ဘုရားနှုတ်ကပတ်တော် | နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်သည့် နောင်တရခြင်းကို ဘုရားသခင် မြင်သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်
ချေမှုန်းခံရခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ သို့သော်လည်း မည်ကဲ့သို့မျိုးနည်း။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ မည်သူက လုပ်နိုင်သနည်း။ လူသားအတွက်ကတော့ ဤလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ပေ။ ဤလူတို့က မိုက်မဲသူများမဟုတ်ပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် ဘာကိုဆိုလိုသည်ဆိုခြင်းကို သူတို့သိခဲ့သည်။ ဤသည်မှာ ဘုရားသခင်ဆီမှ လာသည်ဆိုသည်ကို သူတို့သိသည်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့မည်ဆိုသည်ကို သူတို့သိသည်။ သူတို့၏ဆိုးယုတ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးသည်၊ ထို့ကြောင့် မကြာခင်မှာ သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည် ဆိုသည်ကို သူတို့သိသည်။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နားထောင်ပြီးနောက် ဤမြို့မှာရှိသည့်လူတို့က မည်သို့ပြုမူခဲ့သနည်း။ သူတို့၏ဘုရင်မှ သာမန်လူအထိ ဤလူတို့ မည်သို့တုံ့ပြန်ခဲ့သည် ဆိုသည်ကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားသည်။ ကျမ်းစာမှာ ဖော်ပြထားသည့်အတိုင်း “ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။…”
0 Comments
ယောနဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တရားမျှတတဲ့ စွမ်းအား အားလုံးနဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးအတွက် အကွယ်အကာဖြစ်တယ် ဘုရားသခင်ရဲ့ မိန့်ကြားချက်၊ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေရဲ့ ဒီဥပမာတွေကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင်နားလည်နိုင်သလား။ အဆုံးမှာတော့ လူသားက ဘယ်လောက်နားလည်နိုင်တယ်ပဲ ဖြစ်ပါစေ ဒါဟာ ဘုရားသခင် ကိုယ်တိုင်ရဲ့ အတုမရှိတဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ပါပဲ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်ရဲ့ သည်းမခံခြင်းက သူ့ရဲ့ အထူးအနှစ်သာရတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူ့ရဲ့ အထူး စိတ်သဘောထားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်က သူ့ရဲ့အထူးအနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသနောက်က သဘောတရားဟာ သူသာလျှင်ပိုင်ဆိုင်တဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါတယ်။ ဒါဟာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အနှစ်သာရရဲ့ သင်္ကေတလည်းဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ အချိန်ကုန်တာနဲ့အမျှ ပြောင်းလဲခြင်း လုံးဝမရှိသလို တည်နေရာပြောင်းတဲ့အချိန်တိုင်းမှာလည်း မပြောင်းပါဘူး။ သူ့ရဲ့ပင်ကို စိတ်သဘောထားဟာ သူ့ရဲ့ မရှိမဖြစ် အနှစ်သာရဖြစ်ပါတယ်။ သူ့အလုပ်ကို ဘယ်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အနှစ်သာရဟာ မပြောင်းလဲပါဘူး။ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားလည်း မပြောင်းလဲပါဘူး။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ဒေါသထွက်စေတဲ့အခါမှာ သူထုတ်လွှတ်တဲ့အရာက သူ့ရဲ့ ပင်ကိုစိတ်သဘောထားဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဒေါသနောက်က သဘောတရားက မပြောင်းလဲသလို သူ့ရဲ့အတုမရှိတဲ့ ဝိသေသလက္ခဏာနဲ့ အခြေအနေကလည်း မပြောင်းလဲပါဘူး။ သူ့ရဲ့အနှစ်သာရက ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားဟာ မတူညီတဲ့ သဘောတရားတွေ ထုတ်တဲ့အတွက်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အပေါ် လူသားရဲ့ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါတယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်အတွက် သိပ်ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်တဲ့အခါ လူသားဟာ သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ့ရဲ့ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါမှာ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့အခါမှာ၊ အပြစ်တရားက သောင်းကျန်းတဲ့ အချိန်လည်းဖြစ်တဲ့ လူသားက ဘုရားသခင်ရဲ့ ဒေါသကို အဆက်မပြတ် စမ်းသပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အလိုအလျောက်ထုတ်ဖော်ပြီး သူ့ဘာသာ ထွက်ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့အမျက်ဒေါသအပေါ် ဘုရားသခင်ရဲ့ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးဟာ ပျောက်ကွယ်လိမ့်မယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ရန်ပြုတတ်တဲ့ အစွမ်းအားလုံးဟာ ဖျက်ဆီးခံရမယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိမှု၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အတုမရှိမှုဖြစ်တယ်။ ဘုရားသခင်ရဲ့ ဂုဏ်နဲ့ သန့်ရှင်းခြင်းကို စိန်ခေါ်ခံရတဲ့အခါမှာ တရားမျှတတဲ့ စွမ်းအားတွေဟာ ပိတ်ဆို့နေပြီး လူသားက မမြင်ရတဲ့အခါ ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို စေလွှတ်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်တဲ့ အစွမ်းအားလုံးဟာ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတတဲ့ အစွမ်းတွေပါပဲ။ သူတို့ဟာ စာတန်ဆီကလာပြီး စာတန်နဲ့ သက်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ တရားမျှတတဲ့အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန်ရှင်းတဲ့အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသ ထုတ်လွှတ်မှုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ ဖုံးကွယ်ထားပြီး လူသားက မသိနိုင်ပေမဲ့ အဲဒီအရာဟာ ထိပါးစော်ကားမှုကို သည်းမခံပါဘူ မိုက်မဲခြင်းအားလုံးနဲ့ အသိမဲ့တဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ဆက်ဆံမှုက သနားညှာတာမှုနဲ့ သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့အမျက်ဒေါသဟာ ကျယ်ပြန့်တဲ့ အချိန်နဲ့ အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါကို လူသားက မသိပါဘူး။ အကျိုးရလဒ်အနေနဲ့ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ့ရဲ့အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုပဲ လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အလေးမထားပါဘူး။ လူသားဟာ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုနဲ့ လူသားကို သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရတဲ့အခါ၊ ဆိုလိုတာက ဘုရားသခင်ရဲ့ နောက်ဆုံး သနားညှာတာမှုနဲ့ သူ့ရဲ့ နောက်ဆုံး သတိပေးချက်တို့က လူသားတွေဆီကို ရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ ဘာအားထုတ်မှုမှ မပြုလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ နည်းလမ်းတွေကို ပြင်ဆင်ခြင်း သို့မဟုတ် သူ့ရဲ့ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့သည်းခံမှုနဲ့ စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြန်ရုတ်သိမ်းတာဟာ ဒီအချိန်ဖြစ်ပါတယ်။ ဒါအပြီးမှာ သူ့ရဲ့အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မယ်။ သူ့ရဲ့ အမျက်ဒေါသကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနိုင်တယ်။ လူတွေကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီတဲ့ နည်းလမ်းတွေကို သူအသုံးပြုနိုင်သလိုပေါ့။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်အပေါ် သောဒုံမြို့ရဲ့ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနဲ့ ရန်လိုခြင်းတွေပြီးနောက်မှာ သူဟာ မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးတယ် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် အကြမ်းဖျင်းနားလည်မှုရှိပြီးတာနဲ့ အပြစ်တရားရဲ့မြို့အနေနဲ့ ဘုရားသခင်မြင်ခဲ့တဲ့ သောဒုံမြို့ကို ငါတို့ ပြန်ပြီး အာရုံစိုက်လို့ရပါတယ်။ ဒီမြို့ရဲ့ အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဘာကြောင့် ဒီမြို့ကို ဖျက်ဆီးချင်တယ်ဆိုတာနဲ့ ဘာကြောင့် သူလုံးဝအကုန် ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။ ဒီအချက်ကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိလာနိုင်တယ်။
ဘုရားနှုတ်ကပတ်တော် | သောဒုံမြို့ဟာ ဘုရားသခင်ရဲ့ အမျက်တော်ကို ထိခိုက်တဲ့အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာတယ် သောဒုံမြို့က လူတွေဟာ ဒီအစေခံနှစ်ယောက်ကို မြင်တဲ့အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြသလို ဘုရားသခင်ရဲ့ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ကြတာလားဆိုတာကိုလည်း မမေးခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဆူပူသောင်းကျန်းတဲ့လူအုပ်ကြီးဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲနဲ့ ဒီအစေခံနှစ်ယောက်ကို ခွေးရိုင်းတွေ သို့မဟုတ် ကြမ်းတမ်းရက်စက်တဲ့ ဝံပုလွေတွေလို အမိဖမ်းဖို့ ရောက်လာခဲ့ကြတယ်။ ဘုရားသခင်က ဒါတွေ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့သလား။ ဒီလို လူသားအပြုအမူ၊ ဒီလိုအရာမျိုးနဲ့ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ ဘာတွေစဉ်းစားနေခဲ့သလဲ။ ဘုရားသခင်က ဒီမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက တွန့်ဆုတ်တာ သို့မဟုတ် စောင့်နေတာမျိုး လုပ်မှာမဟုတ်သလို ဆက်ပြီးစိတ်ရှည်သည်းခံနေမှာလဲ မဟုတ်ဘူး။ သူ့ရဲ့နေ့ရက်က ရောက်လာပြီ။ ဒါကြောင့် သူလုပ်ချင်တဲ့ အလုပ်ကို ပြင်ဆင်တယ်။ ဒါကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားတယ်။ “ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။” ဒီကျမ်းပိုဒ်နှစ်ပိုဒ်က ဒီမြို့ကို ဘုရားသခင်ဖျက်ဆီးတဲ့ နည်းလမ်းကို လူတွေကိုပြောပြတယ်။ ဘုရားသခင်က ဘာကို ဖျက်ဆီးတယ်ဆိုတာကိုလည်း လူတွေကို ပြောပြပါတယ်။ ပထမဆုံး ဘုရားသခင်က ဒီမြို့ကို မီးနဲ့ လောင်ကျွမ်းစေတယ်ဆိုတာ၊ မီးရဲ့ ပမာဏက လူတွေအားလုံးနဲ့ မြေပြင်မှာပေါက်တဲ့အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားတယ်။ ဆိုလိုတာကတော့ မိုးကောင်းကင်က ကျလာတဲ့ မီးဟာ မြို့ကို ဖျက်ဆီးရုံတင်မကဘဲ မြို့ထဲက လူအားလုံးနဲ့ အသက်ရှင်တဲ့အရာအားလုံးကိုလည်း ဖျက်ဆီးခဲ့တယ်။ အားလုံး ဘာတစ်ခုမှ မကျန်ရစ်ဘူး။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်တဲ့အရာ ဘာမှ မရှိတော့ဘူး။ သက်ရှိမရှိသလို ရှိတဲ့အရိပ်အယောင်လည်း မရှိပါဘူး။ မြို့ဟာ စွန့်ပစ်နယ်မြေဖြစ်လာပြီး တိတ်ဆိတ်မှုတွေနဲ့ ပြည့်နေတဲ့ ဘာမှမရှိတဲ့ နေရာဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းတဲ့လုပ်ရပ်တွေ ရှိမှာမဟုတ်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ သို့မဟုတ် သွေးစွန်းခြင်းတွေ ရှိမှာမဟုတ်တော့ဘူး။
ကမ္ဘာ ၁၈:၂၆ ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူ ငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၀ တဖန်တုံ … ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၁ တဖန်တုံ … ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၂ … ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ |
Click & Join us封存檔
December 2019
All
|