ခရစ်ယာန် ရုပ်ရှင်များ (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။
0 Comments
Leave a Reply. |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|