Myanmar Movie (ဒီလောက်သာယာလိုက်တဲ့ အသံ) ဇာတ်လမ်းတို- ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာအပြင် မရှိတော့ဘူးလား ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ကိုယ်တော် ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့စကားတော်တွေကို သမ္မာကျမ်းစာပြင်ပမှာ သူတို့ မရှာဖွေခဲ့ကြပါဘူး။ သူတို့ဒီလိုအတွေးတွေနဲ့ သခင်ပြန်လာတဲ့အခါ ခရီးဦးကြိုပြုနိုင်ပါ့မလား။ ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ စကားတွေမိန့်ကြားဖို့ ကန့်သတ်လို့ရနိုင်ပါသလား။ သမ္မာကျမ်းစာမှာ ဆိုထားပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏” (ရှင်ယောဟန် ၂၁:၂၅ )။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “ သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။” ဟု မိန့်ဆိုခဲ့ပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ
0 Comments
Leave a Reply. |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|