ကျွန်မတို့အားလုံးသည် “ ခရစ်တော်” ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွမ်းဝင်သည်ကို ကျွန်မယုံကြည်ပါသည်။ သမ္မာကျမ်းစာတွင် “ သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၅-၁၇) ဟု မှတ်တမ်းတင်ထားပါသည်။ လူအများစုသည် ထိုကျမ်းချက်များကို တွေ့မြင်ကြပြီး၊ တွေးတောခြင်း မရှိပဲနှင့် “ ခရစ်တော်သည် လူ့ဇာတိခံသည့် သခင်ယေရှုဖြစ်သည်” သို့မဟုတ် “ ခရစ်တော်သည် ဘုရားသခင်၏ သားတော် မေရှိယဖြစ်သည်” ၊ ပြီးနောက် အခြားသူများက “ ခရစ်တော်သည် လူသားဖြစ်သည်” “ ခရစ်တော် ဆိုသည်မှာ ဘိသိက်ခံရသည့် သူ ဖြစ်သည်” ဟု ပြောကြသည်။ သို့သော်လည်း ထိုသတ်မှတ်ချက်များနှင့် ရင်ဆိုင်ရာတွင် အချို့က ပဟေဠိဖြစ်လျက်ရှိသည်၊ ပရောဖက်များ၊ ဘုရင်များ နှင့် ဓမ္မဟောင်းကျမ်း ယဇ်ပရောဟိတ်များ အားလုံးတို့သည် ဘိသိက်ပေးခံရသူများ ဖြစ်ကြသောကြောင့်၊ သူတို့သည်လည်း ခရစ်တော်ပဲလား။ ခရစ်တော်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ထိုမေးခွန်းကို ဖြေရန်အတွက် ဘုရားသခင့် နှုတ်ကပတ်တော်များ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ပထမဆုံး လေ့လာကြပါစို့၊ “ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသား တို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦး တစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။” “ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။… စစ်မှန်သောခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။” ထိုကျမ်းနှစ်ပိုဒ်တွင် လူ့ဇာတိခံယူသည့် ဘုရားသခင်နှင့် ပတ်သက်သည့် သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ထုတ်ဖော်ထားသည်။ ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံယူထားသည့် ဇာတိပကတိဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို အသွေးအသား ခန္ဒာတစ်ခုတွင် သာမာန်လူ့သဘာဝ နှင့် သာမာန်အတွေးများဖြင့် နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။ သူသည် လူ့လောကတွင် အလုပ်လုပ်ပြီး စကားပြောဆိုရန် သာမာန်လူသားတစ်ယောက် ဖြစ်လာသည်။ အပြင်ပန်းအရတော့ ခရစ်တော်ဟာ သာမန်ပုံမှန်လူသားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဖန်ဆင်းခံထားရတဲ့လူသားတွေနဲ့ စာရင် သူက အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။ အဖန်ဆင်းခံလူသားဟာ လူ့သဘာဝသက်သက်ပါ။ သူတို့မှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ နည်းနည်းလေးတောင် မပါပါဘူး။ ခရစ်တော်ကတော့ သာမန်လူ့သဘာဝရှိ တဲ့အပြင် ပိုပြီးအရေးကြီးတဲ့ ပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝလည်း ရှိပါတယ်။ ဒါကြောင့် သူဟာ ဘုရားရဲ့ဂုဏ်ဒြပ်ရှိပါတယ်။ ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုနိုင်တယ်။ ဘုရားသခင် ကိုယ်တော်တိုင်လိုပဲ သမ္မာတရားအားလုံးကို ဟောကြားနိုင်တယ်။ သူဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ အရာအားလုံး နဲ့ဖြစ်ခြင်းကို ဖော်ထုတ်ပြနိုင်တယ်။ လူတွေအတွက် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သခင်ယေရှုက “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန် ၁၄:၆) ဟု မိန့်တော်မူသည့်အတိုင်းပင် ဖြစ်ပါသည်။ ခရစ်တော်သည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ပေါ်ထွန်းမှုဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က သခင်ယေရှုသည် အမှုပြုရန် ကမ္ဘာပေါ်သို့ ရောက်လာခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ပြီးဆုံးစေကာ၊ ကျေးဇူးတော်ခေတ်ကို စတင်ပြီး၊ ရွေးနှုတ်ခြင်းအမှုတော်အတွက် လိုအပ်သည့် သမ္မာတရားများကို ဖော်ထုတ်ခဲ့သည့်အပြင်၊ လူများကို သူတို့၏အပြစ်များအတွက် ဝန်ခံရန်၊ နောင်တရရန်၊ မိမိတမျှ အခြားသူများကို ချစ်ရန် တို့ကို သွန်သင်ခဲ့ကာ၊ အံ့ဖွယ်အမှုမျိုးစုံဖြစ်သည့် နာမကျန်းသူကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို ဖယ်ရှားခြင်း၊ မျက်မမြင်သူကို မြင်စေခြင်း၊ ခြေမသန်သူကို လမ်းလျှောက်စေခြင်း၊ လူနူများကို အနာငြိမ်းစေခြင်း၊ သေသူများကို ရှင်ပြန်ထမြောက်စေခြင်း၊ လူငါးထောင်ကို ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်တို့မှ ကျွေးမွေးခြင်း၊ လေနှင့်ပင်လယ်ကို စကားတစ်လုံးဖြင့် ငြိမ်သက်စေခြင်း စသည်တို့ကို ပြုတော်မူခဲ့သည်။ ဤအမှုတော်အားလုံးသည် သူ့ သဘောသဘာဝကို တိုက်ရိုက်ဖော်ပြခြင်းတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ထင်ရှားစေခြင်း တစ်ခုလည်း ဖြစ်ပါသည်။ ဤအရာများသည် မည်သည့်လူတစ်ယောက်မျှ ပိုင်ဆိုင်နိုင်သော သို့မဟုတ် အောင်မြင်ရရှိနိုင်သော အရာများ မဟုတ်ပါ။ အကြောင်းမှာ ခရစ်တော်သည် ဇာတိခန္ဓာတွင် သာမာန်လူ့သဘာဝဖြင့် သူ၏ သဘောသဘာဝဆိုင်ရာ အမှုတော်ကို ထုတ်ဖော်ပြပြီး၊ သမ္မာတရားကို အချိန်မရွေး နှင့် နေရာမရွေးတွင် ထုတ်ဖော်နိုင်ကာ၊ လူကို ထောက်ပံ့ခြင်း၊ ရေလောင်းခြင်း နှင့် သိုးထိန်းကျောင်းခြင်း၊ သူသည် ခရစ်တော်ဖြစ်ကြောင်း၊ လူ့ဇာတိခံယူ ထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း ကျွန်မတို့ ဆိုနိုင်ရန် လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခြင်း တို့ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ပရောဖက်များ သို့မဟုတ် ဘုရားသခင်၏ အသုံးတော်ခံရသူများသည် အဘယ့်ကြောင့် ခရစ်တော်ဟု အခေါ်မခံကြရ သနည်း။ ဤနေရာတွင် ရှာဖွေရန် သမ္မာတရားရှိပါသည်။ ဘုရားသခင်၏ ကျမ်းချက်အချို့ကို ဖတ်ရှုကြပါစို့။ “ ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ဣသရေလလူများထဲမှ ရွေးချယ်ထားသော ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟူ၍ အဘယ်ကြောင့် မခေါ်ကြသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို သက်သေခံခြင်း မပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုက သူ၏အလုပ်ကို စတင်လျှင် စတင်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် ယေရှုကို အဘယ်ကြောင့် သက်သေခံသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို သက်သေခံခြင်း မပြုခဲ့သနည်း။ ဇာတိပကတိ၏ လူများဖြစ်ကြသော သူတို့အားလုံးကို ‘သခင်’ ဟု ခေါ်ကြသည်။ သူတို့ကို မည်သို့ခေါ်သည် ဖြစ်စေ၊ သူတို့၏ အလုပ်သည် သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရသည် သူတို့မည်သူမည်ဝါဖြစ်သည်ကို ကိုယ်စားပြုကြသည်။ သူတို့၏ အနှစ်သာရများသည် သူတို့၏ အမည်နာမများနှင့် မသက်ဆိုင်ပေ။ ယင်းသည် သူတို့ အဘယ်အရာကို ဖော်ပြသည်ဆိုခြင်းနှင့် သူတို့ မည်သို့နေထိုင်သည်ဆိုသည်ကို ကိုယ်စားပြုသည်။ ဓမ္မဟောင်းကျမ်းတွင် သခင်ဟု အခေါ်ခံရခြင်းတွင် တစ်မူထူးခြားနေခြင်းမျိုး မရှိဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မည်သို့ ခေါ်ဆိုသည်ဖြစ်စေ သူ့အနှစ်သာရနှင့် ပင်ကိုသွင်ပြင်လက္ခဏာသည် ပြောင်းလဲ၍မရပေ။” “ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင် ဖော်ဆောင်ကာ လူသားထု တစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားအနေဖြင့် ဉာဏ်အလင်းရရှိခြင်းသည် ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သော နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။” ဤကျမ်းချက်များမှနေပြီး၊ သခင်ယေရှုခရစ်တော်၏ အနှစ်သာရသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် အမှုတော်ကို တိုက်ရိုက်ပြုနိုင်ကြောင်း၊ ဘုရားသခင် ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ထုတ်ဖော်ကြောင်း၊ ပြီးနောက် လူများကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တာတို့ကို ပေးကြောင်း ကျွန်မတို့ အလွယ်တကူမြင်နိုင်ပါသည်။ မည်သူမျှ သူ့နေရာတွင် လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် လုံးဝလုပ်ဆောင်နိုင်ခြင်းပင် မရှိပါ။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ခံရသူများသည် လူ့သဘာဝကိုသာ ပိုင်ဆိုင်ပြီး၊ သမ္မာတရားကို မဖော်ထုတ်နိုင်သည့်အပြင်၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မပြုနိုင်ပါ။ ဓမ္မဟောင်းကျမ်းတွင် ပညတ်တော်ခေတ်၌ ရှေးခေတ် ပရောဖက်များဖြစ်သည့် မောရှေ၊ ဒံယေလ နှင့် ဟေရှာယ တို့ကဲ့သို့ သူများအားလုံးသည် ပညတ်တော်ခေတ်၌ ဘုရားသခင်၏ အမှုတော်ကို အခြေခံကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပညတ်တော်များကို နာခံရန် လူများကို ဦးဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ လမ်းညွှန်ခံရသည်နှင့် အညီ ဣသရေလလူမျိုးများကို သတိပေးချက် နှင့် နှိုးဆော်ချက်တစ်ခုအနေဖြင့် ဣသရေလလူမျိုးများအကြား ပရောဖက်ပြုခြင်းများကို ဖြန့်ဝေခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသိပေးခြင်း စသည်တို့သည် လူသားများ၏တာဝန်များအောက်သို့ ကျရောက်ခဲ့ပါသည်။ ဘုရားသခင်၏ လမ်းညွှန်ချက်များ မပါရှိပဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှိုးဆော်ခြင်း အခန်းကဏ္ဍသည် ရပ်တန့်သွားနိုင်သည်။ ပရောဖက်များသည် သူတို့ကိုယ်တိုင် သမ္မာတရားသို့မဟုတ် အသက်တာ၏ လမ်းခရီးတို့ မရှိကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုတော်မူခြင်းကို ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြင့် ပူးပေါင်းခဲ့ကြသူများသာ ဖြစ်ပါသည်။ ၎င်းတို့သည် ဘိသိက်ပေးခံရသူများဟု ခေါ်ဆိုခြင်း ခံရသော်လည်း ၎င်းတို့သည် ခရစ်တော်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်ထံတွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ လူသားတွင် လူသားအနှစ်သာရ ရှိပါသည်။ လူတစ်ယောက်သည် ခရစ်တော် ဟုတ်မဟုတ်သတ်မှတ်ရာတွင် သူ့မှာ ဘုရားသခင်၏ အနှစ်သာရရှိမရှိကို ကြည့်ရှုခြင်း၊ သူသည် သမ္မာတရားကို ဖော်ထုတ်နိုင်ခြင်းရှိမရှိ၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုကို ပြုနိုင်ခြင်းရှိမရှိ၊ ကြည့်ရပါမည်၊ သူအခေါ်ခံရသည့် အမည်နာမဖြင့် မကြည့်ရပါ။ သူတို့သည် မည်သို့ အခေါ်ခံရပါစေ၊ ဖန်ဆင်းခံသတ္တဝါများသည် အမြဲတမ်း လူသားများဖြစ်ပြီး၊ ခရစ်တော်မဟုတ်ပါ။ ထို့ကြောင့် ခရစ်တော်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဝိညာဉ်တော်အဖြစ်နှင့် နားလည်နိုင်ပါသည်။ ခရစ်တော်၏ အနှစ်သာရမှာ သာမာန်လူ့သဘာဝ နှင့် စုံလင်သော သဘောသဘာဝ တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး၊ သူသည် ကမ္ဘာပေါ်မှ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပါသည်။ ဤမိတ်သဟာယပြုခြင်းဖြင့် ကျွန်မတို့သည် ခရစ်တော်မှာ မည်သည့်အရာဖြစ်ကြောင်းကို နားလည်သဘောပေါက်ခြင်း အချို့ကို ရရှိလာခဲ့သည်။ ကျွန်မတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို ပိုမိုနားလည်သဘောပေါက်ရန် ပို၍ရှာဖွေရန် နှင့် ချင့်ချိန်စဉ်းစားရန်လည်း လိုအပ်ပါသည်။ အကြောင်းမှာ ကျွန်မတို့သည် သခင့်ပြန်ကြွလာခြင်းကို လက်ခံရန် ဤအချက်သည် အလွန် အထောက်အကူ ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲ ၂၄:၂၇) “ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” (ရှင်လုကာ ၁၇:၂၄-၂၅) ထို ပရောဖက်ပြုခြင်းများက “လူသားသည် ကြွလာတော် မူလတံ့” ဟု ပြောပြထားပြီး လူ့ဇာတိခံယူသည့် သခင်ယေရှုသည် လူသား နှင့် ခရစ်တော်ဟု လည်း ခေါ်ကြောင်း ကျွန်မတို့အားလုံး သိရှိကြပါသည်။ ထို့ကြောင့် သခင်ယေရှု မိန့်တော်မူခဲ့သည့် “လူသားသည် ကြွလာတော် မူလတံ့”မှာ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းကို ညွှန်းဆိုထားသည်မှာ အလွန်သဘောရပါသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်ကို ကျွန်မတို့ နားလည်သဘောပေါက်ပုံ နှင့် နောက်ဆုံးသောကာလမှ ခရစ်တော်ကို ကျွန်မတို့ နားလည်သဘောပေါက်ပုံတို့သည် ကျွန်မတို့ ဘုရားသခင်၏ ကယ်တင်ခြင်း ရနိုင်ခြင်း ရှိမရှိဆိုသည့် အရေးကိစ္စနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ကျွန်မတို့သည် သခင့်ပေါ်ထွန်းခြင်းကို လက်ခံမည် ဆိုပါက၊ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့ကို သေချာစွာ ရှာဖွေသည့်အပြင်၊ ဘုရားသခင်၏ အသံတော်ကိုလည်း နားထောင်ရမည် ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|