Zheng Xi တရုတ်ပြည်နယ်
ကျေးဇူးတော်ကို လက်ခံရရှိပြီးနောက်၊ သခင့်ထံသို့ပြန်ပြီးနောက် ကျွန်တော်တို့သည် သမ္မာကျမ်းစာတွင် ရှင်မဿဲ ၃:၁၇ ကို ဖတ်ခဲ့ရသည်။ “ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။” ထို့အပြင် သခင်ယေရှုသည် တပည့်တော်များကို တရားဟောကြားခဲ့ချိန်က ကောင်းကင်ဘုံမှ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ခဲ့ပြီးလျှင် ဂေသရှေမန်အရပ်တွင် ဆုတောင်းသည့်အချိန်က “ အို အကျွန်ုပ်အဘ” ဟု ဆုတောင်းခဲ့သောကြောင့် ကျွန်တော်တို့အနေဖြင့် သခင်သည် သားတော်ဖြစ်သည်ဟု တွေးထင်စေသည့်အပြင်၊ ဤသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က သခင်ယေရှုနောက်ကို လိုက်ခဲ့ကြသည့် လူများအားလုံးကလည်း တွေးထင်ခဲ့သည့် အရာပင် ဖြစ်ပါသည်။ သို့သော်လည်း ဖိလိပ္ပုက သခင်ယေရှုအား ဖခမည်းတော် သူတို့ရှေ့တွင် ပေါ်ထွန်းလာရန် ဆောင်ရွက်တော်မူဖို့ တောင်းဆိုသည့်အခါတွင် သခင်ယေရှုက ဖိလိပ္ပုအား “ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” (ရှင်ယောဟန် ၁၄:၉-၁၀) ဟု မိန့်တော်မူခဲ့သည်ကိုလည်း ညီအစ်ကိုမောင်နှမအချို့ ဖတ်ရှုခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် “ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၁၀:၃၀) ဟု လည်း မိန့်တော်မူခဲ့ပါသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမအချို့သည် စိတ်ရှုပ်ထွေးကြရသည်။” သခင်ယေရှုက ဘုရားသခင် ချစ်သောသားဖြစ်တဲ့ အားလျော်စွာ၊ သခင်က “ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း” နဲ့ “ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” လို့ ဘာကြောင့်ပြောရတာလဲ။ ဒီနေရာမှာ သခင်က သူကိုယ်တိုင် ဘုရားသခင် ဖြစ်ကြောင်း နဲ့၊ ဖခမည်းတော်နဲ့ သားတော်တို့က ခွဲခြားမရနိုင်ကြောင်း တို့ကို ကျွန်တော်တို့ကို ပြောနေတယ်လို့ သဘောရတယ်။ ဒါ့ကြောင့် သခင်ယေရှုက ဘုရားသခင်ရဲ့ သားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား။” ယနေ့ ဤမေးခွန်းအကြောင်းကို မိတ်သဟာယပြုကြစို့။
0 Comments
(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –
“ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄) “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) “ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) |
Click & Join usတံဆိပ်များ
All
|