【Live】Myanmar Movie 2019 | ပျော်ရွှင်ချမ်းမြေ့သောဘဝတစ်ခုပိုင်ဆိုင်ရန်မည်သို့လုပ်ဆောင်ရမည်နည်း။10/20/2019
သိမြင် ခံစားချက်
ကျွန်ုပ်တို့သည် မည်မျှများပြားသောစည်းစိမ်ဥစ္စာများပိုင်ဆိုင်စေကာမူ ယင်းသည် ကျွန်ုပ်တို့ကို တစ်ခနတာ ပျော်မွေ့မူကိုသာ ရရှိစေသည်။စစ်မှန်သည့် ပျော်ရွှင်မူမဟုတ်ပေ။ဘုရားသခင်သာလျှင် ကျွန်ုပ်တို့၏စိတ်ဝိညာဉ်အနတ်တမူကို ဖြည့်ဆည်းပေးနိုင်သည်။ 【Live】Myanmar Movie 2019 | ပျော်ရွှင်ချမ်းမြေ့သောဘဝတစ်ခုပိုင်ဆိုင်ရန်မည်သို့လုပ်ဆောင်ရမည်နည်း။ "မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့်ဒုက္ခမှ လွှတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှကယ်တင်နိုင်ပါသလား။" ဤမေးခွန်းများသည် ယခုလူများအား ရှုပ်ထွေးစေသောအရာဖြစ်သည်။ ခရစ်ယာန်တစ်ဦး တင်း၍လင်၏ ရှုပ်ထွေးမှုလည်းဖြစ်ခဲ့သည်။ ရုပ်ရှင်ထဲမှဇာတ်ဆောင် တင်း၍လင်သည် ငွေများရှာဖွေပြီး ကောင်းမွန်သာယာသော ဘဝတစ်ခုပိုင်ဆိုင်ရန် ခင်ပွန်းနှင့် ပင်ပန်းစွာရုန်းကန်ခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရ၏ အဆင့်ဆင့်ခေါင်းပုံဖြတ် အနိုင်ကျင့်မှုကြောင့် ပေးစရာအကြွေး ပိုမိုများပြားလာစေသည်။ မတတ်နိုင်တော့သည့်အတွက် နိုင်ငံခြားထွက်၍ အလုပ်လုပ်ရုံသာရှိခဲ့သည်။ ငွေကြေးပို၍ များစွာရနိုင်ရန်အတွက် တင်း၍လင်သည် တစ်ယောက်တည်းဖြင့် အလွန်အကျွံဖြစ်သော အလုပ်နှစ်ခုကိုလုပ်ခဲ့သည်။ ပတ်ဝန်းကျင်မှလူများက မနာလိုသောအကြည့်ဖြင့် ဆက်ဆံကြသည်။ သူမအား ငွေကြေးအတွက် အသက်ရှင်ရခြင်း၏ နာကျင်မှုနှင့်အကူအညီမဲ့ခြင်းကို ခံစားရစေခဲ့သည်။ နာကျင်ပြီး လမ်းစပျောက်စေချိန်တွင် သူမ၏တစ်ချိန်က တက္ကသိုလ်သူငယ်ချင်း လင်ကြည့်ရှင်းနှင့် အမှတ်မထင်ဆုံခဲ့သည်။ နှစ်ဦးသားပြောဆိုကြရာတွင် တင်း၍လင်သည် လင်ကြည့်ရှင်းမှာ ဘုရားသခင်အား ယုံကြည်သွားခဲ့သည်ကိုတွေ့မြင်ခဲ့သည်။ ဘုရားသခင်ကိုယုံကြည်သောကြောင့် များစွာသော အကြောင်းကိစ္စများကို သိမြင်နိုင်ပြီး ဘုရား၌အတူရှိသောကြောင့် စိတ်ဝိညာဉ်သည်လည်း ငြိမ်သက်ပျော်ရွှင်၍ အသက်ရှင်ရသည်မှာ ပေါ့ပါးလွတ်လပ်သည်။ ထို့ကြောင့်လည်း သူမသည် ဘုရားသခင်ကိုယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် တင်း၍လင်တို့စုံတွဲသည် ငွေကြေးများများရရန်အတွက် ထမင်းဆိုင်တစ်ဆိုင်အား ဆက်ခံခဲ့သည်။ သို့သော်လည်း ကြာရှည်စွာအလုပ်လုပ်ခြင်းကြောင့် တင်း၍လင်သည် ရုတ်တရက် ပြင်းထန်စွာဖျားနာခဲ့သည်။ ကိုယ်လက်အင်္ဂါသေခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။..... နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများ၏ နှုတ်ကပတ်တော်ဝေမျှခြင်းအားဖြင့် တင်း၍လင်သည် လူ့ဘဝ၏ ဤအကြောင်းအရာများကိုသိခဲ့သည်။ အသက်ရှင်ရာတွင် အရေးကြီးဆုံးမှာ မည်သည့်အရာအား ကြိုးပမ်းရမည်ကို သိနားလည်ခဲ့သည်။ စိတ်ဝိညာဉ်သည်လည်း ပေါ့ပါးလွတ်လပ်ခြင်းရခဲ့သည်။ နောက်ဆုံးတွင် တင်း၍လင်သည်လူဘဝ၏ပျော်ရွှင်မှုကို တွေ့ရှိခဲ့သည်။.....
0 Comments
|
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|