ယေဟောဝါဘုရားသခင်နှင့် ယောနကြားက ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သည့် ခံစားချက် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် သူ့အုပ်ချုပ်မှုအောက်မှာရှိသည့် ဖန်ဆင်းခံအားလုံးအပေါ် ဖန်ဆင်းရှင်၏နားလည်မှုကို လူတို့အား သိစေပါသည်။ ယေဟောဝါဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” တစ်နည်းပြောရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ နားလည်မှုသည် သာမန်ကာလျှံကာ နားလည်မှုမျိုးထက် အများကြီးကွာပါသည်။ မြို့ထဲမှာရှိသည့် သက်ရှိများ၏ အရေအတွက်ကို သိရုံတင်မကဘဲ (လူများနှင့် မွေးမြူရေးတိရစ္ဆာန်များအပါအဝင်) လူဘယ်နှစ်ယောက်က သူတို့၏ ညာဘက်နှင့်ဘယ်ဘက်ကို မခွဲခြားတတ်ဘူးဆိုသည်ကိုလည်း သိပါသည်။ ဆိုလိုသည်မှာ ကလေးများနှင့် လူငယ်များ ဘယ်နှစ်ယောက်ရှိသည် ဆိုသည်ကို သိခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အလွန်ကောင်းသည့် နားလည်ခြင်းအတွက် တိကျသည့် သက်သေပင် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထားကို လူတို့အား သိစေပါသည်။ ဖန်ဆင်းရှင်၏ နှလုံးသားထဲမှာ လူသားမျိုးနွယ်၏ အရေးပါမှုကို ဆိုလိုပါသည်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော …” ၎င်းတို့က ယေဟောဝါ ဘုရားသခင်က ယောနကို အပြစ်တင်သည့် စကားလုံးများဖြစ်သော်လည်း အားလုံးက မှန်ကန်ပါသည်။
0 Comments
|
Click & Join us封存檔
December 2019
All
|