ယေဟောဝါဘုရားသခင်နှင့် ယောနကြားက ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သည့် ခံစားချက် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် သူ့အုပ်ချုပ်မှုအောက်မှာရှိသည့် ဖန်ဆင်းခံအားလုံးအပေါ် ဖန်ဆင်းရှင်၏နားလည်မှုကို လူတို့အား သိစေပါသည်။ ယေဟောဝါဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” တစ်နည်းပြောရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ နားလည်မှုသည် သာမန်ကာလျှံကာ နားလည်မှုမျိုးထက် အများကြီးကွာပါသည်။ မြို့ထဲမှာရှိသည့် သက်ရှိများ၏ အရေအတွက်ကို သိရုံတင်မကဘဲ (လူများနှင့် မွေးမြူရေးတိရစ္ဆာန်များအပါအဝင်) လူဘယ်နှစ်ယောက်က သူတို့၏ ညာဘက်နှင့်ဘယ်ဘက်ကို မခွဲခြားတတ်ဘူးဆိုသည်ကိုလည်း သိပါသည်။ ဆိုလိုသည်မှာ ကလေးများနှင့် လူငယ်များ ဘယ်နှစ်ယောက်ရှိသည် ဆိုသည်ကို သိခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အလွန်ကောင်းသည့် နားလည်ခြင်းအတွက် တိကျသည့် သက်သေပင် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထားကို လူတို့အား သိစေပါသည်။ ဖန်ဆင်းရှင်၏ နှလုံးသားထဲမှာ လူသားမျိုးနွယ်၏ အရေးပါမှုကို ဆိုလိုပါသည်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော …” ၎င်းတို့က ယေဟောဝါ ဘုရားသခင်က ယောနကို အပြစ်တင်သည့် စကားလုံးများဖြစ်သော်လည်း အားလုံးက မှန်ကန်ပါသည်။
0 Comments
ဘုရားသခင်ကို သိဖို့က လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ဘူးဟု လူတို့က မကြာခဏပြောကြသည်။ သို့သော်လည်း ဘုရားသခင်ကို သိဖို့က လုံးဝ ခက်ခဲသည့် ကိစ္စမဟုတ်ဘူးဟု ငါပြောမည်။ ဘုရားသခင်က လူသားကို သူ၏လုပ်ဆောင်ချက်များကို မကြာခဏ မြင်တွေ့ခွင့်ပေးသည့်အတွက်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ပြောဆိုခြင်းတို့ကို ဘယ်တော့မှ မရပ်တန့်ပေ။ သူသည် လူသားဆီမှ သူ့ကိုယ်သူ တစ်ခါမှ မဖုံးကွယ်သကဲ့သို့ သူ့ကိုယ်သူ ပုန်းကွယ်နေခြင်းမျိုးလည်း မလုပ်ပေ။ သူ့အတွေးများ၊ သူ့စိတ်ကူးများ၊ သူ့စကားလုံးများနှင့် သူ၏လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်အပေါ် ထုတ်ဖော်ပြပါသည်။ ထို့ကြောင့် လူသားက ဘုရားသခင်ကို သိချင်နေသမျှ အကြောင်းအရာ၊ နည်းလမ်းပေါင်းစုံမှတစ်ဆင့် သူ့ကို သိပြီး နားလည်လာနိုင်ပါသည်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ရှောင်ဖယ်နေသည်၊ ဘုရားသခင်က လူသားမျိုးနွယ်ဆီမှ တမင်သက်သက် ပုန်းကွယ်နေသည်၊ ဘုရားသခင်က လူသားအား သူ့ကို သိပြီး နားလည်လာဖို့ အခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဟု လူသားက မျက်ကန်းတောတိုး ထင်ရသည့်အကြောင်းက ဘုရားသခင်က မည်သူနည်းဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်ကိုလည်း သူနားလည်ချင်သည့် ဆန္ဒမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ တဖန် သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များကိုလည်း အရေးစိုက်ခြင်းမရှိပေ။ အမှန်အတိုင်းပြောရလျှင် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ဖို့၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသားထဲကအသံကို နည်းနည်းအာရုံစိုက်ဖို့ သူတို့၏အားလပ်ချိန်များကိုသာ အသုံးပြုလိုက်လျှင် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် သိမြင်နိုင်ပြီး ထင်ရှားသည်ဆိုသည်ကို သိမြင်ဖို့ သူတို့အတွက် ခက်ခဲမှာမဟုတ်ပေ။ ဤကဲ့သို့ပင် ဖန်ဆင်းရှင်က လူသား၏ကြားမှာ အချိန်ပြည့်ရှိပုံ၊ သူသည် လူသားနှင့် ဖန်ဆင်းခံများ၏ အလုံးစုံနှင့် အမြဲတမ်း စကားပြောပုံ၊ နေ့စဉ် လုပ်ဆောင်ချက်အသစ်များကို သူဆောင်ရွက်နေပုံကို သိမြင်ဖို့ အားထုတ်မှု အနည်းငယ်ပဲ လိုပါသည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို လူသားနှင့်ပြောသည့် သူ၏စကားများမှာ ဖော်ပြပါသည်။ သူ့အတွေးများနှင့် စိတ်ကူးများသည် သူ့လုပ်ဆောင်မှုများ၌ လုံးဝ ထုတ်ဖော်ပြထားပါသည်။ သူသည် လူသားမျိုးနွယ်ကို အချိန်ပြည့် အဖော်ပြုလုပ်ပြီး လေ့လာကြည့်ရှုပါသည်။ သူ၏ တိတ်ဆိတ်သည့် နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းခံအားလုံးကို သူတိတ်ဆိတ်စွာ စကားပြောပါသည်။ ငါသည် ကောင်းကင်ဘုံမှာရှိသည်။ ငါသည် ငါ၏ဖန်ဆင်းခံများကြားမှာရှိသည်။ ငါစောင့်ကြည့်နေသည်။ ငါစောင့်ဆိုင်းနေသည်။ ငါက သင့်ဘေးမှာရှိသည်။ သူ့လက်များက နွေးထွေးပြီး သန်မာသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးသည်။ သူ့အသံသည် နူးညံ့ပြီး ကျက်သရေရှိသည်။ သူ၏ပုံသဏ္ဌာန်သည် လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သန်း လှည့်လည်သွားလာသည်။ သူ၏မျက်နှာသည် လှပပြီး သိမ်မွေ့သည်။ သူသည် ဘယ်တော့မှ ထွက်ခွာမသွားသလို ပျောက်ကွယ်မသွားပေ။ နေ့ညဉ့်မပြတ်၊ သူသည် လူသားမျိုးနွယ်၏ အမြဲတမ်း အဖော်တစ်ယောက်ဖြစ်သည်။ နိနေဝေမြို့ကို သူကယ်တင်ခဲ့သည့်အခါမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိတ်နှစ်မြှုပ်ထားသည့် ဂရုစိုက်မှုနှင့် အထူးချစ်ခင်မှု၊ လူသားအတွက် သူ၏စစ်မှန်သည့် အလေးထားမှုနှင့် ချစ်ခြင်းတို့ကို နည်းနည်းချင်းစီ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ခွန်းတုံ့ဖလှယ်မှုသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားမှုကို ပိုပြီးဖွင့်ပြပါသည်။ ဤစကားလုံးများကတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားဖြူစင်သည့် ခံစားချက်အပေါ် လေးနက်သည့် နားလည်မှုကို သင်ရရှိနိုင်ပါသည်။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည် နိနေဝေ၏လူတို့အပေါ် သူ၏ရည်ရွယ်ချက်ကို ဘုရားသခင် ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်တို့၌ ဘယ်တော့မှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ သူ့လုပ်ရပ်များနောက်က သဘောတရားများနှင့် ရည်ရွယ်ချက်များက ရှင်းလင်းပြီး ကြည်လင်သည်၊ သန့်စင်ပြီး အပြစ်အနာအဆာကင်းမဲ့ပါသည်။ အတွင်း၌ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ရောထွေးနေခြင်း လုံးဝ မရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးယုတ်သည့်အပြုအမူများက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့ပါသည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်ပါသည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေ၏လူတို့အပေါ် နောက်တစ်ကြိမ်ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပဲ ဖြစ်နေပါသေးသည်။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်းမှာ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးယုတ်သည့် အပြုအမူများကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါမှာ သူ့ဒေါသကို သူတို့အပေါ် သယ်ဆောင်လာပါလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမှာဖြစ်ပြီး သူ့ဒေါသသည် ရပ်တန့်သွားပါလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီး ဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်တန့်မှာမဟုတ်ပေ။ သူ၏အမျက်ဒေါသသည် သူတို့ဖျက်ဆီးခံရသည့်အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမှာဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အနှစ်သာရဖြစ်ပါသည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုကို ဖော်ပြသည်ဖြစ်စေ လူသား၏နှလုံးသားအတွင်းမှာ ဘုရားသခင်အပေါ် သူ၏ အပြုအမူနှင့် သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှတစ်ဆင့် ဖော်ပြသည့်အရာကို သတ်မှတ်ပါသည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် သံသယဖြစ်နေစရာမလိုဘဲ ဘုရားသခင်ကို ဆန့်ကျင်ပါသည်။ သူက တစ်ခါမှ အမှန်တကယ် နောင်တရခြင်းမရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ သူဦးမညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်မှု မပိုင်ဆိုင်ခြင်းတို့ကြောင့် သူသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို တစ်ခါမှ မရရှိပေ။ ဘုရားသခင်၏ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို မကြာခဏလက်ခံရရှိလျှင် ဤလူသည် သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်ကို မဆန့်ကျင်ဘူးဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူသည် ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်မှာ ဆင်းသက်လျှင်တောင် သူ၏အမျက်ဒေါသ ကျရောက်မှာမဟုတ်ပေ။
ယောနဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တရားမျှတတဲ့ စွမ်းအား အားလုံးနဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးအတွက် အကွယ်အကာဖြစ်တယ် ဘုရားသခင်ရဲ့ မိန့်ကြားချက်၊ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေရဲ့ ဒီဥပမာတွေကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင်နားလည်နိုင်သလား။ အဆုံးမှာတော့ လူသားက ဘယ်လောက်နားလည်နိုင်တယ်ပဲ ဖြစ်ပါစေ ဒါဟာ ဘုရားသခင် ကိုယ်တိုင်ရဲ့ အတုမရှိတဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ပါပဲ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်ရဲ့ သည်းမခံခြင်းက သူ့ရဲ့ အထူးအနှစ်သာရတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူ့ရဲ့ အထူး စိတ်သဘောထားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်က သူ့ရဲ့အထူးအနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသနောက်က သဘောတရားဟာ သူသာလျှင်ပိုင်ဆိုင်တဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါတယ်။ ဒါဟာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အနှစ်သာရရဲ့ သင်္ကေတလည်းဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ အချိန်ကုန်တာနဲ့အမျှ ပြောင်းလဲခြင်း လုံးဝမရှိသလို တည်နေရာပြောင်းတဲ့အချိန်တိုင်းမှာလည်း မပြောင်းပါဘူး။ သူ့ရဲ့ပင်ကို စိတ်သဘောထားဟာ သူ့ရဲ့ မရှိမဖြစ် အနှစ်သာရဖြစ်ပါတယ်။ သူ့အလုပ်ကို ဘယ်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အနှစ်သာရဟာ မပြောင်းလဲပါဘူး။ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားလည်း မပြောင်းလဲပါဘူး။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ဒေါသထွက်စေတဲ့အခါမှာ သူထုတ်လွှတ်တဲ့အရာက သူ့ရဲ့ ပင်ကိုစိတ်သဘောထားဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဒေါသနောက်က သဘောတရားက မပြောင်းလဲသလို သူ့ရဲ့အတုမရှိတဲ့ ဝိသေသလက္ခဏာနဲ့ အခြေအနေကလည်း မပြောင်းလဲပါဘူး။ သူ့ရဲ့အနှစ်သာရက ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားဟာ မတူညီတဲ့ သဘောတရားတွေ ထုတ်တဲ့အတွက်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အပေါ် လူသားရဲ့ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါတယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်အတွက် သိပ်ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်တဲ့အခါ လူသားဟာ သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ့ရဲ့ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါမှာ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့အခါမှာ၊ အပြစ်တရားက သောင်းကျန်းတဲ့ အချိန်လည်းဖြစ်တဲ့ လူသားက ဘုရားသခင်ရဲ့ ဒေါသကို အဆက်မပြတ် စမ်းသပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အလိုအလျောက်ထုတ်ဖော်ပြီး သူ့ဘာသာ ထွက်ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့အမျက်ဒေါသအပေါ် ဘုရားသခင်ရဲ့ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးဟာ ပျောက်ကွယ်လိမ့်မယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ရန်ပြုတတ်တဲ့ အစွမ်းအားလုံးဟာ ဖျက်ဆီးခံရမယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိမှု၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အတုမရှိမှုဖြစ်တယ်။ ဘုရားသခင်ရဲ့ ဂုဏ်နဲ့ သန့်ရှင်းခြင်းကို စိန်ခေါ်ခံရတဲ့အခါမှာ တရားမျှတတဲ့ စွမ်းအားတွေဟာ ပိတ်ဆို့နေပြီး လူသားက မမြင်ရတဲ့အခါ ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို စေလွှတ်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်တဲ့ အစွမ်းအားလုံးဟာ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတတဲ့ အစွမ်းတွေပါပဲ။ သူတို့ဟာ စာတန်ဆီကလာပြီး စာတန်နဲ့ သက်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ တရားမျှတတဲ့အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန်ရှင်းတဲ့အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသ ထုတ်လွှတ်မှုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။
ကမ္ဘာ ၁၈:၂၆ ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူ ငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၀ တဖန်တုံ … ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၁ တဖန်တုံ … ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။ ကမ္ဘာ ၁၈:၃၂ … ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ |
Click & Join us封存檔
December 2019
All
|