လန်းလန်း၊ တရုတ်နိုင်ငံ သခင်ယေရှုအကြောင်း ကျွန်မတို့ ပြောသည့်အချိန်တိုင်းတွင်၊ ကျွန်မတို့အတွက် သူ၏ အလျှံပယ်ချစ်ခြင်းမေတ္တာကို ကျွန်မတို့အားလုံး စဉ်းစားမိကြသည်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကမ္ဘာလောကထဲသို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာခဲ့ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်ခံခဲ့ရသည့် အပြစ်မဲ့လူတစ်ဦးဖြစ်သည်၊ ဤလုပ်ရပ်က လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို လုံးဝ ပေါ်လွင်စေပါသည်။ သမ္မာကျမ်းစာက၊ “ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်။” (ရှင်လုကာ ၁:၇၈-၇၉) သခင်၏ ကယ်တင်ခြင်းကို လက်ခံသော ခရစ်ယာန်တိုင်းသည် ကျွန်မတို့အပေါ် သူနှင်းအပ်သည့် ပေါများသော ကျေးဇူးတော်ကို မွေ့လျော်ပြီး ကျွန်မတို့အပေါ် သူဆောင်ကျဉ်းလာသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ကျွန်မတို့ တွေ့ကြုံကြရပါသည်။ ထို့ကြောင့် လူများစွာက သခင်ယေရှု၏ စိတ်သဘောထားမှာ ထာဝရ ချစ်ခင်တတ်ပြီး သနားကရုဏာစိတ်ရှိသည်ဟု ယုံကြည်ကြသည်။
0 Comments
|
Click & Join usတံဆိပ်များ
All
|