ဧဝံဂေလိ ဓမ္မတေးများ (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏။ . . . ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏– ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြွေး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္ဍအမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏ . . .။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည် . . .။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။ များပြားသောအကြံပြုချက်များ
"ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား" ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင်း
0 Comments
ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ အနန္တတန်ခိုးရှင်ဘုရားသည် သမ္မတရားကိုဖွင့်ဆိုခြင်းအားဖြင့် ဘုရားသခင်၏အိမ်တော်၌စတင်လျက် စီရင်ခြင်းအမှုတော်များကို အစပြုဆောင်ရွက်ထားသည်။ ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းမတိုင်မီ အတိတ်နိမိတ်များကိုလည်း စတင်ဖွင့်ပြခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းကို မည်သို့တွေ့ကြုံနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းတို့နှင့် အကျွမ်းဝင်ပြီးသောအခါ မည်သို့စင်ကြယ်၍ အသက်တာပြောင်းလဲခြင်းရမည်နည်း။ ဘုရားသခင်၏မှန်သော အသိပညာကို မည်သို့ လေ့လာသိရှိနိုင်မည်နည်း။ များပြားသောအကြံပြုချက်များ
သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသလား |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|