ကျွန်မတို့အားလုံးသည် “ ခရစ်တော်” ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွမ်းဝင်သည်ကို ကျွန်မယုံကြည်ပါသည်။ သမ္မာကျမ်းစာတွင် “ သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၅-၁၇) ဟု မှတ်တမ်းတင်ထားပါသည်။ လူအများစုသည် ထိုကျမ်းချက်များကို တွေ့မြင်ကြပြီး၊ တွေးတောခြင်း မရှိပဲနှင့် “ ခရစ်တော်သည် လူ့ဇာတိခံသည့် သခင်ယေရှုဖြစ်သည်” သို့မဟုတ် “ ခရစ်တော်သည် ဘုရားသခင်၏ သားတော် မေရှိယဖြစ်သည်” ၊ ပြီးနောက် အခြားသူများက “ ခရစ်တော်သည် လူသားဖြစ်သည်” “ ခရစ်တော် ဆိုသည်မှာ ဘိသိက်ခံရသည့် သူ ဖြစ်သည်” ဟု ပြောကြသည်။ သို့သော်လည်း ထိုသတ်မှတ်ချက်များနှင့် ရင်ဆိုင်ရာတွင် အချို့က ပဟေဠိဖြစ်လျက်ရှိသည်၊ ပရောဖက်များ၊ ဘုရင်များ နှင့် ဓမ္မဟောင်းကျမ်း ယဇ်ပရောဟိတ်များ အားလုံးတို့သည် ဘိသိက်ပေးခံရသူများ ဖြစ်ကြသောကြောင့်၊ သူတို့သည်လည်း ခရစ်တော်ပဲလား။ ခရစ်တော်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
0 Comments
|
Click & Join usတံဆိပ်များ
All
|