ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ ဖုံးကွယ်ထားပြီး လူသားက မသိနိုင်ပေမဲ့ အဲဒီအရာဟာ ထိပါးစော်ကားမှုကို သည်းမခံပါဘူ မိုက်မဲခြင်းအားလုံးနဲ့ အသိမဲ့တဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ဆက်ဆံမှုက သနားညှာတာမှုနဲ့ သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့အမျက်ဒေါသဟာ ကျယ်ပြန့်တဲ့ အချိန်နဲ့ အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါကို လူသားက မသိပါဘူး။ အကျိုးရလဒ်အနေနဲ့ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ့ရဲ့အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုပဲ လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အလေးမထားပါဘူး။ လူသားဟာ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုနဲ့ လူသားကို သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရတဲ့အခါ၊ ဆိုလိုတာက ဘုရားသခင်ရဲ့ နောက်ဆုံး သနားညှာတာမှုနဲ့ သူ့ရဲ့ နောက်ဆုံး သတိပေးချက်တို့က လူသားတွေဆီကို ရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ ဘာအားထုတ်မှုမှ မပြုလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ နည်းလမ်းတွေကို ပြင်ဆင်ခြင်း သို့မဟုတ် သူ့ရဲ့ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့သည်းခံမှုနဲ့ စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြန်ရုတ်သိမ်းတာဟာ ဒီအချိန်ဖြစ်ပါတယ်။ ဒါအပြီးမှာ သူ့ရဲ့အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မယ်။ သူ့ရဲ့ အမျက်ဒေါသကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနိုင်တယ်။ လူတွေကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီတဲ့ နည်းလမ်းတွေကို သူအသုံးပြုနိုင်သလိုပေါ့။
0 Comments
|
Click & Join us封存檔
December 2019
All
|