2019 Myanmar Movie -တံခါးကိုခေါက်နေခြင်း(၁)--"ကိုယ်တော်ပြန်ကြွလာချိန်တွင် တံခါးကို သခင်မည်သို့ ခေါက်မည်နည်း။"
ကြည့်ပြီးနောက် အတွေ့အကြုံ
ဖာရိရှဲလူမျိုးများသည် မိမိ၏ထင်မြင်ချက်ဖြင့် ကိုယ်တော်ကို ကောက်ချက်ချကြသည်။ သူတို့၏ကျရှုံးရသောဆုံးမစာသည် ကျွန်ုပ်တို့ကို သတိပေးနေပါသည်။ အိပ်မက်နေသူကိုနိုးလာအောင်ပြောသောစကားဖြစ်သည်။ ကိုယ်တော်ကိုကြိုဆိုရာတွင် အဓိကအရေးကြီးဆုံးအချက်မှာ ဘုရားသခင်၏အသံကိုနားထောင်တတ်ခြင်းသာဖြစ်သည်။ အာမင်
0 Comments
(မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဘုရားသခင်ကိုယ်တော်တိုင်လား သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်လို့ သမ္မာကျမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့ထင်ရှားပြခြင်းဖြစ်တယ်၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဒါမှမဟုတ် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်လား။ အနန္တတန်ခိုးရှင် ပြောသည် “‘ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’… ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ ‘ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏’ ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။” မြင်ကွင်းများ Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည် ခရစ်ယာန် ရုပ်ရှင်များ (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။ ခရစ်ယာန် ရုပ်ရှင်များ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို လူမျိုးတိုင်းက ကိုးကွယ်ကြသည်”- သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကြိုဆိုပါ ကြယ်တွေစုံလင်၊ တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေတဲ့ ညတစ်ညရဲ့ ကောင်းကင်ယံအောက်မှာ၊ ခရစ်ယာန်အဖွဲ့တစ်ဖွဲ့ဟာ ကယ်တင်ရှင်ပြန်အလာကို ထက်သန်စွာ စောင့်ရင်း ပျော်ရွှင်စရာကောင်းတဲ့ တေးဂီတနဲ့ သီဆို ကခုန်နေကြတယ်။ “ ဘုရားသခင် ပြန်လာပြီ” ၊” ဘုရားသခင်ဟာ နှုတ်ကပတ်တော်အသစ်တွေကို ပြောကြားလိုက်ပြီ” ဆိုတဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းကို သူတို့ ကြားတဲ့အခါမှာ အံ့သြပြီး စိတ်လှုပ်ရှားကြတယ်။ “ ဘုရားသခင်ပြန်လာပြီလား။ သူ ထွက်ပေါ်နှင့်ပြီလား” လို့ သူတို့ တွေးကြတယ်။ စူးစမ်းလိုစိတ်နဲ့ မသေချာမှုတွေနဲ့အတူ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ကြိုးပမ်းရှာဖွေခြင်း ခရီးထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကြိုးပမ်းရှာဖွေမှုမှာ တစ်ချို့လူတွေက မေးခွန်းတွေ မေးနေကြပြီး တစ်ချို့ကတော့ ရိုးရိုးလေးပဲ လက်ခံကြတယ်။ တစ်ချို့လူတွေက မှတ်ချက်မပေးဘဲ ခံယူကြပြီး တစ်ခြားလူတွေကတော့ အကြံပြုချက်တွေပြုလုပ်ကြပြီး သမ္မာကျမ်းစာမှာ အဖြေတွေကို ရှာဖွေကြတယ်။ သူတို့တွေ ကြည့်ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘာအကျိုးရလဒ်မှ မရရှိခဲ့ဘူး။ သူတို့တွေ စိတ်ဓါတ်ကျလာတဲ့အချိန်မှာပဲ မျက်မြင်သက်သေတစ်ယောက်ဟာ နိုင်ငံတော်ခေတ် သမ္မာကျမ်းစာ မိတ္တူကိုယူလာတယ်။ သူတို့ဟာ စာအုပ်ထဲမှာပါတဲ့ နှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စိတ်ဝင်စားလာခဲ့ကြတယ်။ ဒီစာအုပ်က တကယ်တမ်း ဘယ်လိုစာအုပ်မျိုးလဲ။ သူတို့က အဲဒီစာအုပ်ထဲမှာ ဘုရားသခင် ပြောကြားထားတဲ့ နှုတ်ကပတ်တော်အသစ်တွေကို တကယ်ပဲ တွေ့သွားကြတာလား။ ဘုရားသခင် ပေါ်ထွန်းလာခြင်းကို သူတို့ ကြိုဆိုပြီးကြပြီလား။ များပြားသောအကြံပြုချက်များ Myanmar Gospel Video 2019 (နောဧနေ့များ ရောက်လာကြပြီ) လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ “ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်” (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ “ နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
|
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|