သိမြင် ခံစားချက်
ကိုယ်တော်ပြန်ကြွလာခြင်းကို စောင့်မျှော်ရာတွင် လူအများစုထင်မြင်ကြသည်က ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုယုံကြည်သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ အမြဲလည်း ပင်ပန်းစွာဆက်ကပ်ပြီး သတိနှင့်စောင့်မျှော်နေပါတယ်။ ကို်ယ်တော်ပြန်ကြွလာချိန်တွင် ကျွန်ုပ်တို့ကို အရင်ဖွင့်ပြမှာဖြစ်ပါတယ်။ သို့ဖြစ်၍ အချို့သောသူတို့မှာ မတူညီသော ထင်မြင်ချက်များကို ပြောလာပါတယ်။ ၎င်းတို့ထင်မြင်သည်ကား ကျမ်းစာမှပြောထားသည်မှာ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ၏။" (ဗျာဒိတ်ကျမ်း ၃:၂၂) "ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ (ရှင်ယောဟန်ခရစ်ဝင်၁၀:၂၇)ဖြစ်သည်။ ကိုယ်တော်ကျွန်ုပ်တို့ကိုပြောပြထားသည်မှာ သူပြန်ကြွလာချိန်တွင် စကားတော်များကို မြွတ်ဆိုဦးမည်ဖြစ်သည်။ ဘုရားသခင်၏အသံတော်ကို နားထောင်တတ်သောသူသည် ပညာရှိသတို့သမီးဖြစ်၍ ကိုယ်တော်ကိုကြိုဆိုနိုင်မှာဖြစ်သည်။
အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ဖွင့်ပြရန်ကိုသာ စောင့်မျှော်နေပြီး ဘုရားသခင်၏အသံတော်ကို နားထောင်ရန် အလေးထားခြင်းမရှိပါက ကိုယ်တော်ကိုကြိုဆိုနိုင်မည့် အခွင့်အရေးကို လွယ်ကူစွာဆုံးရှုံးနိုင်ပြီး၊ ကိုယ်တော်၏ပစ်ပယ်ခြင်းကိုခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ဤထင်မြင်ယူဆချက်နှစ်မျိုး၌ ဘယ်တစ်ခုက ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီသနည်း။ ကိုယ်တော်ပြန်လာချိန်တွင် ကျွန်ုပ်တို့ကို အရင်ဖွင့်ပြမှာလား။ ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်မှသာလျှင် ကိုယ်တော်ကိုကြိုဆိုနိုင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကိုရရှိမည်နည်း။ ဤအပတ်စဉ် ထုတ်လွှင့်မှုအစီအစဉ်တွင် မိတ်ဆွေ၏ ရှုပ်ထွေးမှုများကို ဖြေရှင်းပေးမှာဖြစ်ပါသည်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် နောက်ဆုံးသောကာလတွင် ယေရှုခရစ်တော်သည် မည်သည့်နည်းလမ်းဖြင့် ပြန်ကြွလာလိမ့်မည်နည်း
0 Comments
Leave a Reply. |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|