ခရစ်ယာန် ရုပ်ရှင်များ (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) Spreading and Bearing Witness to God’s Gospel ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။ ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
0 Comments
Myanmar Gospel Movie (အိပ်မက်မှ နိုးထလာခြင်း) Revealing the Mystery of Being Brought Into the Heavenly Kingdom ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ််အနစ်နာခံမှုများကို ပြုပြီး ကျွန်ုပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင်ဘုရားအား အတိုက်အခံလုပ်ကြသည်။ ကျွန်ုပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင်ဘုရား ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် … ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည် ဘုရားသခင်၏ကယ်တင်ခြင်း “ရှောင်ကျန်းရဲ့ ပုံပြင်” မှနေပြီး သင့်အား ခရစ်ယာန် ရှောင်ကျန်းရဲ့ ၏ အသက်တာ ပြောင်းလဲခြင်း ကို ပြောပြသည် ( တေးဂီတဆိုင်ရာ ပြဇတ်) ရှောင်ကျန်းသည် သူမ၏ သူငယ်ချင်းများကို အမြဲတမ်း ရိုးရိုးသားသားနှင့် ဆက်ဆံသည့် ဖြူစင်ပြီး ကြင်နာတတ်သော ခရစ်ယာန်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ရာတွင် သူတို့၏ အကျိုးအတွက် ဖြစ်သောအခါ သူမ၏ သူငယ်ချင်းဟောင်းများသည် သူမနှင့် ရန်သူတွေ ဖြစ်ခဲ့ကြသည်။ ဤဖြစ်ရပ်ဆိုးကို ခံစားရပြီးနောက်တွင် ရှောင်ကျန်းသည် သူမ၏ စစ်မှန်သော နှလုံးသားနှင့် သူမ၏ ကိုယ်ကျင့်တရားဟောင်းများကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရသည်။ သူမသည် သူမ၏ ကောင်းမွန်သော ကိုယ်ပိုင်အသိစိတ်နှင့် ကောင်းမွန်သော ဝိညာဉ်ကို သစ္စာဖောက်ဖို့ စတင်ပြုလုပ်လာခဲ့ပြီး ဆိုးယုတ်သောကမ်ဘာ၏ နွံထဲတွင် လူးလှိမ့် ပျော်မြူးနေခဲ့သည်။ သူမသည် ကျေးဇူးတော်ထံမှ ကျဆင်းလာပြီး ဆိုးယုတ်ခြင်းလမ်းကို လျှောက်သောအခါတွင် သူမသည် လောကကြီး၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ပွန်းပဲ့ဒဏ်ရာနှင့် အမာရွတ်တို့နှင့် အရာများ ဖြစ်ကျန်ခဲ့၏။ သူမသည် ရှေ့ဆက်စရာ လမ်းမရှိတော့သည့် နေရာကို ရောက်သွားခဲ့ပြီး မျှော်လင့်ချက် အားလုံးကို သူမ စွန့်ပစ်ပြီးသည့်အခါ အရာအားလုံး ဆုံးရှုံးနေသည့် အချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဟန်ဆောင်မှုကင်းမဲ့သည့် ခေါ်သံသည် နောက်ဆုံးတွင် ရှောင်ကျန်း၏ နှလုံးသားနှင့် ဝိညာဉ်ကို နှိုးထစေခဲ့သည်။
ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရပ်၌ – ကျိန်းသေတည်ရှိသနည်း ကိုယ်တော့်ကိုယုံကြည်သူများ၏ အကြီးဆုံးဆန္ဒမှာ ကိုယ်တော်ပြန်ကြွလာခြင်းအားကြိုဆိုရန်၊ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခံရရန် နှင့် ကိုယ်တော့်၏ ကတိတော်နှင့်ယှဉ်သော ကောင်းချီးမင်္ဂလာများကိုခံစားရရှိရန်ဖြစ်သည်။ ယုံကြည်သူအများစုသည် ကိုယ်တော်ပြန်ကြွလာသောအခါ ကိုယ်တော်သည် သူတို့အား အာကာသထဲသို့ ချီဆောင်၍ ကိုယ်တော်နှင့်တွေ့ဆုံစေရမည်ဟု ယူဆထားကြသည်။ သို့သော် ယေရုရှလင်မြို့သစ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လိမ့်မည်ဟုသမ္မာကျမ်းစာထဲ၌ဆိုထားသည်။ “ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏” “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ထက်မှာလော၊မြေကြီးပေါ်မှာလော။ ကိုယ်တော်သည် သူပြန်ကြွလာသောအခါ သူတော်စင်အပေါင်းကို ကောင်းကင်နိုင်ငံတော်ဆီသို့ မည်သို့ခေါ်ဆောင်သွားလိမ့်မည်နည်း။
လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ “ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်” (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ “ နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
ခရစ်ယာန် ရုပ်ရှင်များ (ပြောင်းလဲခြင်းအခါသမယ) ဇာတ်လမ်းတို- ကာင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ “ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။” နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|