ခရစ်ယာန် ရုပ်ရှင်များ (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) Spreading and Bearing Witness to God’s Gospel ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။ ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
0 Comments
Free Myanmar Movie (ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်) What Should We Pursue to Have a Happy Life ကောင်းမွန်သော ဘဝတစ်ခုကို အသက်ရှင်ဖို့ ငွေအလုံအလောက်ရှာဖို့အတွက် ဒင်းရူလင် နှင့် သူမ၏ အမျိုးသားသည် လုပ်ငန်းတစ်ခုကို ဖွင့်ပြီး လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားကြသည်။ သို့သော်၊ စီစီပီအစိုးရ၏ အမြတ်ထုတ်ခြင်းနှင့် မတရားဖိနှိပ်ခြင်း တို့ကြောင့် သူတို့ အကြွေးကြီးကြီးမားမား ကျန်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ အလုပ်လုပ်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ ငွေပိုရှာနိုင်ရန်အတွက် ဒင်းရူလင်က အလုပ်နှစ်ခု လုပ်သည်။ သူမ၏ လေးလံသော အလုပ်ဝန် နှင့် သူမ အနီးတစ်ဝိုက်မှ လူတို့၏ ဥပေက္ခာပြုခြင်းက ငွေအတွက် အသက်ရှင်ခြင်းမှဖြစ်သည့် နာကျင်ခြင်းနှင့် ကူရာမဲ့ခြင်းတို့ကို နားလည်စေလေသည်။ သူမ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုအလယ်တွင်၊ သူမသည် အထက်တန်းကျောင်းနေဖက် လင်းဇီရှင်း နှင့် ဆုံသည်။ သူတို့၏ ဆွေးနွေးမှုများတွင်၊ လင်းဇီရှင်းသည် သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ကိစ္စများစွာ နားလည်လာခဲ့သည်ကို ဒင်းရူလင် မြင်ရသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့်အတူ ဝိညာဉ်ရေး ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်မှုတို့ကို သူမခံစားရပြီး၊ စိုးရိမ်သောကကင်းပြီး အေးဆေးသောအခြေအနေတွင် အသက်ရှင်ရသည်၊ ယင်းက ဒင်းရူလင်ကိုလည်း ဘုရားသခင်ကို ယုံကြည်ဖို့ ဆန္ဒရှိစေခဲ့သည်။ မကြာခင်၊ ငွေပို၍ပင် ရှာဖွေရန်၊ ဒင်းရူလင်နှင့် သူမအမျိုးသားတို့သည် စားသောက်ဆိုင်ကို လွဲပြောင်းယူလိုက်ကြသည်၊ သို့သော် ကြာရှည် ပင်ပန်းနွမ်းလျမှုက ဒင်းရူလင်ကို အသည်းအသန် နာမကျန်းဖြစ်လာစေသည်၊ ယင်းက သူမကို သွပ်ချာပါဒရောဂါဖြစ်နိုင်သည့် အန္တရာယ်ဖြစ်စေခဲ့သည်။ သူမ၏ နာမကျန်းမှုကို ခံစားရခြင်းက ဒင်းရူလင်ကို ဘဝအပေါ် စတင် ဆင်ခြင်သုံးသပ်စေသည်။ မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့် ဒုက္ခကို လွတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှ ကယ်တင်နိုင်ပါသလား။ ဘုရားနှုတ်ကပတ်တော်အပေါ် သူမ ညီမများ၏ မိတ်သဟာယမှတဆင့်၊ ဒင်းရူလင်သည် ဘဝနှင့်ပတ်သက်သည့် ဤမေးခွန်းများအတွက် အဖြေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်၊ ဘဝတွင် ရှာဖွေရန် အရေးကြီးဆုံးသော အရာကို သူမ သင်ယူရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူမ ရှာတွေ့လေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုမှတဆင့်၊ နောက်ဆုံးတွင် ဘဝ၌ ပျော်ရွှင်မှုကို ဒင်းရူလင် ရှာဖွေတွေ့ရှိလေသည်…..
ခရစ်ယာန် ရုပ်ရှင်များ (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) ရုပ်ရှင်ဇာတ်လမ်းတို- သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား ဘာသာရေးလောကရှိ လူ အများအပြားသည် “ လက်ဝါးကပ်တိုင်တွင် သခင်ယေရှုပြောသွားခဲ့သည့်” အမှုပြီးပြီ” ဆိုသည်မှာ လူသားအား ဘုရားသခင်ကယ်တင်ခြင်းအမှု ပြီးပြီဆိုသည်ကို သက်သေခံသည်။ ရိုးရှင်းစွာပင် သခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှ ခွင့်လွှတ်ခြင်း ခံရသည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်။ သခင်ကြွလာသည့်အခါတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်လိမ့်မည်။ ကိုယ်တော်သည် နောက်ထပ် ကယ်တင်ခြင်းအမှုပြုလုပ်ခြင်း မရှိနိုင်တော့ပေ။” ဟူ၍ ထင်မှတ်ကြသည်။ ဤအမြင်သည် ဘုရားသခင်၏ အမှုတော်၏ အချက်အလက်များနှင့် ကိုက်ညီပါသလား။
အကြံပြုစာမျာ: ခရစ်ယာန် သက်သေခံချက်များ
Personal thoughts:
Before I believed in God, in order to satisfy my vanity, I pursued brand handbags, clothes and accessories, living in a very tiring way. After I believed in God, I no longer pursued material enjoyments and lived a very easy life. Thank God.
【Live】2019 Myanmar Movie | ကျွန်ုပ်တို့၏ ထာဝရနေရာသို့ ရှာဖွေခြင်း - ဘုန်းအသရေနှင့်မျှော်လင့်ချက် ပြည့်ဝသောနေရာတစ်နေရာ
နွေးထွေး၍ သုခမင်္ဂလာရှိသော မိသားစုနေအိမ်တစ်ခုကို ပိုင်ဆိုင်နိုင်ရန် လူတိုင်းတောင့်တကြပါသည်။ ကျွန်ုပ်တို့ ပင်ပန်းနွမ်းနယ်စဉ် အနားယူနိုင်ရန်၊ ဒုက္ခအခက်ခဲများနှင့် ကြုံတွေ့လာစဉ်တွင် နှစ်သိမ့်အားပေးမှုရရှိစေရန်.....အိမ်သည် ကျွနု်ုပ်တို့၏ ထာဝရခိုလှုံရာဖြစ်သည်။ သို့သော် လက်တွေ့တွင် စိတ်ဆန္ဒအတိုင်း ဖြစ်ပေါ်မလာပါ။ အဘယ်ကြောင့်ဆိုသော် သွေးဆောင်မှုများ များပြားခြင်း၊ ပြောင်းလဲခြင်းများ များပြားခြင်း၊ ပြဿနာများ များစွာရှိခြင်းတို့ကြောင့် ကျွနု်ပ်တို့သည် ယင်းဆန္ဒကို လျင်မြန်စွာ မပြည့်စုံစေနိုင်ပါ။...
ရုပ်ရှင်ထဲရှိဇာတ်ကောင် ဝမ်းရာသည် ယင်းကဲ့သို့ပင် နွေးထွေး၍ သုခမင်္ဂလာရှိသောအိမ်ကို တောင့်တနေသည်။ သို့သော် သုခမင်္ဂလာသည် သူမနှင့်အစဉ်လမ်းလွဲနေခဲ့သည်။ သို့ဖြစ်၍ သူမသည် အလွန်အမင်းပင် နာကျင်စွာခံစားနေရသည်။ ပို၍အံ့အားသင့်စေတာက နာကျင်မှုများဖြင့် နစ်ပေါင်းများစွာရှာဖွေရာမှ နောက်ဆုံးတွင် ဆန္ဒများပြည့်ဝလာခဲ့သည်။ သူမသည် ချစ်ခြင်းများနှင့်နွေထွေးမှုများ ပြည့်ဝသောအိမ် မိသားတစ်စု၊ ထာဝရမပြောင်းလဲသောအိမ် မိသားတစ်စုကို ရှာတွေ့ခဲ့သည်။ ဤအပတ်၏အစီအစဉ်တွင် ယင််းကဲ့သို့သော ထာဝရနေရာ---ဘုန်းအသရေနှင့်မျှော်လင့်ချက် ပြည့်ဝသောနေရာတစ်နေရာကို မိတ်ဆွေအား အတူတကွ ရှာဖွေတွေ့ရှိစေမည်ဖြစ်သည်။ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|