လန်းလန်း၊ တရုတ်နိုင်ငံ သခင်ယေရှုအကြောင်း ကျွန်မတို့ ပြောသည့်အချိန်တိုင်းတွင်၊ ကျွန်မတို့အတွက် သူ၏ အလျှံပယ်ချစ်ခြင်းမေတ္တာကို ကျွန်မတို့အားလုံး စဉ်းစားမိကြသည်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကမ္ဘာလောကထဲသို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာခဲ့ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်ခံခဲ့ရသည့် အပြစ်မဲ့လူတစ်ဦးဖြစ်သည်၊ ဤလုပ်ရပ်က လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို လုံးဝ ပေါ်လွင်စေပါသည်။ သမ္မာကျမ်းစာက၊ “ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်။” (ရှင်လုကာ ၁:၇၈-၇၉) သခင်၏ ကယ်တင်ခြင်းကို လက်ခံသော ခရစ်ယာန်တိုင်းသည် ကျွန်မတို့အပေါ် သူနှင်းအပ်သည့် ပေါများသော ကျေးဇူးတော်ကို မွေ့လျော်ပြီး ကျွန်မတို့အပေါ် သူဆောင်ကျဉ်းလာသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ကျွန်မတို့ တွေ့ကြုံကြရပါသည်။ ထို့ကြောင့် လူများစွာက သခင်ယေရှု၏ စိတ်သဘောထားမှာ ထာဝရ ချစ်ခင်တတ်ပြီး သနားကရုဏာစိတ်ရှိသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ နှစ်များစွာ သခင့်ကို ယုံကြည်ပြီးနောက် ကျွန်မ ယုံကြည်သော အရာလည်း ဖြစ်သည်။ သို့သော် ထို့နောက်တွင် သခင်ယေရှုက ဖာရိရှဲများကို ပြစ်တင်မောင်းမဲခဲ့သည့် ကျမ်းပိုဒ်ကို ကျွန်မ ဖတ်လိုက်ရသည်- “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၂:၃၁-၃၂) သခင်ယေရှုက ဖာရိရှဲတို့ကို ရှုတ်ချပြီး ကျိန်ဆဲသည့် ဤနှုတ်ကပတ်တော်များမှ၊ သူတို့အပေါ် ကိုယ်တော်၏ သဘောထားမှာ ရွံရှာခြင်းနှင့် အော့နှလုံးနာခြင်းတစ်ခု ဖြစ်သည်ကို တွေ့ခဲ့ရသည်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားမှာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသည်ဘက်လည်းရှိသည်ကို ဤအရာမှ နားလည်ရပါသည်။ ဤနားလည်သဘောပေါက်မှုကို ရှိလာခြင်းဖြင့်၊ ကျွန်မ အလွန် အံ့အားသင့်ခဲ့ရပြီး ကိုယ့်ကိုယ်ကို တွေးမိခဲ့သည်- သခင်ယေရှု၏ စိတ်သဘောထားမှာ သနားကရုဏာ နှင့် ချစ်ခင်ခြင်းသာ မဟုတ်ပဲ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသလည်း ဖြစ်နိုင်မည်လား။ ဤကိစ္စရပ်ကို ကျွန်မ လုံးလုံးလျားလျား နားမလည်သောကြောင့်၊ အဖြေကို စတင်ရှာဖွေခဲ့ပါသည်။ တစ်ခဏမျှကြာပြီးနောက်၊ နောက်ဆုံးတွင် ကျွန်မ၏ ရှာဖွေမှုက အကျိုးခံစားခဲ့ရသည့်အတွက် သခင့်ကို ကျေးဇူးတင်ပါသည်။ စာအုပ်တစ်အုပ်မှ နှုတ်ကပတ်တော်စာပိုဒ်အချို့ကို ကျွန်မ တွေ့ခဲ့ရပါသည်- “ပထမဦးစွာ ဘုရားသခင်၏ စိတ်သဘောထားသည် ဘုန်းအာနုဘော် ဖြစ်သည်၊ အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့ သိကြသည်။ သူသည် တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံမည့် သိုးတစ်ကောင် မဟုတ်ပေ၊ ထိုမျှမက သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်နိုင်သည့် ရုပ်သေးရုပ်တစ်ခု မဟုတ်ပေ။ သူသည် လူတို့၏ ဆရာကြီးလုပ်ခြင်းကို ခံသည့် ဗလာနတ္တိဖြစ်သော လေလည်း မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင် တည်ရှိကြောင်းကို အမှန်တကယ် ယုံကြည်ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာ မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။” “သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြစ်မှားသော လူများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာလေစွ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်း နှင့်ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ ‘ဒေါသထွက်သည်’ ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ ဖြစ်သည်၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုကို ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားသည် ဤလူအတွက် အဆုံးသတ် တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်၊ ၎င်းသည် ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေမည် ဖြစ်လေတကား။” “လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပေ၊ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် ဂရုမပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်း နှင့် ဘဝကို အလေးထားခြင်း ဖြစ်သည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူအပေါ် သူ၏ မျှော်မှန်းချက်များကို သိရှိစေသည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သော အရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားမှာ စည်းစနစ်ကျပြီး တစ်ယူသန် အုပ်စိုးမှု လုံးဝ မဟုတ်ဘဲ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ အလိုသည် အချိန်အလိုက်၊ အခြေအနေအလိုက် နှင့် လူ အယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက်နေ၏။” ဤစာပိုဒ်များမှ၊ ဘုရားသခင်သည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အတွက် သူသည် သနားကရုဏာ၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်သော်လည်း၊ သူသည် ဂုဏ်အသရေလည်း ရှိပြီး ပုန်ကန်ပြစ်မှားမှုတစ်ခုတစ်လေကို သူ၏ စိတ်သဘောထားက သည်းခံဖို့မှာ ဝေးသည်ကို ကျွန်မ နားလည်လာခဲ့သည်။ လူတို့က ဘုရားသခင်ကို မရိုးမဖြောင့် ဆန့်ကျင်ပုန်ကန်ပြစ်မှားပြီး သူနှင့်အတူ ယှဉ်ပြိုင်ကာ သူ့ကို ဆန့်ကျင်သည်ထိပင် ပြုကြသည့်အချိန်တွင်၊ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းက သူတို့အပေါ် ရောက်လာပါသည်။ သို့သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ၊ သူ၏ အမှုတော်ကို နာခံသူနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားရှိသူတို့ပေါ် ဘုရားသခင်သည် ချစ်ခင်တတ်ပြီး ကရုဏာစိတ်ရှိပါသည်။ ဤအရာမှ လူသားအပေါ် ဘုရားသခင်၏ သဘောထားမှာ မပြောင်းလဲနိုင်သောအရာ မဟုတ်ပဲ၊ တကယ်တမ်းတော့ ဘုရားသခင်အဖို့ လူ၏ သဘောထားနှင့်အတူ ထိုအရာက ပြောင်းလဲသည်ကို ကျွန်မတို့ မြင်နိုင်ပါသည်- ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ပါသည်။ သူ၏ အမှုတော်ကို ဆောင်ရွက်ရန် ကမ္ဘာမြေကို သခင်ယေရှု ကြွလာခဲ့သည့် အချိန်ကို ပြန်တွေးကြည့်သောအခါ၊ သူသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နမိတ်လက္ခဏာများစွာနှင့် အံ့ဖွယ်ရာများကို ဆောင်ရွက်ခဲ့ပါသည်။ ဖာရိရှဲများ၊ ယဇ်ပရောဟိတ်များ နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတို့က သြဇာအာဏာနှင့် တန်ခိုးတို့ သယ်ဆောင်သည်ကို လုံးဝ သိခဲ့ကြသော်လည်း၊ သူတို့၏ ကိုယ်ပိုင်ရာထူးများနှင့် အသက်မွေးမှုများကို ကာကွယ်ဖို့ ကောလဟလများကို သူတို့ မဆင်မခြင် လုပ်ကြံပြောဆိုကြပြီး သခင်ကို သူတို့ ဝေဖန်ပြီး သွားပုပ်လေလွင့်ပြောဆိုခဲ့ကြသည်၊ ဒီလောက်တောင်ဖြစ်တာမို့ နတ်ဆိုးမင်းကို မှီခိုခြင်းအားဖြင့် နတ်ဆိုးများကို သူနှင်ထုတ်သည်ဟု ဆိုရင်း သခင်ယေရှုကိုပင် သူတို့ ဆန့်ကျင် ပြစ်မှားစော်ကားခဲ့ကြကာ သာမန်လူတို့ကို ကိုယ်တော့်နောက်လိုက်ခြင်းမှ တားဆီးဖို့ သူတို့ ကြိုးစားခဲ့ကြသည်။ သမ္မာတရားကို ရန်လိုပြီး ငြီးငွေ့သော သူတို့၏ သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး၊ ယင်းမှာ သခင်ယေရှုက သူတို့ကို မုန်းတီးပြီး သူတို့သည် မြွေ၏ အမျိုးများ နှင့် ငရဲ၏ သားများဖြစ်ကြသည်ဟု ဆိုရင်းဖြင့် ကံဆိုးခြင်းကို ကြုံတွေ့ဖို့ သူတို့ကို ကျိန်ဆဲခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့နောက် သခင်ယေရှု၏ တပည့်တော်၊ သခင်ယေရှုထံမှ ငွေကို အမြဲတမ်းခိုးယူပြီး သုံးဖြုန်းခဲ့သူ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မမြတ်နိုးသောသူ နှင့် သမ္မာတရားကို လုံးဝ မနှစ်သက်သောသူ ယုဒရှာကာယုတ် ရှိပါသည်။ သူသည် သခင်ယေရှုကိုလည်း ငွေစ ၃၀ နှင့် ရောင်းစားခဲ့သည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ပုန်ကန်ပြစ်မှားပြီး နောက်ဆုံးမှာ ဘုရားသခင်အားဖြင့် ကျိန်ဆဲခံရကာ အစာအိပ်ပွင့်ထွက် သေဆုံးခဲ့သည့် အရှက်ရစရာ သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့သည်။ သူတို့၏ မြေကို ရောင်းရာမှ ရသည့်ငွေ၏ ဝေစုတစ်စုကို တိတ်တဆိတ် သိမ်းထားခဲ့သည့် အာနနိ နှင့် သူ၏ မိန်းမ ဇာတ်လမ်းလည်းရှိပါသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်၊ သူတို့သည် အခြားသူများကို လိမ်လည်လှည့်စားခဲ့ရုံမျှမက၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း သူတို့ ဗြောင်ကျကျ လိမ်ခဲ့ကြသည်။ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ကြပြီး ဘုရားသခင်က သူတို့ကို ရိုက်နှက်ခဲ့သည်။ ဘုရားသခင်၏ လုက်ဆောင်ချက်အကြောင်း ဤအချက်အလက်များက ဘုရားသခင်၏ စိတ်သဘောထားမှာ ကရုဏာတရားရှိပြီး ချစ်ခင်တတ်ရုံမျှမက ဘုန်းအာနုဘော်တော်ဖြစ်ပြီး အမျက်ဒေါသလည်း ရှိသည်ကို သက်သေပြပါသည်၊ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပြယုဂ်ဖြစ်ပါသည်။ သူ၏ ကိုယ်ပိုင်လက်တော်များဖြင့် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ချစ်သော်လည်း၊ သူ့ကို ပုန်ကန်သူများနှင့် ဗြောင်ကျကျ ဆန့်ကျင်သူများကို၊ သူသည် လေးနက်သော အမျက်ဒေါသဖြစ်သည့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအနေဖြင့် အခြားတစ်ဖက်ကို ထုတ်ဖော်ပြလေသည်။ဤနည်းအတိုင်း၊ သခင်ယေရှု၏ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ကျွန်မတို့အပေါ် အတောမသတ် အပ်နှင်းမခံရသည်ကို ကျွန်မ သိနားလည်လာခဲ့ပါသည်။ ကျွန်မတို့က ဘုရားသခင်၏ လမ်းခရီးနောက်မလိုက်ပဲ ဘုရားသခင်ကို အာခံပြီး သူ့ကို ရန်လိုသော လုပ်ရပ်လုပ်ဆောင်သောအခါ၊ ကျွန်မတို့အပေါ် သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို သူ စေလွှတ်ပြီး ကျွန်မတို့ ကိုယ်စား သခင်ယေရှု ပြုလုပ်ခဲ့တဲ့ အပြစ်ဖြေယဇ်ပူဇော်ခြင်းက ထိုအခါ ပျက်ပြယ်သွားပါသည်။ သမ္မာကျမ်းစာက၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိ။” (ဟေဗြဲသြဝါဒစာ ၁ဝ:၂၆) ဟု ပြောထားသည့်အတိုင်း ဖြစ်ပါသည်။ သို့သော်၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို လက်ခံသောသူ၊ အမှန်တကယ်နောင်တရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်သော သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင် ပြစ်မှားစော်ကားခြင်းမရှိသရွေ့၊ ဘုရားသခင်သည် သူတို့အပေါ် အမြဲ သနားကရုဏာရှိမည်ဖြစ်ပြီး ချစ်ခင်လိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ သခင်ယေရှု၏ နောက်လိုက်များဖြစ်ကြသော ပေတရုနှင့် ယောဟန်တို့အပြင် နောင်တရပြီး သခင့်ထံ ဝန်ချခဲ့သည့် အခွန်ခံ မဿဲတို့ကို ကြည့်ပါ။ သခင်ယေရှု၏ ခေါ်ခြင်းကို သူတို့ကြားသောအခါ၊ အရာအားလုံးကို သူတို့ စွန့်လွှတ်ပြီး သူ့နောက်လိုက်ခဲ့ကြသည်။ သူ၏ တရားဒေသနာများကို ကြိုးကြိုးစားစား သူတို့ နားထောင်ခဲ့ကြသည်၊ သူ့နှုတ်ကပတ်တော်များကို သူတို့ ဆာငတ်ခဲ့ကြပြီး သခင်ယေရှုက သူတို့ကို သနာကရုဏာနှင့် ချစ်ခြင်းတို့ဖြင့် ဆက်ဆံခဲ့ပါသည်။ သူတို့နှင့်တွဲဖက်၍လည်း မကြာခဏ သခင်ယေရှု အသက်ရှင်နေထုင်ခဲ့သည်၊ သူ၏ကောင်းကြီးမင်္ဂလာများနှင့် ဦးဆောင်လမ်းပြမှုကို သူတို့အား ပေးနေခဲ့ပါသည်။ ထိုအချိတန်တွင်၊ သခင်ယေရှု ဆောင်ရွက်ရမည့် အမှုတော်ကို ပေတရုက နားမလည်ခဲ့ဘဲ၊ သခင် ကားစင်တင်မခံရမီတွင် သူ၏ စိတ်ရင်းစေတနာဖြင့် ဘုရားသခင်၏ အမှုတော်ကို တားဆီးဖို့ သူကြိုးစားခဲ့သည်၊ ဤအကြောင်းကြောင့် သူသည် စာတန်၏ လက်ပါးစေတစ်ဦး ဖြစ်လာခဲ့ပါသည်။ သူက- “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၆:၂၂) ဟု ပြောသောအခါ၊ သခင်က၊ “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့” (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၆:၂၃) ဟု ဆိုရင်း သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲခဲ့သည်။ ဤနှုတ်ကပတ်တော်များမှ၊ ပေတရု၏ လုပ်ဆောင်ချက်ကို သခင်ယေရှုက စက်ဆုပ်ခဲ့သည်ကို မြင်နိုင်ပါသည်။ သို့တိုင် သခင်က လူတို့၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူတို့၏ ဝိညာဉ်ရေးအသက်တာများ မရင့်ကျက်မှုကို သူခွင့်လွှတ်ပါသည်၊ ထို့ကြောင့် သူသည် ပေတရုကို အပြစ်မပေးခဲ့ဘဲ၊ ယင်းအစား သူ့ကို နောင်တရဖို့ အခွင့်အရေး ပေးခဲ့ပါသည်။ သူ လုပ်ခဲ့သည့်အရာကို ပေတရုက သဘောပေါက်လိုက်သည့်အခါ၊ သူ၏ လုပ်ဆောင်ချက်အတွက် နောင်တကို မကြာခဏ သူခံစားခဲ့ရပြီး၊ နောက်ဆုံးတွင်၊ သခင်က ပေတရု၏ အပြစ်ကို အမှတ်မရတော့ဘဲ၊ ယင်းအစား အသင်းတော်ကို ထိန်းကျောင်းသည့်အလုပ် သူ့ကို ပေးခဲ့လေသည်။ ထို့နောက်တွင်၊ သခင်ယေရှု၏ စိတ်သဘောထားမှာ ချစ်ခင်တတ်ပြီး သနားကရုဏာရှိသည်မျှသာမဟုတ်ဘဲ၊ ဖြောင့်မတ်ကာ ဘုန်းအာနုဘော်ဖြစ်ပြီး အမျက်ဒေါသလည်း ရှိသည်ကို ကျွန်မ သေချာလာခဲ့ပါသည်။ ကျွန်မတို့က သခင့်၏ မေတ္တာနှင့် ကရုဏာတို့ကို မွေ့လျော်ပြီးကြသောကြောင့် သခင်ယေရှုကို ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်သည့် ဘုရားသခင်အဖြစ်သာ ကျွန်မတို့ အစဉ်အမြဲ ဘောင်ခတ်မိပါက၊ ကျွန်မတို့ မည်သည့်အပြစ်ကို လုပ်နိုင်ပါလေ့စေ ဘုရားသခင်က ကျွန်မတို့ကို ဒေါသလုံးဝထွက်မည်မဟုတ်ဘဲ ယင်းအစား ကျွန်မတို့အပေါ် သနားကရုဏာရှိပြီး သက်ညှာပေးလိမ့်မည်ဟု ကျွန်မတို့ ယုံကြည်ပါက၊ ဘုရားသခင်ကို ကျွန်မတို့ ကြောက်ရွံ့သည့် စိတ်နှလုံးကင်းမဲ့မှုကြောင့် ကျွန်မတို့၏ လုပ်ဆောင်ချက်များဖြင့် ဘုရားသခင်ကို အလိုမကျဖြစ်စေပြီး သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလေ့ရှိလိမ့်မည်ဖြစ်ပါသည်။ ထို့နောက်တွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ နောက်ထပ်ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါသည်- “ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်တစ်ဆူ ဖြစ်ပြီး လူတို့သည် မတူညီသော အခြေအနေများတွင် မတူညီစွာ လုပ်ဆောင်ကြသကဲ့သို့ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ် မဟုတ်သလို ဗလာနတ္တိဖြစ်သော လေ မဟုတ်ခြင်းကြောင့် ဤလုပ်ဆောင်ချက်များအပေါ် ဘုရားသခင်၏ သဘောထားမှာ ကွဲပြားပေသည်။ ဘုရားသခင်၏ သဘောထားကို သိရခြင်းမှာ လူသားမျိုးနွယ်အတွက် အဖိုးထိုက်သော လေ့လာလိုက်စားမှုတစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မည်ကဲ့သို့သိနိုင်မည့်အကြောင်း နှင့် သူ၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်ရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်လာသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ရန် ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင် ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ သင်သည် သူ နှင့်ပတ်သက်၍ ကောက်ချက်များကို ချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင် အကြောင်း သင် ကောက်ချက်များချခြင်းကို ရပ်သည့်အခါ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာရှိမည် မဟုတ်ဘဲ ဘုရားသခင်သည် သင့်အား သူ၏အကြောင်း အသိတစ်ခုရှိစေရန် အမှတ်တမဲ့ ဦးဆောင်သွားမည်ဖြစ်သဖြင့် သင်သည် သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့လိမ့်မည် ဖြစ်သည်။ သင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော သြဝါဒများ၊ စာများ နှင့် အယူအဆများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင် ရပ်တံ့လိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမြဲ ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။” ဤကျမ်းပိုဒ်က၊ ဘုရားသခင်၏ စိတ်သဘောထားကို သိရှိခြင်းအားဖြင့်သာ ကျွန်မတို့ ကြုံရသည့် ကိစ္စရပ်တိုင်းကို သတိနှင့် ဂရုတစိုက် ချည်းကပ်နိုင်လိမ့်မည်ဖြစ်သည်ကို နားလည်စေခဲ့ပါသည်။ အထူးသဖြင့် သခင့် ပြန်ကြွလာခြင်းကို ကျွန်မတို့ ကြိုဆိုကြသည့် အတောအတွင်းဖြစ်သော နောက်ဆုံးသော ကာလ၏ ဤအရေးပါလှသည့် အချိန်တွင်၊ တနည်းနည်းဖြင့် သခင့်ကို ဘောင်ခတ်သင့်သည်ကို မပြောနှင့်၊ နောက်ဆုံးသော ကာလတွင် သခင် အဘယ်သို့ ပြန်ကြွလာမည်၊ မည်သည့် အမှုကို သူပြုမည်၊ ဟူသည့် အရာများကို ကျွန်မတို့၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် စိတ်ကူးများပေါ် အခြေခံပြီး ကျွန်မတို့ မဆုံးဖြတ်နိုင်ကြပါ။ ဘုရားသခင်ကို ဘောင်ခတ်ခြင်း နှင့် အာခံခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း နှင့် ကျွန်မတို့၏ ကိုယ်ပိုင် နားလည်မှုလွဲခြင်းများနှင့် စိတ်ကူးများအပေါ် မှီခိုခြင်းအားဖြင့် ဖာရိရှဲများကဲ့သို့ တူညီသော အမှားကို ကျူးလွန်မိခြင်းတို့ကို ရှောင်ရှားဖို့ရန် အရာခပ်သိမ်းတွင် ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး ထားသိုရမည်ဖြစ်ပြီး ပိုမို ရှာဖွေရပါမည်။ ဘုရားသခင်၏ စိတ်သဘောထားကို သိနားလည်ခြင်းသည် ဘုရားသခင်၌ ယုံကြည်သူ အယောက်စီတိုင်းအဖို့ အလွန့်အလွန် အရေးကြီးသည်မှာ သိသာထင်ရှားပါသည်။ ဆောင်ရွက်မှုများ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|