ပုဂ္ဂိုလ်ရေး ခံစားချက် လွန်ခဲ့သောနှစ်၂ဝဝဝက သခင်ယေရှုဖာရိရှဲနှင့်ကျမ်းပြုဆရာများကို အမင်္ဂလာကျရောက်လိမ့်မည်ဟုဆုံးမခဲ့သည်။သူတို့သည်မိမိ၏ဂုဏ်ပကာသနကိုမက်မော၍မိမိအယူအဆဖြင့်ယေရှု၏လုပ်ဆောင်ချက်များကိုမလေ့လာပဲကောလဟာလများဖြန့်၍ယုံကြည်သူများကိုသွေးဆောင်ဖြားယောင်းခဲ့သည်။သူတို့သည်သင်ကြားခဲ့သောကျမ်းစာဗဟုသုတများနှင့်ရရှိထားသောအာဏာဖြင့်ယုံကြည်သူများကိုတင်းတင်းဆုတ်ကိုင်ထားသည်။နောက်ဆုံးတွင်ခွဲခြားနိုင်မှုမရှိသောယုံကြည်သူများသည်၎င်းတို့နှင့်အတူယေရှုကိုကောက်ချက်ချ၍ငြင်းပယ်ခဲ့ကြသည်။နောက်ဆုံးကာလ၌သခင်ယေရှုပြန်ကြွလာပြီ၊သမိုင်းအဖြစ်အပျက်များနောက်တစ်ကြိမ်ဖြစ်ပားပြန်သည်။ညီအကိုမောင်နှမတချို့သည်ယေရှုပြန်ကြွလာသည်ကိုကြားသောအခါလေ့လာကြရာ၊ဘုရားကျောင်း၏ဆရာများ၊သက်ကြီးအဘများကဘုရားကိုယုံကြည်ခြင်းသည်ကျမ်းစာကိုယုံကြည်ခြင်းဖြစ်ပြီးကျမ်းစာနှင့်မဝေးကွာသင့်ဟုထင်မြင်ကြသည်။ဤထင်မြင်ချက်များသည်ညီအကိုမောင်နှမများကိုလမ်းလွဲရောက်စေသလော?သူတို့သည်ဆရာနဓင့်သက်ကြီးအဘများ၏ကွန်ယက်မှမည်သို့ထိုးဖောက်၍ကိုယ်တော်ကြွလာခြင်းကိုကြိုဆိုမိကြသနည်း? Myanmar Full Movie (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)
0 Comments
Free Myanmar Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child1/1/2020 My understanding: There's an old saying that "Every parent is admirable." All parents want the best for their children. This mother always required the daughter to study one more year in high school for preparing the exam to enter the key university. The daughter cried to the mother and said, "there's only grades and university in your heart. What else do you care about?" Later the daughter chose to end her life. I am the same as the mother in the movie, thinking knowledge can help create a promising future for my daughter and knowledge can change destiny, but I never realized I myself cannot escape the arrangements of my destiny. The story has a very surprising twist. The mother finally found her daughter the bright way of life: A Mother's Love Free Myanmar Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child
ယုကွန်ဂေါင် သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နှင့်အတူ ဧဝံဂလိတရားကို ဖြန့်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းမှတိမ်းရှောင်ရန် ကြိုးပမ်းနေစဉ်တွင် နယ်ခံ နေအိမ်အသင်းတော်တစ်ပါးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သူ ဇန်ကျန်း ၏ ကယ်ဆယ်ခြင်းကို ခံရပါသည်။ ထို့နောက်တွင် သူသည် ဇန်ကျန်း နှင့် အခြားသူတို့ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ အခွင့်တော်ကို ရရန် မည်ကဲ့သို့ ယုံကြည်ပုံ နှင့် သမ္မာတရား၏ အခြားသောရှုထောင့်များကို အကြိမ်အရေအတွက် များစွာ မိတ်သဟာယဖွဲ့ဝေငှရသည်။ နောက်ဆုံးတွင် ယင်း သမ္မာတရားများသည် ဇန်ကျန်း နှင့် အခြားသူတို့ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ရှုပ်ထွေးခြင်း နှင့် အခက်အခဲများကို ဖြေရှင်းပေးပြီး “ဘုရားသခင်အား ယုံကြည်ခြင်း” ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ နားလည်စေသည့် အခွင့်ကို ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးသားများ လွတ်မြောက်သွားကြသည်။ ရုပ်ရှင်ဝေဌာမယ် Myanmar New Full Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းရှင် ဖြစ်သည် My understanding: Now, there are many believers of God. Regarding believing in God, everyone has their own viewpoint and knowledge. Some think believing in God is things that when we have difficulties, we can pray to God to ask God to do us a favor; when our family are sick, we can pray to God to cure the sickness. Some others think believing in God is things that we can pray to God every day, attend meetings on time, expend for God and labor and spread the gospel for God. This is believing in God. Also, some think if we can recite some Bible verses, cling to the letters of the Bible, and should confess sins to God if we commit sins. As long as we cling to these things, we can be approved by God and this is believing in God. However, have we ever thought whether these methods of believing in God are in line with God's will? Are they truly believing in God? Here we'd like to share "What Is True Faith in God," the wonderful clip of the movie "Faith in God" with you all. It will lead us to know the correct way to believe in God. ခရစ်ယာန် ရုပ်ရှင်များ (ဘုရားသခင်၌ ယုံကြည်ခြင်း) ရုပ်ရှင်ဇာတ်လမ်းတို- ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသနည်း
Burmese Gospel Movie (ပြောင်းလဲခြင်းအခါသမယ) ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းခရီးကို သင်သိပါသလား11/20/2019 ခရစ်ယာန် ရုပ်ရှင်များ (ပြောင်းလဲခြင်းအခါသမယ) ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းခရီးကို သင်သိပါသလား ဆုမင်ယုသည် တရုတ်ပြည်မှာရှိ ခရစ်ယာန်အိမ်တွင်းအသင်းတော်တစ်ခု၏ တရားဟောဆရာမတစ်ဦးဖြစ်သည်။ သူမအနေနှင့် သခင့်ကို ယုံကြည်ရုံမျှဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရခဲ့ပြီဟု အမြဲထင်ခဲ့သည်။ ကျွန်ုပ်တို့ ထပ်ကာထပ်ကာအပြစ်ပြုမိနေဆဲဖြစ်သော်လည်း သခင့်အားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ကာ ကျွန်ုပ်တို့၏ပုံရိပ်များ သန့်ရှင်းခြင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲပြီး သခင်ရောက်ရှိလာသည့်အခါတွင် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်း ခံရမည်ဖြစ်သည်။ သို့သော်၊ လုပ်ဖော်ကိုင်ဖက်အချို့က သံသယမျိုးစေ့တစ်စေ့ကို စိုက်ခဲ့ကြ၏။ ကျွန်ုပ်တို့အနေဖြင့် အဆက်မပြတ် မုသားဆိုပြီး အပြစ်ပြုမိနေဆဲရှိမှတော့ အမှန်ပင် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရနိုင်ပါ့မလား။ ဆုမင်ယု စိတ်နှလုံးထဲတွင် ရှုပ်ထွေးနေသည်။ အဆုံးတွင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ တရားဟောဆရာများနှင့်အတူ အချေအတင်ဆွေးနွေးပြီး မိတ်သဟာယပြုခြင်းမှတဆင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရာ တစ်ခုတည်းသောလမ်းကြောင်းကို နောက်ဆုံးတွင် ဆုမင်ယု တွေ့ရှိသွားခဲ့သည်… မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား Free Myanmar Movie (ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်) What Should We Pursue to Have a Happy Life ကောင်းမွန်သော ဘဝတစ်ခုကို အသက်ရှင်ဖို့ ငွေအလုံအလောက်ရှာဖို့အတွက် ဒင်းရူလင် နှင့် သူမ၏ အမျိုးသားသည် လုပ်ငန်းတစ်ခုကို ဖွင့်ပြီး လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားကြသည်။ သို့သော်၊ စီစီပီအစိုးရ၏ အမြတ်ထုတ်ခြင်းနှင့် မတရားဖိနှိပ်ခြင်း တို့ကြောင့် သူတို့ အကြွေးကြီးကြီးမားမား ကျန်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ အလုပ်လုပ်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ ငွေပိုရှာနိုင်ရန်အတွက် ဒင်းရူလင်က အလုပ်နှစ်ခု လုပ်သည်။ သူမ၏ လေးလံသော အလုပ်ဝန် နှင့် သူမ အနီးတစ်ဝိုက်မှ လူတို့၏ ဥပေက္ခာပြုခြင်းက ငွေအတွက် အသက်ရှင်ခြင်းမှဖြစ်သည့် နာကျင်ခြင်းနှင့် ကူရာမဲ့ခြင်းတို့ကို နားလည်စေလေသည်။ သူမ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုအလယ်တွင်၊ သူမသည် အထက်တန်းကျောင်းနေဖက် လင်းဇီရှင်း နှင့် ဆုံသည်။ သူတို့၏ ဆွေးနွေးမှုများတွင်၊ လင်းဇီရှင်းသည် သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ကိစ္စများစွာ နားလည်လာခဲ့သည်ကို ဒင်းရူလင် မြင်ရသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့်အတူ ဝိညာဉ်ရေး ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်မှုတို့ကို သူမခံစားရပြီး၊ စိုးရိမ်သောကကင်းပြီး အေးဆေးသောအခြေအနေတွင် အသက်ရှင်ရသည်၊ ယင်းက ဒင်းရူလင်ကိုလည်း ဘုရားသခင်ကို ယုံကြည်ဖို့ ဆန္ဒရှိစေခဲ့သည်။ မကြာခင်၊ ငွေပို၍ပင် ရှာဖွေရန်၊ ဒင်းရူလင်နှင့် သူမအမျိုးသားတို့သည် စားသောက်ဆိုင်ကို လွဲပြောင်းယူလိုက်ကြသည်၊ သို့သော် ကြာရှည် ပင်ပန်းနွမ်းလျမှုက ဒင်းရူလင်ကို အသည်းအသန် နာမကျန်းဖြစ်လာစေသည်၊ ယင်းက သူမကို သွပ်ချာပါဒရောဂါဖြစ်နိုင်သည့် အန္တရာယ်ဖြစ်စေခဲ့သည်။ သူမ၏ နာမကျန်းမှုကို ခံစားရခြင်းက ဒင်းရူလင်ကို ဘဝအပေါ် စတင် ဆင်ခြင်သုံးသပ်စေသည်။ မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့် ဒုက္ခကို လွတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှ ကယ်တင်နိုင်ပါသလား။ ဘုရားနှုတ်ကပတ်တော်အပေါ် သူမ ညီမများ၏ မိတ်သဟာယမှတဆင့်၊ ဒင်းရူလင်သည် ဘဝနှင့်ပတ်သက်သည့် ဤမေးခွန်းများအတွက် အဖြေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်၊ ဘဝတွင် ရှာဖွေရန် အရေးကြီးဆုံးသော အရာကို သူမ သင်ယူရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူမ ရှာတွေ့လေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုမှတဆင့်၊ နောက်ဆုံးတွင် ဘဝ၌ ပျော်ရွှင်မှုကို ဒင်းရူလင် ရှာဖွေတွေ့ရှိလေသည်…..
ဖန်းကူးရီသည် တရုတ်ပြည်ရှိ အိမ်တွင်းအသင်းတော်တစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ အမှုတော်ထမ်းဆောင်နေစဉ် နှစ် နှစ်ဆယ်ကျော်ကာလတွင် သူသည် ရှင်ပေါလုကို အမြဲတမ်း တုပသည်။ အလုပ်ကြိုးစားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သခင့်အတွက် အသုံးတော်ခံသည်။ ထို့အပြင် သူသည် ဤနည်းဖြင့် သူ့ယုံကြည်ခြင်းကို ကြိုးစားအားထုတ်ခြင်းဖြင့် သူသည် ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်နေသည်၊ သခင်ပြန်လည်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ကို သေချာပေါက် ချီဆောင်ခံရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။ သို့ရာတွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ့အပေါ်သို့ ကျရောက်လာသည့်အခါတွင် သူသည် သူ၏အယူအဆများကို ဖက်တွယ်နေသည်။ သူသည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို ထပ်ခါထပ်ခါ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်းတို့ ပြုလုပ်ခဲ့သည်။… နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ တရားဟောဆရာများနှင့် ဆွေးနွေးငြင်းခုံမှုအချို့ ပြုလုပ်ပြီးနောက်တွင် နောက်ဆုံး၌ ဖန်းကူးရီသည် သမ္မာတရားဆီသို့ နှိုးထားလာခဲ့ပြီး ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသည်ဆိုသည်နှင့် သူ့အား ကယ်တင်ခြင်းကိုရရှိပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်စေနိုင်ရန်ပြုလုပ်ပေးရန်အတွက် သူ၏ ယုံကြည်မှုကို မည်သို့အားထုတ်ရမည်ဆိုသည်တို့ကိုပါ အမှန်တကယ် နားလည်လာခဲ့သည်။… အရင်က သူသည် မည်သို့သောသူဖြစ်ခဲ့သည်ဆိုသည်ကို ပြန်စဉ်းစားသည့် အခါတိုင်းတွင် ထို အမှတ်ရစရာများသည် သူ့နှလုံးသားကို ဆူးချွန်များကဲ့သို့ ထိုးစိုက်သည်။… ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည် Myanmar Movie 2019 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ) The Pharisees Have Reappeared ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်း အမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။ များပြားသောအကြံပြုချက်များ ခရစ်ယာန် ရုပ်ရှင်များ တရုတ် ခရစ်ယာန်ဖြစ်သူ ကျင်းရီ နှင့် သူ၏ ညီမသည် သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကြောင့် စည်ပင်သာယာရေး လုပ်ငန်းဦးစီးဌာနတွင် ဝန်ကြီးတစ်ဦးဖြစ်သူ သူတို့ ဖခင်၏ ခိုင်မာသော တားဆီးပိတ်ပင်မှုနှင့် အကျပ်ကိုင်မှုတို့ကို ရင်ဆိုင်ကြရသည်။ ဤအရာက မိသားစုအတွင်း ပြင်းထန်သော ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေလေသည်။ ကျင်းရီနှင့် သူ့ညီမတို့သည် စီစီပီ အစိုးရ၏ အလိမ်အညာများ နှင့် ကောလဟလများကို တစ်ခုပြီးတစ်ခု ချေပဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ သို့သော် အရူးအမူး ဒေါသထွက်ပြီး သူတို့ ဖခင်သည် သူ၏ အရာရှိ ရာထူးကို ထိန်းသိမ်းဖို့ရန်အလို့ငှာ သူ၏ သား၊ သမီး နှင့် ဇနီးသည်တို့ကို အိမ်မှ သနားအကြင်နာမဲ့စွာ နှင်ထုတ်လေသည်…။ ဤမောင်နှမသည် ခရစ်တော်နောက်လိုက်ဖို့ ပြတ်သားစွာ ရွေးချယ်ကြသည်။ ဘုရားသခင်၏ ဧဝံဂေလိတရားကို သူတို့ ဆက်လက် ဖြန့်ဝေကြလေသည်။ ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည် (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ရုပ်ရှင်ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန် မည်သို့လျှောက်လှမ်းမည်နည်း (၂) ကိုယ်တော့်ကို ယုံကြည်သူအများစုသည် “ကျွန်ုပ်တို့ဟာ ကိုယ်တော့်၏နှုတ်ကပတ်တော်ကိုလိုက်နာပြီး ကိုယ့်ကိုကိုယ်နှိမ့်ချသည်းခံလျှက် ရှင်ပေါလုရဲ့ စံနမူနာအတိုင်း ကိုယ်တော့်အတွက် စွန့်လွှတ်ပေးဆပ်အမှုတော်ဆောင်မယ်ဆိုလျှင် ဒါဟာ ကိုယ်တော့်ရဲ့အလိုတော်ကို ကျေနပ်အောင်ဖြည့်ဆည်းပေးတာပဲ”ဟု ခံစားကြသည်။ ထို့နောက်ကိုယ်တော်ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်သို့ အခေါ်ခံရလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် တို့တွေသည် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် နည်းလမ်းများကို အမှန်တကယ် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြပါသလား။ ထိုသို့မဟုတ်လျှင် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် မည်သည့်နည်းလမ်းကို ကျွန်ုပ်တို့လိုက်လျှောက်ကြမည်နည်း။ အကြံပြုစာများဖတ်ရှုလေ့လာရန်: နောက်ဆုံးသောကာလတွင် ယေရှုခရစ်တော်သည် မည်သည့်နည်းလမ်းဖြင့် ပြန်ကြွလာလိမ့်မည်နည်း |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|