ပ်တို့သည် ယင်းဆန္ဒကို လျင်မြန်စွာ မပြည့်စုံစေနိုင်ပါ။...
ရုပ်ရှင်ထဲရှိဇာတ်ကောင် ဝမ်းရာသည် ယင်းကဲ့သို့ပင် နွေးထွေး၍ သုခမင်္ဂလာရှိသောအိမ်ကို တောင့်တနေသည်။ သို့သော် သုခမင်္ဂလာသည် သူမနှင့်အစဉ်လမ်းလွဲနေခဲ့သည်။ သို့ဖြစ်၍ သူမသည် အလွန်အမင်းပင် နာကျင်စွာခံစားနေရသည်။ ပို၍အံ့အားသင့်စေတာက နာကျင်မှုများဖြင့် နစ်ပေါင်းများစွာရှာဖွေရာမှ နောက်ဆုံးတွင် ဆန္ဒများပြည့်ဝလာခဲ့သည်။ သူမသည် ချစ်ခြင်းများနှင့်နွေထွေးမှုများ ပြည့်ဝသောအိမ် မိသားတစ်စု၊ ထာဝရမပြောင်းလဲသောအိမ် မိသားတစ်စုကို ရှာတွေ့ခဲ့သည်။ ဤအပတ်၏အစီအစဉ်တွင် ယင််းကဲ့သို့သော ထာဝရနေရာ---ဘုန်းအသရေနှင့်မျှော်လင့်ချက် ပြည့်ဝသောနေရာတစ်နေရာကို မိတ်ဆွေအား အတူတကွ ရှာဖွေတွေ့ရှိစေမည်ဖြစ်သည်။
တွေ့အကြုံခံစားချက်
ဘုရားသခင်က နောက်ဆုံးကာလအမှုတော်ရဲ့စီမံချက်နှင့် လူသားများရဲ့နောက်ဆုံးနေရာကို ပြောထွက်နိုင်တယ်။ ဒါဟာ လူသားတွေ မတတ်နိုင်တဲ့ကိစ္စဖြစ်တယ်။ သူတို့ပြောတဲ့သမ္မာတရားကို ကျွန်တော်သေချာရှာဖွေလေ့လာမှဖြစ်မယ်။ အာမင်
ညီအစ်ကိုမောင်နှမတို့ အားလုံးမင်္ဂလာပါ။ ယခုသည် နောက်ဆုံးကာလ၏ အဆုံးသတ်ချိန် ရောက်ရှိနေပြီဖြစ်ပြီး၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်ကောင်း ဖြစ်နေပါပြီဟု ကျွနု်ပ်တို့သိရှိကြပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်မှသာလျှင် ကိုယ်တော်၏ကျေးဇူးတရားကို လက်လွှတ်ဆုံးရှုံးခြင်း မရှိမည်နည်း။ သခင်ယေရှူ ယခင်ကပြောခဲ့သည်မှာ "ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ (ရှင်ယောဟန်ခရစ်ဝ)ဖြစ်သည်။ ကိုယ်တော်ပြောပြထားသည်မှာ သူ၏ပြန်ကြွလာခြင်းကို ကြိုဆိုရာတွင် ဘုရားသခင်၏အသံတော်ကို နားထောင်တတ်ရန်မှာ အဓိကအကျဆုံးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်ကို မည်သို့ခွဲခြားသိမြင်ရမည်နည်း။ ခရစ်ယာန်ရုပ်ရှင် “တံခါးကိုခေါက်နေခြင်း (၂) ” သည် ကျွနု်ပ်တို့အား လျိှုု့ဝှက်နက်နဲမှုကိုဖော်ပြပေးမည်ဖြစ်သည်။ ကြည့်ရှူကြရအေ
Myanmar Movie 2019 (သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ) အလုပ်ခွင်တွင် ခရစ်ယာန်များ သက်သေရပ်တည်ကြပုံ ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။ မုန်တိုင်းတွေက ဘာမှအချက်မပြဘဲဝင်ရောက်လာပြီး လူသားတွေ အပေါ် ကံဆိုးမှုတွေ ညတွင်းချင်းကျရောက်လာနိုင်တယ်လို့ လူတွေ မကြာခဏပြောလေ့ရှိပါတယ်။ သိပ္ပံပညာ၊ ခေတ်မှီပို့ဆောင် ဆက်သွယ်ရေးတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုတွေ လျင်မြန်စွာ တိုးတက်များပြားလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးဆိုးတွေ ဖြစ်ပေါ်မှုက တနေ့ထက် တနေ့ပိုမိုများပြားလာပါတယ်။ သတင်းစာ ပဲလှန်လှန် တီဗီပဲဖွင့်ဖွင့် အများဆုံး တွေ့ရမြင်ရတဲ့ သတင်းတွေက စစ်ပွဲတွေ မြေငလျင်လှုပ်တာတွေ ဆူနာမီတွေ ဟာရီကိန်းမုန်တိုင်းတွေ မီးလောင်တာ ရေကြီးတာတွေ လေယာဉ်ပျက်ကျတာတွေ မိုင်းတွင်းမတော်တဆမှုတွေ လူမှုအသိုင်းအဝိုင်းတွင်း မငြိမ်မသက် ဖြစ်မှုတွေ ပြင်းထန်တဲ့ ပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေပဲဖြစ်နေပါတယ်။ ကျွန်ုပ်တို့တွေ့ကြုံနေရတာတွေ အားလုံးဟာ သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေနဲ့ လူကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေပဲဖြစ်ပါတယ်။ ဒီကပ်ဘေးဒုက္ခတွေဟာ မကြာခဏဖြစ်ပေါ်နေသလို ပိုပိုပြီးလဲ တိုးပွားများပြားလာပါတယ်။ ဒီဘေးဆိုးကပ်ဆိုးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကြောင့် ဘေးဒုက္ခတွေ သွေးချောင်းစီးမှုတွေ ကိုယ်လက်အအင်္ဂါ ချို့တဲ့မှုတွေ နဲ့ သေဆုံးမှုတွေအထိဖြစ်စေပါတယ်။ ကံဆိုးမှုတွေက ကျွန်ုပ်တို့ ဝန်းကျင်မှာ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး၊ ဘဝရဲ့တိုတောင်းမှု ထိလွယ်ရှလွယ်ရှိမှုတွေကို အလေးထားမိစေပါတယ်။ အနာဂတ်မှာ ဘယ်လိုဘေးဆိုးကပ်ဆိုးတွေနဲ့တွေ့မယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလဲမရှိသေးပါဘူး။ အဲဒီအပြင် ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားရမယ် ဆိုတာလဲမသိကြပါဘူး။ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဒီကပ်ဘေး ဒုက္ခတွေကလွတ်အောင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာလဲမသိကြပါဘူး။ သင်သိချင်တဲ့ အဖြေကို ဒီအစီအစဉ်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်ကို လက်ခံရရှိခြင်းဆိုတဲ့ တခုတည်းသော နည်းလမ်းကို ရှာဖွေတွေ့ရှိပြီး၊ ဒါကသာ သင့်ကို ကပ်ဘေးဒုက္ခတွေကနေ ရှင်သန်လွတ်မြောက်စေမှာဖြစ်ပါတယ်။
နောဧ ခေတ်တုန်းက လူသားမျိုးနွယ်ကို ပြန်ဆန်းစစ်ကြစို့။ လူသားဟာ နောင်တရဖို့ကို လုံးဝ မစဉ်းစားခဲ့ဘဲ မကောင်းမှုမျိုးစုံထဲမှာ ပါဝင်နေခဲ့တယ်။ ဘယ်သူမှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ ဆိုးညစ်မှုတွေက ဘုရားသခင်ကို ဒေါသ ထွက်လာစေပြီး နောက်ဆုံးမှာ ၊ ဧရာမ ရေလွှမ်းမိုးမှု ကပ်ဘေးထဲ သူတို့ မျိုပစ်ခံခဲ့ကြရပါတယ်။ နောဧ အပါအဝင် သူ့မိသားစု ရှစ်ယောက်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် နောက်ဆုံးသော ကာလ ရောက်ရှိလာပါပြီ။ လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်မှုက ပိုပို နက်ရှိုင်း လာနေပါတယ်။ လူတိုင်းက မကောင်းမှုကို မြတ်နိုးနေကြတယ်။ ဘာသာရေး လောကကြီး တခုလုံးက ကမ္ဘာ့ ဒီရေလှိုင်းရဲ့ နောက်မှာ လိုက်နေကြပါတယ်။ သူတို့ဟာ အမှန်တရားကို နည်းနည်းလေးမှ မနှစ်သက်ကြပါဘူး။ နောဧရဲ့ နေ့ရက်တွေ တကယ့်ကို ရောက်ရှိလာကြပါပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ လူသားတို့ အလယ် တရားစီရင်မှုကို လုပ်ဆောင်ဖို့ နောက်တကြိမ် ပြန်လာခဲ့ပါပြီ။ ဒါဟာ လူသားကို ဘုရားသခင်က နောက်ဆုံးအကြိမ် ကယ်တင်ခြင်း ဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဘာကို ရွေးချယ်သင့်ပါသလဲ။ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|