【Live】 တစ်ကြိမ်ကယ်တင်ခြင်းရသည်နှင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်နိုင်ပြီလား။
သခင်ယေရှုကို ယုံကြည်သောသူတိုင်းသည် ကိုယ်တော်ထံ စစ်မှန်သောနှလုံးသားနှင့် ဆုတောင်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့် အပြစ်မှဖြေလွှတ်ခွင့်ရပြီး၊ ကယ်တင်ခြင်း ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု ထင်မှတ်ကြသည်။ ကိုယ်တော်တစ်ဖန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံသို့ ချီဆောင်ခြင်းခံရမည်။ ကယ်တင်ခြင်းရရှိခြင်းသည် ဤမျှလွယ်ကူပါသလား။ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ထားသည်မှာ “ အပြစ်နှင့်ကင်းလွှတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာဒိတ်ကျမ်း - ၁၄:၅)။ ဤနေရာတွင် ကျွန်ုပ်တို့ကို ပြောပြထားသည်မှာ ဘုရားသခင်နိုင်ငံတော်သို့ နောက်ဆုံး ဝင်ရောက်နိုင်သောသူတို့သည် အပြစ်မှ သန့်ရှင်းခြင်းသို့ရရှိသော ရိုးသားဖြောင့်မတ်သော သူများသာဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် လိမ်ညာလှည့်ဖြားခြင်းများ ပြုတတ်ကြသေးသည်။ အမြဲ အပြစ်ပြုမိတတ်ကြသည်။ တစ်ကြိမ်ကယ်တင်ခြင်းရသည်နှင့် မည်သို့ ထာဝရ ကယ်တင်ခြင်းရရှိမည်နည်း။ ကိုယ်တော်က အပြစ်ပြုတတ်သောသူကို ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်ပေးမည်လား။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် မည်သို့ပြုမှ သန့်ရှင်းခြင်းသို့ရောက်၍ ကယ်တင်ခြင်းရနိုင်မည်နည်း။ ယခုအကြိမ် တိုက်ရိုက်ထုတ်လွင့်မှုတွင် မိတ်ဆွေအား ဖော်ထုတ်ပြသပေးမည်ဖြစ်သည်။ စောင့်မျှော်ကြည့်ရှုကြပါစို့။
0 Comments
ကျွန်မတို့အားလုံးသည် “ ခရစ်တော်” ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွမ်းဝင်သည်ကို ကျွန်မယုံကြည်ပါသည်။ သမ္မာကျမ်းစာတွင် “ သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၅-၁၇) ဟု မှတ်တမ်းတင်ထားပါသည်။ လူအများစုသည် ထိုကျမ်းချက်များကို တွေ့မြင်ကြပြီး၊ တွေးတောခြင်း မရှိပဲနှင့် “ ခရစ်တော်သည် လူ့ဇာတိခံသည့် သခင်ယေရှုဖြစ်သည်” သို့မဟုတ် “ ခရစ်တော်သည် ဘုရားသခင်၏ သားတော် မေရှိယဖြစ်သည်” ၊ ပြီးနောက် အခြားသူများက “ ခရစ်တော်သည် လူသားဖြစ်သည်” “ ခရစ်တော် ဆိုသည်မှာ ဘိသိက်ခံရသည့် သူ ဖြစ်သည်” ဟု ပြောကြသည်။ သို့သော်လည်း ထိုသတ်မှတ်ချက်များနှင့် ရင်ဆိုင်ရာတွင် အချို့က ပဟေဠိဖြစ်လျက်ရှိသည်၊ ပရောဖက်များ၊ ဘုရင်များ နှင့် ဓမ္မဟောင်းကျမ်း ယဇ်ပရောဟိတ်များ အားလုံးတို့သည် ဘိသိက်ပေးခံရသူများ ဖြစ်ကြသောကြောင့်၊ သူတို့သည်လည်း ခရစ်တော်ပဲလား။ ခရစ်တော်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –
“ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄) “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) “ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) |
Click & Join usတံဆိပ်များ
All
|