ခရစ်ယာန် ရုပ်ရှင်များ (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။
0 Comments
နောဧ ခေတ်တုန်းက လူသားမျိုးနွယ်ကို ပြန်ဆန်းစစ်ကြစို့။ လူသားဟာ နောင်တရဖို့ကို လုံးဝ မစဉ်းစားခဲ့ဘဲ မကောင်းမှုမျိုးစုံထဲမှာ ပါဝင်နေခဲ့တယ်။ ဘယ်သူမှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ ဆိုးညစ်မှုတွေက ဘုရားသခင်ကို ဒေါသ ထွက်လာစေပြီး နောက်ဆုံးမှာ ၊ ဧရာမ ရေလွှမ်းမိုးမှု ကပ်ဘေးထဲ သူတို့ မျိုပစ်ခံခဲ့ကြရပါတယ်။ နောဧ အပါအဝင် သူ့မိသားစု ရှစ်ယောက်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် နောက်ဆုံးသော ကာလ ရောက်ရှိလာပါပြီ။ လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်မှုက ပိုပို နက်ရှိုင်း လာနေပါတယ်။ လူတိုင်းက မကောင်းမှုကို မြတ်နိုးနေကြတယ်။ ဘာသာရေး လောကကြီး တခုလုံးက ကမ္ဘာ့ ဒီရေလှိုင်းရဲ့ နောက်မှာ လိုက်နေကြပါတယ်။ သူတို့ဟာ အမှန်တရားကို နည်းနည်းလေးမှ မနှစ်သက်ကြပါဘူး။ နောဧရဲ့ နေ့ရက်တွေ တကယ့်ကို ရောက်ရှိလာကြပါပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ လူသားတို့ အလယ် တရားစီရင်မှုကို လုပ်ဆောင်ဖို့ နောက်တကြိမ် ပြန်လာခဲ့ပါပြီ။ ဒါဟာ လူသားကို ဘုရားသခင်က နောက်ဆုံးအကြိမ် ကယ်တင်ခြင်း ဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဘာကို ရွေးချယ်သင့်ပါသလဲ။ |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|