Zheng Xi တရုတ်ပြည်နယ် ကျေးဇူးတော်ကို လက်ခံရရှိပြီးနောက်၊ သခင့်ထံသို့ပြန်ပြီးနောက် ကျွန်တော်တို့သည် သမ္မာကျမ်းစာတွင် ရှင်မဿဲ ၃:၁၇ ကို ဖတ်ခဲ့ရသည်။ “ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။” ထို့အပြင် သခင်ယေရှုသည် တပည့်တော်များကို တရားဟောကြားခဲ့ချိန်က ကောင်းကင်ဘုံမှ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ခဲ့ပြီးလျှင် ဂေသရှေမန်အရပ်တွင် ဆုတောင်းသည့်အချိန်က “ အို အကျွန်ုပ်အဘ” ဟု ဆုတောင်းခဲ့သောကြောင့် ကျွန်တော်တို့အနေဖြင့် သခင်သည် သားတော်ဖြစ်သည်ဟု တွေးထင်စေသည့်အပြင်၊ ဤသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က သခင်ယေရှုနောက်ကို လိုက်ခဲ့ကြသည့် လူများအားလုံးကလည်း တွေးထင်ခဲ့သည့် အရာပင် ဖြစ်ပါသည်။ သို့သော်လည်း ဖိလိပ္ပုက သခင်ယေရှုအား ဖခမည်းတော် သူတို့ရှေ့တွင် ပေါ်ထွန်းလာရန် ဆောင်ရွက်တော်မူဖို့ တောင်းဆိုသည့်အခါတွင် သခင်ယေရှုက ဖိလိပ္ပုအား “ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” (ရှင်ယောဟန် ၁၄:၉-၁၀) ဟု မိန့်တော်မူခဲ့သည်ကိုလည်း ညီအစ်ကိုမောင်နှမအချို့ ဖတ်ရှုခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် “ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၁၀:၃၀) ဟု လည်း မိန့်တော်မူခဲ့ပါသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမအချို့သည် စိတ်ရှုပ်ထွေးကြရသည်။” သခင်ယေရှုက ဘုရားသခင် ချစ်သောသားဖြစ်တဲ့ အားလျော်စွာ၊ သခင်က “ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း” နဲ့ “ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” လို့ ဘာကြောင့်ပြောရတာလဲ။ ဒီနေရာမှာ သခင်က သူကိုယ်တိုင် ဘုရားသခင် ဖြစ်ကြောင်း နဲ့၊ ဖခမည်းတော်နဲ့ သားတော်တို့က ခွဲခြားမရနိုင်ကြောင်း တို့ကို ကျွန်တော်တို့ကို ပြောနေတယ်လို့ သဘောရတယ်။ ဒါ့ကြောင့် သခင်ယေရှုက ဘုရားသခင်ရဲ့ သားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား။” ယနေ့ ဤမေးခွန်းအကြောင်းကို မိတ်သဟာယပြုကြစို့။ ဖခမည်းတော် နှင့် သားတော် ဆိုသည့် ရှုထောင့်၏ မူလဇစ်မြစ် သခင်ယေရှုက ဇာတိပကတိအားဖြင့် လူသားမျိုးနွယ်ကြားတွင် အသက်ရှင်နေထိုင်ရန် ကြွတော်မူလာသည့် အချိန်တွင်၊ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှုကို စတင်ခဲ့သောကြောင့် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကိုစတင်ခဲ့ကာ၊ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်နှင့်တကွ အသက်ရှင်နေထိုင်ပြီး၊ ကိန်းဝပ်တော်မူခဲ့သည်။ ထို့နောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုသည် ဘုရားသခင်ချစ်သော သားဖြစ်သည်ဟု သက်သေခံခဲ့သည့်အပြင် သခင်ယေရှုကလည်း ကောင်းကင်ဘုံမှ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ဆိုခဲ့သောကြောင့် လူများက သခင်ယေရှုသည် ဘုရားသခင်၏ သားတော်ဟု တွေးမှတ်ခဲ့ကြသည်။ ဖခမည်းတော်နှင့် သားတော် တို့၏ ရှုထောင့်သည် ထိုနေရာမှ စတင်ပြန့်ပွားလာခဲ့သည်။ သို့သော်လည်း ခဏရပ်တန့်ပြီး တွေးကြပါစို့၊ ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်က သူ့တွင် သားတော်တစ်ပါးရှိသည်ဟု မိန့်တော်မူကြောင်းကို မှတ်တမ်းတင်ထား ပါသလား။ ဖခမည်းတော်နှင့် သားတော် အယူအဆသည် မှန်ကန်ပါသလား ဘုရားသခင်သည် ကမ္ဘာဦးကျမ်းတွင် သူ့ထံတွင် သားတော်တစ်ပါးရှိကြောင်းနှင့် ပညတ်တော်ခေတ်တွင် ယေဟောဝါ အမှုတော်ပြုသည့်အချိန်က သူ့ထံတွင် သားတော်တစ်ပါး ရှိသည်ဟု မည်သည့်အခါကမျှ မပြောခဲ့ကြောင်းတို့ကို သမ္မာကျမ်းစာကို ဖတ်ရှုခဲ့သည့် ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများအားလုံး သိသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သခင်ယေရှု အမှုတော်ပြုသည့်အချိန်မှသာလျှင် ကိုယ်တော်က သူ၏ တပည့်တော်များကို “ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။… ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း ယုံကြလော့။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကို ထောက်၍ ယုံကြလော့။ (ရှင်ယောဟန် ၁၄:၉-၁၁) ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ ပြီးနောက် ဤနှုတ်ကပတ်တော်များမှ “ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” “ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” သခင်ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။ သခင်ယေရှုသည် ဘုရားသခင်က လူ့ဇာတိခံယူ ထားသည့် ဘုရားသခင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်၏ ဝိညာဉ်တော်က ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်ကို ဆောင်ရွက်ရန် လူ့ဇာတိကို အမှန်တကယ် ခံယူတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် သာမာန်လူ့သဘာဝနှင့် ပြည့်စုံသော သဘောသဘာဝ တို့ကို ပိုင်ဆိုင်ခဲ့ရုံသာမက၊ ကိုယ်တော်၏ ဂုဏ်ဒြပ် သည်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ပင် ဖြစ်သည်ကို ဤကျမ်းပိုဒ်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ “ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊” (ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်) သခင်ယေရှုသည် ခရစ်တော်ဖြစ်ပြီးလျှင်၊ ကိုယ်တော်သည် အပြင်ပန်းတွင် ပုံမှန် နှင့် သာမာန်အသွင်အပြင်သာ ပေါ်ပေါက်နေသော်လည်း ကိုယ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ဖြစ်တည်မှုပင် ဖြစ်ပါသည်။ သခင်ယေရှု အမှုတော်ပြုသည့်အချိန်တွင်၊ ကိုယ်တော်သည် သနားကရုဏာနှင့် ပြည့်စုံသော၊ စာနာထောက်ထားသော စိတ်သဘောထားကို ဖော်ပြခဲ့ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍၊ ကျေးဇူးတော်ခေတ်ကို စတင်ခဲ့ကာ “ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲ ၃:၁-၂) ဆိုသည့် ယုံကြည်ခံယူချက်ကို တရားဟောကြားသည့်အပြင်၊ လူများအနေဖြင့် ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှ ချစ်ရန်၊ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် အပြစ်မှလွှတ်ရန်၊ သူတို့၏ ရန်သူများကို ချစ်ရန် နှင့် စသည်တို့ကို သွန်သင်ဆုံးမသည့်အပြင်၊ လူများအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း အသစ်ကိုလည်း ပေးခဲ့ပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့တွင် သြဇာအာဏာ နှင့် တန်ခိုးတို့ ပါရှိခဲ့ပါသည်။ ကိုယ်တော်သည် နာမကျန်းသူများကို အနာငြိမ်းစေပြီး၊ နတ်ဆိုးများကို မောင်းထုတ်ကာ၊ ဘုရားသခင်၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများဖြစ်သည့် မုန်တိုင်းနှင့်လှိုင်းများကို ဖွင့်ဆိုချက်တစ်ခုဖြင့် ငြိမ်သက်စေခြင်း၊ သေသောသူကို အသက်ပြန်ရှင်စေခြင်း၊ ပေါင်မုန့် ငါးလုံး နှင့် ငါးနှစ်ကောင်တို့ဖြင့် လူငါးထောင်တို့ကို ကျွေးမွေးခြင်း အပြင် ထို့ထက် ပိုမိုများပြားသည့် အရာများကို ပြတော်မူခဲ့သည်။ ပြီးနောက် နောက်ဆုံးတွင် သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနှုတ်သည့် အမှုတော်ပြီးမြောက်စေရန် နှင့် လူသားမျိုးနွယ်၏ အပြစ်ဝန်ကို ယူရန်တို့အတွက် ကားတိုင်တင်ခြင်းကို ခံခဲ့ပါသည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များမှ သခင်ယေရှု ဖော်ပြသည့်အရာသည် ဘုရားသခင်၏ ကိုယ်ပိုင်စိတ်သဘောထား ဖြစ်ကြောင်း၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ကြောင်း အပြင်၊ သခင်ယေရှုသည် အသက်ရှင်နေထိုင်သည့် ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်း၊ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ပေါ်ထွန်းမှု ဖြစ်ကြောင်းတို့မှာ လုံးလုံးလျားလျား သိသာထင်ရှားနေပါသည်။ ထို့ကြောင့် ဘုရားသခင် တစ်ပါးတည်းသာ ရှိပြီးလျှင်၊ ဖခမည်းတော် နှင့် သားတော် ဆိုင်ရာ ရှုထောင့်သည် မှားယွင်းနေပါသည်။ သခင်ယေရှု ဆုတောင်းသည့်အချိန်တွင် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ဖခမည်းတော်ဟု အဘယ့်ကြောင့် ခေါ်ခဲ့သနည်း အချို့သော ညီအစ်ကိုမောင်နှမများက “ သခင်ယေရှုက ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တယ် ဆိုရင်တောင်၊ သခင်ယေရှု ဆုတောင်းတဲ့အချိန်မှာ ကိုယ်တော်က ဘာဖြစ်လို့ ဖခမည်းတော် ကို ဆုတောင်းခဲ့ရသလဲ” ဟု မေးလိမ့်မည် ဖြစ်သည်။ ဤမေးခွန်းကို ဖြေဆိုရန် ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြပါစို့။ “ ယေရှုသည် သူဆုတောင်းခဲ့စဥ်တွင် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့ခြင်းသည်၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့် အရ ထိုသို့ခေါ်ခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဥ်တော်သည် သူ့ကိုယ်သူ သာမန်ဖြစ်သော ပုံမှန်လူသားအဖြစ် ခြုံလွှမ်းထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဍာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဥ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏ အပြင်ပန်း သွင်ပြင်သည် သာမန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “ လူသား၏သား” ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် လူပုဂ္ဂိုလ်တစ်ဦး ပင်ဖြစ်သည်။ (လူယောကျာ်းဖြစ်စေ၊ လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့် ဖြစ်သော) သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ “ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ…” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရား သခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်ခြင်းနှင့် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား “ ခမည်းတော်” ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဥ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဥ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်သည်။” (သုံးပါးတစ်ဆူ တည်ရှိပါသလော) သခင်ယေရှုသည် ဆုတောင်းပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ဆိုသည့်အချိန် ကိုယ်တော်သည် လူသားမျိုးနွယ်၏ ရှုထောင့်ဟု ဆိုနိုင်သည့် ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ရှုထောင့်မှ ပြောခြင်းမျှသာ ဖြစ်ပါသည်။ သို့သော်လည်း သခင်ယေရှုက ဘုရားသခင်၏ သားဖြစ်သည်ဟု ဤအချက်က သက်သေမပြထားပါ။ ကိုယ်တော်သည် ကားတိုင်တင်ခြင်း မခံရမီတွင် ကိုယ်တော်၏ ကိုယ်ပိုင်အမှတ်အသားမှာ လူသားဖြစ်ပြီး၊ ကိုယ်တော့်ထံတွင် သာမာန်လူ့သဘာဝ ရှိသည့်အပြင်၊ ကိုယ်တော်၏ ပေါ်ထွန်းမှုသည်လည်း သာမာန် လူသားတစ်ယောက်ကဲ့သို့သာပင် ဖြစ်သည်။ ကိုယ်တော်သည် သာမာန်အသက်တာတွင် အသက်ရှင်နေထိုင်ကာ၊ စားသောက်ပြီးအဝတ်များ ဝတ်ခဲ့သည်မှာ လုံးဝ သဘာဝလွန်ဖြစ်ရပ် ဆန်းများ လုံးဝမဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုသည် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ ရှုထောင့်မှ ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ ဤသည်မှာ သခင်ယေရှုခရစ်တော်၏ နှိမ့်ချခြင်း နှင့် နာခံခြင်းတို့ကို ပြည့်စုံစွာ ပြသနေပါသည်။ သို့သော်လည်း ကိုယ်တော်၏ဆုတောင်းခြင်းများတွင် သခင်ယေရှုသည် မည်သို့သော အသံနေအသံထား သို့မဟုတ် မည်သို့သော တိုင်တည်ပုံမျိုးကို အသုံးပြုသည်ဖြစ်စေ၊ ကိုယ်တော်၏ အနှစ်သာရသည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အုပ်စိုးထားသည့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရသာ ဖြစ်ဆဲပင်။ ကိုယ်တော့်ထံတွင် သာမာန်လူ့သဘာဝ ရှိခဲ့ပြီး၊ စုံလင်သည့် သဘောသဘာဝ ရှိခဲ့ပါသည်။ အထူးသဖြင့် သခင်သည် ထုံးစံတကျ အမှုတော်ပြုနေသည့်အချိန်တွင်၊ ကိုယ်တော်သည် အံ့ဖွယ်အမှုများကို ပြောဆိုခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းများ ပြုနေသည့်အချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို လုံးလုံးလျားလျား ခံထားရခြင်းသာ ဖြစ်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်နှင့်အညီ၊ သမ္မာတရားတစ်ခုလုံး၊ ဘုရားသခင်၏ စိတ်သဘောထား နှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်ခြင်း၊ လူများကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တာတို့ကို ပေးနိုင်ခြင်း၊ ကောင်းကင်ဘုံ၏ နက်နဲမှုများကို ထုတ်ဖော်နိုင်ခြင်း တို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်သည် သူကိုယ်ပိုင် အမှုတော်ကို လူ့ဇာတိဖြင့် ပြုနေခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ ငြင်းဆိုမရနိုင်သည့် အချက်တစ်ခုပင် ဖြစ်ပါသည်။ ကောင်းကင်ဘုံမှ ဘုရားသခင်က သခင်ယေရှုသည် သူ၏ ချစ်သောသားဖြစ်သည်ဟု အဘယ့်ကြောင့် သက်သေခံခဲ့သနည်း ညီအစ်ကိုမောင်နှအချို့တို့ကလည်း “ သခင်ယေရှုက ဘုရားသခင်ရဲ့ သားတော် မဟုတ်ဘူးဆိုရင်၊ ရှင်မဿဲ ၃:၁၇ ထဲမှာ ပြောထားတဲ့ “ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း” ဆိုတာကို ကျွန်တော်တို့ ဘယ်လို ရှင်းပြကြမလဲ လို့ မေးနိုင်ပါတယ်။ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ကြည့်ကြပါစို့။ “ ဘုရားသခင်သည် ယေရှုအား သူ၏ ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော” ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ “ ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း” ဟူသည်အား ဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဥ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။… သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆို ခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။” (သုံးပါးတစ်ဆူ တည်ရှိပါသလော) ဤကျမ်းပိုဒ်မှနေပြီး သန့်ရှင်းသောဝိညာဉ်တော်က “ ဤသူကား ငါ၏ချစ်သား” ဟု သက်သေခံရာတွင် ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှနေပြီး သူသည် လူသားအဖြစ်နှင့် လူဇာတိကိုခံယူတော်မူခဲ့ကြောင်း သက်သေခံခြင်း ဖြစ်သည်ကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ ကိုယ်တော်သည် သူ့ကိုယ်သူ သက်သေခံနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က လူများအားလုံးသည် ဘုရားသခင်ကို ဝိညာဉ်တော်တစ်ခုအနေဖြင့် သိခဲ့ကြသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်က လူ့ဇာတိခံယူထားသည့် သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း တိုက်ရိုက် သက်သေခံပါက၊ လူများအနေဖြင့် လက်ခံရန် ခက်ခဲခဲ့မည်သာ ဖြစ်ပါသည်။ ထို့အပြင် လူများသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်နှင့် ပထမဆုံး အဆက်အသွယ် ရှိစဉ်က သူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အနည်းငယ်သာ နားလည်သဘောပေါက်ခြင်း ရှိပြီး၊ သာမာန်ဟုသာ မြင်ရသည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော် လူ့ဇာတိခံယူထားခြင်း ဖြစ်ကြောင်း၊ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ ပေါ်ထွန်းမှုဖြစ်ကြောင်း တစ်ခါမျှ စိတ်မကူးခဲ့ကြပေ။ သခင်ယေရှုသည် နှုတ်ကပတ်တော်များစွာကို မိန့်တော်မူပြီး၊ အမှုတော်များစွာကို ပြုကာ၊ ဘုရားသခင်၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်သည့်အပြင်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီးနောက်တွင်ပင် လူများသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များမှနေပြီး၊ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ ဘုရားသခင်၏ ပေါ်ထွန်းမှုဖြစ်ကြောင်း ကို သတိပြုနိုင်စွမ်း မရှိဆဲဖြစ်ကာ၊ ထိုအစား သခင်ယေရှုသည် ဗိတ္တိဇံဆရာရှင်ယောဟန် သို့မဟုတ် ဧလိယ သို့မဟုတ် အရှင် ဖြစ်ကြောင်းမျှသာ ပြောခဲ့ကြသည်။ ထို့ကြောင့် ထို့အချိန်က လူများ၏ ဝိညာဉ်အသက်တာပေါ်တွင် အခြေခံကာ၊ ဘုရားသခင်က သခင်ယေရှုသည် သူ၏ ချစ်သောသားဖြစ်ကြောင်း သက်သေခံခဲ့ပြီး၊ သခင်ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု လူများကို ခဏတာ တွေးခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လူများ၏ အယူအဆများနှင့် ကိုက်ညီကာ၊ လူများအတွက် လက်ခံရန် လွယ်ကူခဲ့ပါသည်။ သခင်ယေရှုသည် ထိုအချိန်က လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်း အမှုတော်ကို ပြုခဲ့သောကြောင့် လူများသည် သခင်ယေရှုကို ၎င်းတို့၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့ပြီး၊ သူတို့၏အပြစ်မှလွှတ်ခြင်းကို ခံရသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ရန် အရည်အသွေးပြည့်ဝနေသမျှ ကာလပတ်လုံး လူတို့က ဘုရားသခင်ကို မည်သို့ခေါ်ဝေါ်သည်မှာ အရေးမကြီး ခဲ့ပါ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုသည် ဘုရားသခင်၏ ချစ်သောသား ဖြစ်ကြောင်း သက်သေခံသည်မှာ ထိုခေတ်၏ သမိုင်းကြောင်းနောက်ခံ နှင့် ထိုခေတ်မှ လူများ၏ ဝိညာဉ်အသက်တာနှင့် ဉာဏ်မဲ့မှုများပေါ်တွင် မူတည်နေခဲ့ပါသည်။ တွင် ကျွန်တော်တို့၏ အားနည်းချက်ကို ဘုရားသခင်၏ သည်းခံတော်မူခြင်းအပြင်၊ ကျွန်တော်တို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများကိုလည်း တွေ့မြင်နိုင်ပါသည်။ ဆင်ခြင်သုံးသပ်ကြည့်ပါ- သခင်ယေရှုကို ကျွန်တော်တို့က ဘုရားသခင်၏ သားတော်အဖြစ် ထင်မြင်ပါက၊ ထိုသည်မှာ ကျွန်တော်တို့က ကောင်းကင်ဘုံမှ ဘုရားသခင်ကို လူတစ်ယောက်အနေဖြင့် တွေးထင်ခြင်းကို ညွှန်းဆိုနေသည်မဟုတ်ပါသလား။ အထက်တွင် ဖော်ပြသွားသည့် မိတ်သဟာယပြုခြင်းမှ တစ်ဆင့် သခင်ယေရှုခရစ်တော်သည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်သဘောပေါက် သင့်ပါသည်။ ဖခမည်းတော်နှင့် သားတော် ဆိုင်ရာ ရှုထောင့်သည် သခင်ယေရှု လူ့ဇာတိခံယူသည့် အချိန်နှစ်များ အရ ကန့်သတ်ထားပါသည်။ သခင်ယေရှုသည် ရွေးနှုတ်ခြင်းအမှုတော်ကို စုံလင်စေသည့်အချိန်တွင်၊ လောကတွင် ဘုရားသခင်တစ်ပါးတည်းသာ ရှိသောကြောင့် ဖခမည်းတော်နှင့် သားတော်ဆိုင်ရာ ရှုထောင့်သည်လည်း ခေတ်နောက်ကျခဲ့ပါ တော့သည်။ ဘုရားသခင်၏ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့နှင့် အတူရှိပါစေ။ အာမင်။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|