သိမြင် ခံစားချက် ယုံကြည်သူမောင်နှမအားလုံးက ဉာဏ်ရှိတဲ့သတိုးသမီးတစ်ယောက်အဖြစ်နဲ့ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့မှာချီဆောင်ခြင်းခံချင်ကြပါတယ်။ဒါဆိုရင်ဉာဏ်ရှိတဲ့သတိုးသမီးတွေဟာမည်သို့ချီဆောင်ခြင်းခံရသနည်း?ဒီမေးခွန်းဟာအင်မတန်မှအရေးကြီးပါသည်။ကျွနု်ပ်တို့အားလုံးလဲနားလည်ချင်တဲ့မေးခွန်းဖြစ်ပါသည်။ အချို့သောလူတွေကပြောကြတယ် ကျွန်တော်တို့ဘယ်လိုပဲအပြစ်ကျူးလွန်ပါစေ ခန္ဓာကိုယ်ရဲ့ချည်နှောင်ခြင်းတွေကိုခံရပါစေ ။သခင်ယေရှုရဲ့အမြင်မှာကျွန်တော်တို့အပြစ်မရှိတော့ဘူးလို့ "ပေါလုရဲ့စကားပေါ်မှာအခြေခံကြတယ်။(သို့သော်လည်းနောက်ဆုံးသောတန်ပိုးမှုတ်သောအခါ တခဏခြင်းတွင်မျက်စိတစ်မှိတ်၌ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါသေလွန်သောသူတို့သည်မပုတ်နိုင်သောအဖြစ်၌တည်လျက်ထရပ်၍ ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်။(ကောရိန္တ ုဩဝါ ဒ စာပဌမစာစောင်၁၅:၅၂)။ယခုမျက်မှောက်ပုတ်တတ်သောအရာသည်မသေနိုင်သောအရာအဖြစ်သို့ဝင်စားရမည်(ကောရိန္တု ဩဝါဒပဌမစာစောင်၁၅:၅၃)။ဒါကြောင့်မလို့သခင်ယေရှုဒုတိယအကြိမ်ပြန်ကြွလာချိန်တခဏခြင်းတွင်မျက်စိတစ်မှိတ်၌ကျွန်နုပ်တို့ရှိသမျှကိုပြောင်းလဲပြီးကောင်းကင်နိုင်ငံတော်မှာချီဆောင်သွားမယ်လ်ု့ထင်နေကြတယ်။တစ်ချို့လူတွေကြတော့ဒီလိုပြောဆိုခြင်းကိုမထောက်ခံကြပေ။ကျွနု်တို့ယုံကြည်သူတစ်ယောက်အနေနဲ့သခင်ယေရှုရဲ့မိန့်မြွက်ဟောပြောတဲ့ ့နှုတ်ကပတ်တော်အပေါ်မှာအခြေခံဖို့လိုတယ်လို့ခံယူတတ်ကြတယ်။သခင်ယေရှုကိုယုံကြည်တာနဲ့အပြစ်လွတ်ခြင်းရပြီးသော်လည်းတစ်ကယ်တမ်းလက်တွေ့မှာ ကျွနု်ပ်တို့ဟာအပြစ်တွေကိုအဆက်မပြတ်လုပ်နေဆဲပါပဲ အပြစ်ရှိနေသေးသောကြောင့်ကောင်းကင်နိုင်ငံကိုဝင်နိုင်မည်လော? သခင်ယေရှုကပြောသည် ။ အကြောင်းမူကာ ငါသည်သန့်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြလော့ဟုကျမ်းစာလာသတည်း (ရှင်ပေတရုဩဝါ ဒပဌစာစောင် ၁:၁၆) ငါသည်တံခါးရှေ့မှာရပ်၍ခေါက်လျက်နေ၏။အကြင်သူသည်ငါ၏အသံကိုကြား၍တံခါးကိုဖွင့်အံ့ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစားသောက်မည် သူသည်လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။(ဗျာဒိတ် ဩဝါဒစာစောင်၃:၂၀)ကျမ်းစာမှာဖော်ပြတဲ့အတိုင်းဘုရားသခင်ဟာ"တရားမျှတခြင်းနဲ့သန့်ရှင်းခြင်းရှိတဲ့ဘုရားသခင်ဖြစ်တယ် ။ကျွနု်ပ်တို့ဟာညစ်ညူခြင်းတွေရှိတယ် ဒါကြောင့်နောက်ဆုံးသောကာလမှာသခင်ယေရှုဟာ ကျွနု်ပ်တို့ကိုသန့်ရှင်းစင်ကြယ်ရန်ဒုတိယအကြိမ်ကြွလာတဲ့အခါနှုတ်ကပတ်တော်အားဖြင့်မိန့်မြွတ်ဖော်ပြမှာဖြစ်ပါတယ်။ဒီချိန်မှာဉာဏ်ရှိတဲ့သတိုးသမီးကတော့သခင်ယေရှုပြန်ကြွလာခြင်းကိုကြိုု ဆိုဖို့အတွက် ကိုယ်တော်၏အသံကိုဂရုတစ်စိုက်နားထောင်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်မှချီဆောင်ခြင်းကိုခံရမှာဖြစ်ပါတယ်။ (ရုပ်ရှင်-ပြောင်းလဲခြင်းအခါသမယကိုကြည့်ကြပါရန်...ဉာဏ်ရှိသောသတိုးသမီးကမည်သို့ချီဆောင်ခြင်းခံရသနည်း? မည်သို့ပြောင်းလဲခြင်းရှိသနည်း? Myanmar Movie (ပြောင်းလဲခြင်းအခါသမယ) ဇာတ်လမ်းတို- ပညာရှိသောသတို့သမီးတွေဟာ ဘယ်လိုချီဆောင်ခြင်းခံရမှာလဲ လူတချို့က သခင့်ကို စောင့်မျှော်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့အရေးနဲ့ပတ်သက်ရင် ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာကြပါတယ်။ “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်” (၁ ကော ၁၅:၅၂) လို့ဆိုတယ်။ လူတွေဟာ အပြစ်ကျူးလွန်တတ်တဲ့သဘာဝကို မချိုးဖျက်ဘဲ အပြစ်တွေကို အမြဲလုပ်နေကြတုန်းဖြစ်ပေမယ့်၊ သခင်ဟာ သူတို့ကိုပြောင်းလဲစေပြီး ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားမှာပဲလို့ သူတို့က ယုံကြည်ကြတာပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့မိန့်ဆိုချက်ကို လိုက်နာကြသူတွေလည်း ရှိနေပြန်တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁) “ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။” (၁ ပေ ၁:၁၆) ဒီလိုလူတွေကျတော့ အပြစ်ကို အမြဲလုပ်နေသူတွေဟာ သန့်ရှင်းခြင်းကိုရဖို့ ဝေးလွန်းပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့ အရည်အချင်းမပြည့်မီဘူးလို့ ယုံကြည်ကြတယ်။ ဒီလိုနဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ဆွေးနွေးပွဲတစ်ခု စလာခဲ့ပါတယ်။ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ဆိုရင် ဘယ်လိုလူတွေက အရည်အချင်းပြည့်မီကြမလဲ။ ဒါကြောင့် ဒီ ဗီဒီယိုဇာတ်လမ်းတိုလေးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်။ အကြံပြုစာမျာ: ချီးမွမ်းခြင်း ဓမ္မသီချင်းတစ်ပုဒ် (အနန္တတန်ခိုးရှင် ဘုရားသခင်ကို လူမျိုးတိုင်းက ကိုးကွယ်ကြသည်) သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကြိုဆိုပါ
0 Comments
Leave a Reply. |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|