ဘုရားနှုတ်ကပတ်တော် | ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်နည်းလမ်းများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။
0 Comments
ဘုရားနှုတ်ကပတ်တော် | နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်သည့် နောင်တရခြင်းကို ဘုရားသခင် မြင်သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်
ချေမှုန်းခံရခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ သို့သော်လည်း မည်ကဲ့သို့မျိုးနည်း။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ မည်သူက လုပ်နိုင်သနည်း။ လူသားအတွက်ကတော့ ဤလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ပေ။ ဤလူတို့က မိုက်မဲသူများမဟုတ်ပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် ဘာကိုဆိုလိုသည်ဆိုခြင်းကို သူတို့သိခဲ့သည်။ ဤသည်မှာ ဘုရားသခင်ဆီမှ လာသည်ဆိုသည်ကို သူတို့သိသည်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့မည်ဆိုသည်ကို သူတို့သိသည်။ သူတို့၏ဆိုးယုတ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးသည်၊ ထို့ကြောင့် မကြာခင်မှာ သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည် ဆိုသည်ကို သူတို့သိသည်။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နားထောင်ပြီးနောက် ဤမြို့မှာရှိသည့်လူတို့က မည်သို့ပြုမူခဲ့သနည်း။ သူတို့၏ဘုရင်မှ သာမန်လူအထိ ဤလူတို့ မည်သို့တုံ့ပြန်ခဲ့သည် ဆိုသည်ကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားသည်။ ကျမ်းစာမှာ ဖော်ပြထားသည့်အတိုင်း “ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။…” ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တရားမျှတတဲ့ စွမ်းအား အားလုံးနဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးအတွက် အကွယ်အကာဖြစ်တယ် ဘုရားသခင်ရဲ့ မိန့်ကြားချက်၊ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေရဲ့ ဒီဥပမာတွေကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင်နားလည်နိုင်သလား။ အဆုံးမှာတော့ လူသားက ဘယ်လောက်နားလည်နိုင်တယ်ပဲ ဖြစ်ပါစေ ဒါဟာ ဘုရားသခင် ကိုယ်တိုင်ရဲ့ အတုမရှိတဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ပါပဲ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်ရဲ့ သည်းမခံခြင်းက သူ့ရဲ့ အထူးအနှစ်သာရတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူ့ရဲ့ အထူး စိတ်သဘောထားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်က သူ့ရဲ့အထူးအနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသနောက်က သဘောတရားဟာ သူသာလျှင်ပိုင်ဆိုင်တဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါတယ်။ ဒါဟာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အနှစ်သာရရဲ့ သင်္ကေတလည်းဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ အချိန်ကုန်တာနဲ့အမျှ ပြောင်းလဲခြင်း လုံးဝမရှိသလို တည်နေရာပြောင်းတဲ့အချိန်တိုင်းမှာလည်း မပြောင်းပါဘူး။ သူ့ရဲ့ပင်ကို စိတ်သဘောထားဟာ သူ့ရဲ့ မရှိမဖြစ် အနှစ်သာရဖြစ်ပါတယ်။ သူ့အလုပ်ကို ဘယ်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အနှစ်သာရဟာ မပြောင်းလဲပါဘူး။ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားလည်း မပြောင်းလဲပါဘူး။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ဒေါသထွက်စေတဲ့အခါမှာ သူထုတ်လွှတ်တဲ့အရာက သူ့ရဲ့ ပင်ကိုစိတ်သဘောထားဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဒေါသနောက်က သဘောတရားက မပြောင်းလဲသလို သူ့ရဲ့အတုမရှိတဲ့ ဝိသေသလက္ခဏာနဲ့ အခြေအနေကလည်း မပြောင်းလဲပါဘူး။ သူ့ရဲ့အနှစ်သာရက ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားဟာ မတူညီတဲ့ သဘောတရားတွေ ထုတ်တဲ့အတွက်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အပေါ် လူသားရဲ့ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါတယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်အတွက် သိပ်ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်တဲ့အခါ လူသားဟာ သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ့ရဲ့ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါမှာ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့အခါမှာ၊ အပြစ်တရားက သောင်းကျန်းတဲ့ အချိန်လည်းဖြစ်တဲ့ လူသားက ဘုရားသခင်ရဲ့ ဒေါသကို အဆက်မပြတ် စမ်းသပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အလိုအလျောက်ထုတ်ဖော်ပြီး သူ့ဘာသာ ထွက်ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့အမျက်ဒေါသအပေါ် ဘုရားသခင်ရဲ့ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးဟာ ပျောက်ကွယ်လိမ့်မယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ရန်ပြုတတ်တဲ့ အစွမ်းအားလုံးဟာ ဖျက်ဆီးခံရမယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိမှု၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အတုမရှိမှုဖြစ်တယ်။ ဘုရားသခင်ရဲ့ ဂုဏ်နဲ့ သန့်ရှင်းခြင်းကို စိန်ခေါ်ခံရတဲ့အခါမှာ တရားမျှတတဲ့ စွမ်းအားတွေဟာ ပိတ်ဆို့နေပြီး လူသားက မမြင်ရတဲ့အခါ ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို စေလွှတ်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်တဲ့ အစွမ်းအားလုံးဟာ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတတဲ့ အစွမ်းတွေပါပဲ။ သူတို့ဟာ စာတန်ဆီကလာပြီး စာတန်နဲ့ သက်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ တရားမျှတတဲ့အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန်ရှင်းတဲ့အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသ ထုတ်လွှတ်မှုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်အပေါ် သောဒုံမြို့ရဲ့ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနဲ့ ရန်လိုခြင်းတွေပြီးနောက်မှာ သူဟာ မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးတယ် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် အကြမ်းဖျင်းနားလည်မှုရှိပြီးတာနဲ့ အပြစ်တရားရဲ့မြို့အနေနဲ့ ဘုရားသခင်မြင်ခဲ့တဲ့ သောဒုံမြို့ကို ငါတို့ ပြန်ပြီး အာရုံစိုက်လို့ရပါတယ်။ ဒီမြို့ရဲ့ အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဘာကြောင့် ဒီမြို့ကို ဖျက်ဆီးချင်တယ်ဆိုတာနဲ့ ဘာကြောင့် သူလုံးဝအကုန် ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။ ဒီအချက်ကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိလာနိုင်တယ်။
ဘုရားနှုတ်ကပတ်တော် | သောဒုံမြို့ဟာ ဘုရားသခင်ရဲ့ အမျက်တော်ကို ထိခိုက်တဲ့အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာတယ် သောဒုံမြို့က လူတွေဟာ ဒီအစေခံနှစ်ယောက်ကို မြင်တဲ့အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြသလို ဘုရားသခင်ရဲ့ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ကြတာလားဆိုတာကိုလည်း မမေးခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဆူပူသောင်းကျန်းတဲ့လူအုပ်ကြီးဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲနဲ့ ဒီအစေခံနှစ်ယောက်ကို ခွေးရိုင်းတွေ သို့မဟုတ် ကြမ်းတမ်းရက်စက်တဲ့ ဝံပုလွေတွေလို အမိဖမ်းဖို့ ရောက်လာခဲ့ကြတယ်။ ဘုရားသခင်က ဒါတွေ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့သလား။ ဒီလို လူသားအပြုအမူ၊ ဒီလိုအရာမျိုးနဲ့ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ ဘာတွေစဉ်းစားနေခဲ့သလဲ။ ဘုရားသခင်က ဒီမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက တွန့်ဆုတ်တာ သို့မဟုတ် စောင့်နေတာမျိုး လုပ်မှာမဟုတ်သလို ဆက်ပြီးစိတ်ရှည်သည်းခံနေမှာလဲ မဟုတ်ဘူး။ သူ့ရဲ့နေ့ရက်က ရောက်လာပြီ။ ဒါကြောင့် သူလုပ်ချင်တဲ့ အလုပ်ကို ပြင်ဆင်တယ်။ ဒါကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားတယ်။ “ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။” ဒီကျမ်းပိုဒ်နှစ်ပိုဒ်က ဒီမြို့ကို ဘုရားသခင်ဖျက်ဆီးတဲ့ နည်းလမ်းကို လူတွေကိုပြောပြတယ်။ ဘုရားသခင်က ဘာကို ဖျက်ဆီးတယ်ဆိုတာကိုလည်း လူတွေကို ပြောပြပါတယ်။ ပထမဆုံး ဘုရားသခင်က ဒီမြို့ကို မီးနဲ့ လောင်ကျွမ်းစေတယ်ဆိုတာ၊ မီးရဲ့ ပမာဏက လူတွေအားလုံးနဲ့ မြေပြင်မှာပေါက်တဲ့အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားတယ်။ ဆိုလိုတာကတော့ မိုးကောင်းကင်က ကျလာတဲ့ မီးဟာ မြို့ကို ဖျက်ဆီးရုံတင်မကဘဲ မြို့ထဲက လူအားလုံးနဲ့ အသက်ရှင်တဲ့အရာအားလုံးကိုလည်း ဖျက်ဆီးခဲ့တယ်။ အားလုံး ဘာတစ်ခုမှ မကျန်ရစ်ဘူး။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်တဲ့အရာ ဘာမှ မရှိတော့ဘူး။ သက်ရှိမရှိသလို ရှိတဲ့အရိပ်အယောင်လည်း မရှိပါဘူး။ မြို့ဟာ စွန့်ပစ်နယ်မြေဖြစ်လာပြီး တိတ်ဆိတ်မှုတွေနဲ့ ပြည့်နေတဲ့ ဘာမှမရှိတဲ့ နေရာဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းတဲ့လုပ်ရပ်တွေ ရှိမှာမဟုတ်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ သို့မဟုတ် သွေးစွန်းခြင်းတွေ ရှိမှာမဟုတ်တော့ဘူး။
|
Click & Join us封存檔
December 2019
All
|